Connect with us

Hi, what are you looking for?

သတင်း

အမြန်လမ်းတွင် အိမ်စီးကားတစ်စီး လမ်းလယ်ကျွန်းရှိထန်းပင် ဝင်တိုက်မိပြီး နှစ်ဦးဒဏ်ရာရ

အဆိုပါ အမျိုးသားနှင့် အမျိုးသမီးတို့ကို အမြန်လမ်းကြက်ခြေနီအသင်းမှ ဖြူးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့က ဆိုသည်။

ဓာတ်ပုံ - MFSD
ဓာတ်ပုံ - MFSD

ရန်ကုန် – မန္တလေး အမြန်လမ်းတွင် အိမ်စီးကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ ထန်းပင်အား ဝင်တိုက်မိ၍ နှစ်ဦးဒဏ်ရာရရှိမှု ယနေ့ (ဇူလိုင် ၁၅) ညနေက ဖြစ်ပွားခဲ့သည်။

ယနေ့ ညနေ ၃ နာရီခွဲခန့်တွင် ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၁၈)တွင် AD Van အမျိုးအစား ယာဉ်တစ်စီး မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ ထန်းပင်အား ဝင်ရောက်တိုက်မိကာ ယာဉ်ပေါ်ပါ အမျိုးသားနှင့် အမျိုးသမီးတို့ ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့က ဖော်ပြထားသည်။

“မိုးရွာနေတော့ အရှိန်တင်မောင်းတဲ့အချိန်မှာ ကားလမ်းမှာ စလစ်ဖြစ်ပြီး လမ်းလယ်ကျွန်းက ထန်းပင်ကို ဝင်တိုက်မိတာပါ။ ကားပေါ်ပါလာတဲ့ အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး တစ်ဦး ဒဏ်ရာရသွားတယ်။ အမျိုးသားက မစိုးရိမ်ရပေမယ့် အမျိုးသမီးကတော့ စိုးရိမ်ရဖွယ် ရှိပါတယ်။ အမျိုးသမီး ထိုင်လာတဲ့ဘက်က ကားဘေးခြမ်းတစ်ခုလုံး ကျေသွားပါတယ်” ဟု မျက်မြင်တွေ့ရှိခဲ့သူ ပြ​ည်သူတစ်ဦးက ပြောသည်။

အဆိုပါ အမျိုးသားနှင့် အမျိုးသမီးတို့ကို အမြန်လမ်းကြက်ခြေနီအသင်းမှ ဖြူးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့က ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

လူသတ် ကားလုယက်တဲ့ ဒုရဲအုပ်က ကျွဲဂိမ်းဆော့သူဟုဆို

သတင်း

ရန်ကုန်-နေပြည်တော်အမြန်လမ်း၊ မိုင်တိုင် ၃၂ အနီးမှာ ဒီနေ့ မနက် ၉နာရီခန့်က TikTokရိုက်နေတဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရတယ်လို့ သတင်းရရှ်ိပါတယ်။

သတင်း

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ မိဘဂုဏ်ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုဖြစ်ပြီး ကားပေါ်လိုက်ပါလာသူ ၂၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က အသိပေးထားပါတယ်။

သတင်း

ပဲခူးတိုင်း၊ တောင်ငူမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းတစ်လျှောက် စစ်တပ်စစ်ကြောင်းထိုးနေပြီးတော်လှန်ရေးတပ်တွေနဲ့ စစ်ဆိုင်ထားတယ်လို့ ဗျူဟာအမှတ်(၂၃) ပဲခူးတိုင်းစစ်ဌာန တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။