Connect with us

Hi, what are you looking for?

သတင်း

အီးဒ်ပွဲတော် အထိမ်းအမှတ်နေ့သို့ NUGနှင့် CRPH သဝဏ်လွှာပေးပို့

လက်ရှိကာလသည် လူမျိုး၊ ဘာသာ မတူကွဲပြားမှုကို တန်ဖိုးထားသည့် ငြိမ်းချမ်းသာယာသော နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်ရန် ကြိုးပမ်းနေကြသည့်အချိန် ဖြစ်ကြောင်း အသိပေးဖော်ပြသည်။

(ယနေ့ ဇွန်လ၂၉ ရက်တွင် ကျရောက်သော အစ္စလာမ်ဘာသာဝင်များ၏ အီဒုလ်အဿွဟာ ကုရ်ဘာနီအီးဒ်နေ့၌ ရန်ကုန်မြို့ ၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ တခြမ်းပဲ့ဗလီမှ မြင်ကွင်းများအား တွေ့ရစဥ်။ ဒီဓာတ်ပုံ - CJ)
(ယနေ့ ဇွန်လ၂၉ ရက်တွင် ကျရောက်သော အစ္စလာမ်ဘာသာဝင်များ၏ အီဒုလ်အဿွဟာ ကုရ်ဘာနီအီးဒ်နေ့၌ ရန်ကုန်မြို့ ၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ တခြမ်းပဲ့ဗလီမှ မြင်ကွင်းများအား တွေ့ရစဥ်။ ဒီဓာတ်ပုံ - CJ)

▪️ပြည်ထောင်စုတည်ဆောက်ရေး အစ္စလာမ်ဘာသာဝင်များ ပါဝင်နေခြင်းအား ဂုဏ်ယူကြောင်း ဖော်ပြ

▪️လူမျိုး၊ ဘာသာ မတူကွဲပြားမှုကို တန်ဖိုးထားသည့် နိုင်ငံသစ်အတွက် ကြိုးပမ်းနေဟု အသိပေး

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့က အစ္စလာမ်ဘာသာဝင်များ၏ အီးဒ်ပွဲတော် အထိမ်းအမှတ်နေ့သို့ သဝဏ်လွှာပေးပို့ခဲ့ပြီး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၌ ကျရာကဏ္ဍမှ ပါဝင်နေခြင်းအား ဂုဏ်ယူကြောင်း ဖော်ပြခဲ့သည်။

ယနေ့အချိန်အခါ၌ စစ်အာဏာရှင်တစ်စုသည် လက်နက်ဖြင့် တိုင်းပြည်အားထိန်းချုပ်ထားနိုင်ရန်အတွက် လူမဆန်သော အကြမ်းဖက်မှုများကို စနစ်တကျလုပ်ဆောင်နေ၍ ပြည်သူလူထုအားလုံးသည် ဆင်းရဲဒုက္ခများစွာဖြင့် အခက်အခဲအမျိုးမျိုးကို ရင်ဆိုင်နေကြရကြောင်း CRPHက ဆိုသည်။

လက်ရှိကာလသည် လူမျိုး၊ ဘာသာ မတူကွဲပြားမှုကို တန်ဖိုးထားသည့် ငြိမ်းချမ်းသာယာသော နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်ရန် ကြိုးပမ်းနေကြသည့်အချိန် ဖြစ်ကြောင်း အသိပေးဖော်ပြသည်။

(ယနေ့ ဇွန်လ၂၉ ရက်တွင် ကျရောက်သော အစ္စလာမ်ဘာသာဝင်များ၏ အီဒုလ်အဿွဟာ ကုရ်ဘာနီအီးဒ်နေ့၌ ရန်ကုန်မြို့ ၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ တခြမ်းပဲ့ဗလီမှ မြင်ကွင်းများအား တွေ့ရစဥ်။ ဒီဓာတ်ပုံ - CJ)
(ယနေ့ ဇွန်လ၂၉ ရက်တွင် ကျရောက်သော အစ္စလာမ်ဘာသာဝင်များ၏ အီဒုလ်အဿွဟာ ကုရ်ဘာနီအီးဒ်နေ့၌ ရန်ကုန်မြို့ ၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ တခြမ်းပဲ့ဗလီမှ မြင်ကွင်းများအား တွေ့ရစဥ်။ ဒီဓာတ်ပုံ – CJ)

