Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အမြန်လမ်းအပါအဝင်အဝေးပြေးလမ်းများတွင်စစ်‌ကောင်စီကပြည်သူကို လူသားတံတိုင်းလုပ်ပြီး အကာအကွယ်ယူမည်ကိုပါးပါးနပ်နပ်ရှောင်ရှားရန်အမှတ်(၂)စစ်ဒေသခွဲသတိပေး

အဆိုပါ လမ်းပိုင်းများ၊ အထူးသဖြင့် ရန်ကုန် -နေပြည်တော် အမြန်လမ်းတွင်စစ်ကောင်စီတပ်ကားများသည် ပြည်သူများ၏ အိမ်စီးကားများ၊ ခရီးသည်တင်ကားများကို အကာအကွယ်ယူကာ သွားလာနေသည်ကို တွေ့ရသည်ဟု ရဲဘော်တင်ဦးက‌ပြောသည်။

(အမှတ်(၂)စစ်ဒေသခွဲ ဒုတိယစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးနှင့် တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-​ပေးပို့)
(အမှတ်(၂)စစ်ဒေသခွဲ ဒုတိယစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးနှင့် တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-​ပေးပို့)

အမြန်လမ်းအပါအဝင် တောင်ပိုင်းတိုင်းစစ်ဒေသခွဲက သတိပေးထားသည့် လမ်းပိုင်းများ အသုံးပြုမည့် ပြည်သူများအနေဖြင့် စစ်‌ကောင်စီက စစ်ရေးအရအကာအကွယ်ယူမည့်အခြေအနေကို ပါးပါးနပ်နပ် ရှောင်ရှားရန် အမှတ်(၂)စစ်ဒေသခွဲ ဒုတိယစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက‌ ထပ်မံသတိပေးသည်။

တောင်ပိုင်းတိုင်းစစ်ဒေသခွဲ၊ အမှတ် (၂) စစ်ဒေသခွဲမှ လမ်းပိုင်းများဖြစ်သော ပဲခူးတိုင်းအတွင်းရှိ ရန်ကုန်−မန္တလေး အမြန်လမ်း၊ ရန်ကုန်−မန္တလေးလမ်း လမ်းဟောင်း၊ ပဲခူး−စစ်တောင်းလမ်းပိုင်းနှင့် ရန်ကုန်−မုတ္တမ၊ ရန်ကုန်−ဘားအံလမ်းပိုင်းများအား နေ့စဉ် ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း မသွားလာကြရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်းစစ်ဒေသခွဲက ဇူလိုင် ၁ ရက်ကသတိပေးချက်ထုတ်ပြန်ထားသည်။

အဆိုပါ လမ်းပိုင်းများ၊ အထူးသဖြင့် ရန်ကုန် -နေပြည်တော် အမြန်လမ်းတွင်စစ်ကောင်စီတပ်ကားများသည် ပြည်သူများ၏ အိမ်စီးကားများ၊ ခရီးသည်တင်ကားများကို အကာအကွယ်ယူကာ သွားလာနေသည်ကို တွေ့ရသည်ဟု ရဲဘော်တင်ဦးက‌ပြောသည်။

“ကျွန်တော်တို့ရဲဘော်တွေရဲ့သတင်းပေးချက်ပါ။စစ်ကောင်စီကားတွေဟာ ပြည်သူတွေရဲ့ ကားတွေနဲ့ အနီးကပ်လိုက်တာတွေ ရှိနေပါတယ်။အကြမ်းဖက် စစ်ကောင်စီကတော့ ပြည်သူကို လူသားဒိုင်းအဖြစ် အသုံးချနေတာ။ ဒါကို ပြည်သူတွေ ပါးပါးနပ်နပ် ရှောင်ရှားကြဖို့လိုပါတယ်” ဟု ရဲဘော်တင်ဦးက‌ပြောသည်။

Public Service Announcement

Public Service Announcement

လမ်းအသုံးပြုခွင့် အချိန် ကန့်သတ်မှုကို ဇူလိုင်လ ၁ရက်တွင် တောင်ပိုင်းတိုင်းစစ်ဒေသခွဲက သတင်းထုတ်ပြန်ခြင်းဖြစ်သည်။ ယင်းသတင်းထုတ်ပြန်သတိပေးပြီး ခုနစ်ရက်မြောက်နေ့ ဇူလိုင်လ ၇ ရက် နံနက် ၉နာရီ ၁၅မိနစ်တွင် စစ်ကောင်စီ အရာရှိများလိုက်ပါလာသည့် ယာဉ်တန်းကို နေပြည်တော် – ရန်ကုန်အမြန်လမ်း၁၆၉ မိုင် ၄ဖာလုံအနီးတွင် တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၅၀၁က တိုက်ခိုက်ခဲ့သည်။ အဆိုပါယာဉ်တန်းတွင် စစ်ကောင်စီစစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းလိုက်ပါလာသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များက သတင်းရရှိထားခဲ့သော်လည်း အသေးစိတ်အတည်မပြုနိုင်သေးပေ။ တိုက်ခိုက်မှုတွင် စစ်ကောင်စီ ကား နှစ်စီးထိခိုက်ပျက်စီးသွားပြီး ​သေဆုံးထိခိုက်မှုများရှိနိုင်ကြောင်းရဲ​ဘော်တင်ဦးက​ပြောသည်။

ယင်းတိုက်ခိုက်မှုမတိုင်ခင်က ‌ရန်ကုန်-နေပြည်တော်အမြန်လမ်းပေါ်တွင် စစ်ကောင်စီ၏ ဒုတိယဗိုလ်မှူးကြီး နှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကပစ်ခတ်သတ်ဖြတ်ထားသည်။ပြီးခဲ့သည့်မေလ၃၁ ရက်က တောင်ငူမြို့အခြေစိုက် အမှတ်(၁၀၁၅) လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဒုဗိုလ်မှူးကြီးရဲနိုင်ကို အမြန်လမ်းပေါ်တွင် ရေတာရှည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပစ်သတ်ခဲ့သည်။ဇန်နဝါရီလ ၂၂ ရက်နေ့ကလည်း ရန်ကုန်တိုင်း စစ်ကြောရေးတာဝန်ခံ ဒုဗိုလ်မှူးကြီးသန်းထွဋ်ကို တောင်ငူခရိုင်တပ်ရင်း ၃၅၀၁က ရန်ကုန် – နေပြည်တော် အမြန် လမ်း မိုင်တိုင် ၁၆၁ အနီးတွင် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။

” ကျွန်တော်တို့ကန့်သတ်ရတဲ့အဓိကအကြောင်းရင်းက ပြည်သူလူထုနစ်နာမှာစိုးလို့ပါ။ ဒီကာလ စစ်ရေးအရှိန်မြှင့်နေပါတယ်။စစ်ကောင်စီယာဉ်တန်းနဲ့ ဝေးဝေးနေတာ ပိုကောင်းပါတယ်” ဟုရဲဘော်တင်ဦးက‌ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။