Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်တွင် စစ်ကောင်စီကလေကြောင်းမှဗုံးကြဲ၍ကလေးငယ်အပါအဝင် အမျိုးသမီး သုံးဦးသေဆုံး

မရှိန်းလှော်ကျေးရွာအုပ်စု၊ဝုမ်းခုမ်ရွာကို ဇူလိုင် ၈ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်​ကြောင်းချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဟု CDF- Mindat တာဝန်ရှိသူတစ်ဦးကပြောသည်။

(​စစ်တပ်ကလေ​ကြောင်းမှဗုံးကြဲ တိုက်ခိုက်မှူကြာင့် အပျက်အစီးများကို​တွေ့ရစဥ် ။ဓါတ်ပုံ-မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)
(​စစ်တပ်ကလေ​ကြောင်းမှဗုံးကြဲ တိုက်ခိုက်မှူကြာင့် အပျက်အစီးများကို​တွေ့ရစဥ် ။ဓါတ်ပုံ-မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

“ကလေးတွေကျောင်းပိတ်ရက်မို့လို့ရယ်၊ ‌ဒေသခံတွေကတောင်ယာကိုသွားနေလို့ ဒီလောက်ပဲထိခိုက်တာ။မဟုတ်ရင် တော်တော်ကို အထိအခိုက်များမှာ”-​ဒေသခံတစ်ဦး

မင်းတပ်မြို့နယ်၊ ဝုမ်းခုမ်ရွာကို စစ်ကောင်စီတပ်က ယ​နေ့လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ရာ အသက်ရှစ်နှစ်အရွယ်ကလေးငယ်အပါအဝင်အမျိုးသမီး သုံးဦး သေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။

မရှိန်းလှော်ကျေးရွာအုပ်စု၊ဝုမ်းခုမ်ရွာကို ဇူလိုင် ၈ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်​ကြောင်းချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဟု CDF- Mindat တာဝန်ရှိသူတစ်ဦးကပြောသည်။

ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးနှစ်လုံးကျဲချပြီး မင်းတပ်မြို့ပေါ်ရှိ ခလရ (၂၇၄)ကလဘ်းလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခဲ့ခြင်းကြောင့် ယခုလိုသေဆုံးရခြင်းဖြစ်သည်ဟု ဒေသခံအချို့ကလည်းပြောသည်။

ထိုတိုက်ခိုက်မှုကြောင့် အသက် ၈နှစ်အရွယ်ကလေးငယ်တစ်ဦး ၊ အသက် ၂၈ နှစ်အရွယ်ရှိ နို့တိုက်ကလေးမိခင်တစ်ဦး နှင့် အသက် ၆၀ ခန့်အရွယ်အမျိုးသမီး၊ စုစုပေါင်း သုံးဦးသေဆုံးခဲ့သည်ဟု ၎င်းကပြောသည်။

Public Service Announcement

Public Service Announcement

” စာသင်‌ကျောင်းကိုပါဗုံးကြဲသွားတာ။သတင်းမှားကြောင့် လာကြဲတာထင်တယ်။ သေဆုံးတဲ့ ကလေးက ခေါင်းတောင်မရှိတော့ဘူးဗျာ” ဟု CDF- Mindat တာဝန်ရှိသူက ​ပြောသည်။

ဒေသခံတစ်ဦးကလည်း “ကလေးတွေကျောင်းပိတ်ရက်မို့လို့ရယ်၊ ‌ဒေသခံတွေကတောင်ယာကိုသွားနေလို့ ဒီလောက်ပဲထိခိုက်တာ။မဟုတ်ရင် တော်တော်ကို အထိအခိုက်များမှာ ” ဟု ပြောသည်။

​သေဆုံးခဲ့သူသုံးသည် ထိုနေရာတွင်ပွဲချင်းပြီးသေဆုံးခဲ့ခြင်းဖြစ်ပြီး အသက်၅၀အရွယ် အမျိုးသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

Public Service Announcement
Public Service Announcement

“စစ်ကောင်စီတပ်က စာသင်ကျောင်းနဲ့ အနီးပတ်လည်ကို ဦးတည်ပြီး ပစ်သွားတာ စာသင်ကျောင်းကတော့ အကုန်လုံးပျက်စီးသွားတယ်။ နေအိမ်တော်တော်များများလည်း ပျက်စီးသွားတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဝုမ်းခုမ်ရွာစာသင်ကျောင်းနှင့် နေအိမ် ဆယ်လုံးခန့် ပျက်စီးသွားခဲ့သည်ဟု CDF- Mindat ထံမှသတင်းရရှိသည်။ ဒဏ်ရာရသူမှာ အမျိုးသားတစ်ဦးဖြစ်ပြီး ဆေးကုသမှုခံယူနေရကြောင်းသိရသည်။

●အချက်အလက်နှင့်သတင်းဓါတ်ပုံများထပ်မံဖြည့်စွက်ထားပါသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာရက္ခပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ကို စစ်တပ်က လေယာဉ်အုပ်စုနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း နေအိမ်အဆောက်အအုံ ၂၀ခန့်ပျက်စီးပြီး ဒေသခံပြည်သူ ၂ဦး ထိခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့အနီးဝန်းကျင်နေရာတွေကို ဂျက်ဖိုက်တာ ၆စီး၊ ထောက်ပို့လေယာဉ် Y12တို့နဲ့ အုပ်စုလိုက် ဒီ​နေ့ညမှာဗုံးကြဲနေပြီးအလုံးရေဆယ်ချီရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။