နွေဦးတော်လှန်ရေးသည် နိုင်ငံအတွင်းရှိ ဘာသာပေါင်းစုံ၊ လူမျိုးအသီးသီးက မတူကွဲပြား မှုကို စုစည်းပြီး ခိုင်မာသောအင်အားအဖြစ် တည်ဆောက်ကာ ပိုမိုလွတ်လပ်၍ တည်ငြိမ်အေးချမ်း သော ဒီမိုကရေစီလူမှုအသိုက်အဝန်းတစ်ရပ်ကို တည်ဆောက်နိုင်ရေးအတွက် ကျရာကဏ္ဍ အသီး သီးတွင် ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ထုတ်ရေး ပူးပေါင်း ဆောင်ရွက်နေကြောင်း CRPHက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ကြုံတွေ့နေရသော အခက်အခဲ၊ စိန်ခေါ်မှုများကို ပြည်တွင်း၊ ပြည်ပရှိ အစ္စလာမ်ဘာသာဝင်များကလည်း လက်တွဲရင်ဆိုင်ဖြေရှင်းကာ အတူလျှောက်လှမ်းနေကြသည့်အတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြထားသည်။

အရောင်အသွေးစုံလင်သည့် အနာဂတ်မြန်မာနိုင်ငံတော်သစ်ကို ပိုမို စည်းလုံးညီညွတ်မှုများဖြင့် အတူတကွ ရှေ့ဆက်၍ လက်တွဲကြိုးပမ်းဆောင်ရွက်သွားကြရန်လည်း CRPHက တိုက်တွန်းထားသည်။

(ယနေ့ ဇွန်လ၂၉ ရက်တွင် ကျရောက်သော အစ္စလာမ်ဘာသာဝင်များ၏ အီဒုလ်အဿွဟာ ကုရ်ဘာနီအီးဒ်နေ့၌ ရန်ကုန်မြို့ ၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ တခြမ်းပဲ့ဗလီမှ မြင်ကွင်းများအား တွေ့ရစဥ်။ ဒီဓာတ်ပုံ - CJ)
(ယနေ့ ဇွန်လ၂၉ ရက်တွင် ကျရောက်သော အစ္စလာမ်ဘာသာဝင်များ၏ အီဒုလ်အဿွဟာ ကုရ်ဘာနီအီးဒ်နေ့၌ ရန်ကုန်မြို့ ၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ တခြမ်းပဲ့ဗလီမှ မြင်ကွင်းများအား တွေ့ရစဥ်။ ဒီဓာတ်ပုံ – CJ)

NUG၏ သဝဏ်လွှာတွင်လည်း အကြမ်းဖက်ရန်လိုနေသည့် စစ်တပ်အား မြန်မာနိုင်ငံသူ၊နိုင်ငံသား ပြည်သူတစ်ရပ်လုံးက နည်းမျိုးစုံဖြင့် တော်လှန်တိုက်ပွဲ ဝင်လျက်ရှိနေပြီး ပြည်သူ့အင်အားဖြင့် ဆောင်ရွက်နေသည့် တော်လှန်ရေးမှာ အားရစရာ အခြေအနေတစ်ရပ်သို့ ရောက်ရှိနေပြီးဖြစ်ကြောင်း အသိပေးသည်။

မြန်မာနိုင်ငံသူ၊နိုင်ငံသား အစ္စလာမ်ဘာသာဝင်အပေါင်းတို့မှာလည်း ကျရာကဏ္ဍကနေ အမိမြန်မာနိုင်ငံ တော်ကြီးအား ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကဏ္ဍ တွင်ပါဝင်နေကြောင်း သိရှိရ၍ ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူရပါကြောင်း ပြောကြားခဲ့ပြီး စစ်အာဏာရှင်စနစ် အပြီးတိုင်ဖျက်သိမ်းရေးနှင့် လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ခွင့်တူညီမျှသည့် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို ပြည်သူတစ်ရပ်လုံး နှင့်အတူလက်တွဲကာ အကောင်အထည်ဖော်သွားမည်ဟု NUGက အသိပေးခဲ့သည်။

“အီဒုလ်အသွဟာ” ကုရ်ဘာနီစွန့်လွှတ်လှူဒါန်းမှု အိးဒ်ပွဲတော်နေ့တွင် အစ္စလာမ် ဘာသာဝင်အပေါင်း ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာကြပါစေကြောင်းနှင့် ဘေးအန္တရာယ် အပေါင်းမှ ကင်းဝေကြပါစေဟုလည်း NUGက သဝဏ်လွှာပေးပို့ ဆုတောင်းမေတ္တာပို့သခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။

Facebook