Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးတွင် စစ်ကောင်စီတပ်စစ်ကြောင်းကို နှစ်ရက်ဆက် တိုက်ခိုက်

စစ်ဆင်ရေးကို BLACK WOLF – ARMY နှင့် WHO AM I – ARMY ၊ FOREST FIGHTER – ARMY ၊ ခင်ဦးမြို့နယ်တော်လှန်ရေး အင်အားစုများတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

(စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသောခင်ဦးနယ်မှ ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသောခင်ဦးနယ်မှ ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

▪️စစ်ကောင်စီတပ်ပစ်ခတ်နေ၍ ဒေသခံအချို့ ထိခိုက်မှုများရှိနေ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းကို နှစ်ရက်ဆက်ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ပြီး ၎င်းတို့ကစစ်ကြောင်းထိုးပစ်ခတ်နေ၍ ဒေသခံအချို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဇွန်လ ၂၇ ရက်နှင့် ၂၈ ရက်က ခင်ဦးမြို့နယ်အတွင်းသို့ စစ်ကြောင်းတစ်ခုလျှင် အင်အား ၆၀ခန့်ပါ စစ်ကြောင်း နှစ်ခုဝင်ရောက်လာ၍ ဒရုန်းဖြင့် ဗုံးသီး လေးလုံးချတိုက်ခိုက်ခဲ့ကြောင်း BLACK WOLF – ARMYအဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ငါးဦး သေဆုံးသည်ဟု BLACK WOLF – ARMYက ဆိုသည်။

စစ်ဆင်ရေးကို BLACK WOLF – ARMY နှင့် WHO AM I – ARMY ၊ FOREST FIGHTER – ARMY ၊ ခင်ဦးမြို့နယ်တော်လှန်ရေး အင်အားစုများတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

“ကန့်ဘလူဘက်က ထိုးလာတဲ့စစ်ကြောင်းကို တိုက်တာ။ စစ်ကြောင်းနောက်လိုက်ပြီး ချတယ်ပြောတယ်။”ဟု ဒေသတွင်းတော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ယနေ့ (ဇူလိုင် ၂ ရက်)နံနက် ၆နာရီခန့်က ခင်ဦးမြို့နယ်၊ အင်းပတ်ကွေ့ရှိ စစ်ကောင်စီတပ်နှင့်ရွာသစ်ကုန်းမှပျူစောထီးများ ပါဝင်သော အင်အား ၃၀ခန့်ပါ စစ်ကြောင်းသည် အောင်ချမ်းသာကျေးရွာသို့ လက်နက်ကြီးငယ် ပစ်ခတ်ကာ ဝင်ရောက်ခဲ့သည်။

ပစ်ခတ်မှုကြောင့် (၆၁)နှစ်အရွယ် ဦးသန်းဝင်းဆိုသူ ပေါင်ကျည်ထိမှန်ခဲ့ပြီး ဒေသခံတစ်ဦးလည်း လက်နက်ကြီးစထိမှန်ခဲ့ကြောင်း၊ ၎င်းတို့အား ဆေးကုသမှုပေးနေကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

“အင်းပတ်နဲ့ချမ်းသာကြီးကြားမှာပစ်တာ။ ပြည်သူတစ်ဦးကို ပေါင်ကိုတေ့ပစ်သွားတယ်။ နွားတွေလည်းသေဆုံးမှုရှိတယ်။ နွား နှစ်ကောင်သေဆုံးပြီး ငါးကောင်လောက်ဒဏ်ရာရတယ်။”ဟု Khin U Special Force Organization အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့အပြင် ယင်းစစ်ကြောင်းမှာပြန်လည်ဆုတ်ခွာသွားချိန်တွင် ဒေသခံများ၏နေအိမ်များမှ စားနပ်ရိက္ခာများ ခိုးယူသွားကြောင်းသိရသည်။

အလားတူ ခင်ဦးနယ်မြောက်ခြမ်းရှိ အိုက်ပေါက်ကြီးကျေးရွာကိုလည်း အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခု ပစ်ခတ်ဝင်ရောက်နေသည်။

ထို့ကြောင့် ခင်ဦးမြို့နယ် အနောက်တောင်ခြမ်းနှင့် မြောက်ခြမ်းမှ ဒေသခံ ၄,၀၀၀ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။