▪︎စစ်ကောင်စီတပ်မှ ၁၄၆ ဦးသေဆုံးပြီး ၄၆ ဦးဒဏ်ရာရ
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေ ဖာပွန်ခရိုင်တွင် ဇွန်လအတွင်း တိုက်ပွဲပေါင်း ၁၇၀ ကြိမ်ဖြစ်ပွားခဲ့ကြောင်း KNU တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။
ဖာပွန်ခရိုင်တွင် ဇွန်လ ၁ရက်မှ ၃၀ရက် အတွင်း KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီအကြား ဖြစ်ပွားခဲ့သည့် စစ်ရေးအခြေအနေကို ယမန်နေ့ ညပိုင်း၌ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်မှ ၁၄၆ဦး သေဆုံးပြီး ၄၆ဦး ဒဏ်ရာရခဲ့ကြောင်း၊ စစ်ကောင်စီတပ်၏ စစ်သုံးယာဉ် ၁စီး ပျက်စီပြီး မြည်း ၃၅ ကောင်သေဆုံးခဲ့ကြောင်း ဖော်ပြသည်။
KNLA တပ်မဟာ(၅)ဘက်ကလည်း တပ်ဖွဲ့ဝင် ၃ဦး ကျဆုံးကာ ၆ဦး ဒဏ်ရာရခဲ့သည်ဟု အသိပေးထားသည်။

Public Service Announcement

စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှု လေကြောင်း တိုက်ခိုက်မှု အခြေအနေများကိုလည်း ဖော်ပြခဲ့ရာ လေကြောင်း တိုက်ခိုက်မှုကြောင့် စာသင်ကျောင်းနှင့် လူနေအိမ် ပျက်စီးမှုများရှိခဲ့သည်ဟုဆိုသည်။ ဇွန်လအတွင်း၌ စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် အရပ်သား ၁ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။
ဇွန်လအတွင်းထူးခြားမှုမှာ ကရင်နီပြည်နယ်မယ်စဲ့မြို့နယ်အတွင်း စခန်းသိမ်းတိုက်ပွဲများတွင်KNU တပ်မဟာ ၅ သည် ကရင်နီတပ်ပေါင်စု နှင့်အတူပူးပေါင်းပါဝင်၍ စစ်ကောင်စီကိုတိုက်ခိုက်ခဲ့ကြောင်း ကရင်နီပူးပေါင်းတပ်များမှတာဝန်ရှိသူများကပြောသည်။


















































