Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မဟာမိတ်ပါတီရဲ့ ဝန်ကြီးချုပ်လောင်းကို ထောက်ခံသွားမယ်လို့ ထိုင်းရွေးကောက်ပွဲ အနိုင်ရပါတီ ကြေညာ

ဖီထာက ဝန်ကြီးချုပ် နေရာအတွက် လွှတ်တော်ထဲမှာ ထပ်ပြီး အဆိုတင်ဖို့ အဆင်မပြေနိုင်တော့တာ သေချာသွားတဲ့နောက် MFPဟာ ရွေးကောက်ပွဲမှာ ဒုတိယ မဲအများဆုံး ရခဲ့တဲ့ PTPက အဆိုတင်မယ့် ဝန်ကြီးချုပ်လောင်းကို ပြောင်းလဲ ထောက်ခံသွားတော့မယ်လို့ ဇူလိုင် ၂၁ ရက်မှာ အတည်ပြုခဲ့ပါတယ်။

မဟာမိတ်ပါတီရဲ့ ဝန်ကြီးချုပ်လောင်းကို ထောက်ခံသွားမယ်လို့ ထိုင်းရွေးကောက်ပွဲ အနိုင်ရပါတီ ကြေညာ
မဟာမိတ်ပါတီရဲ့ ဝန်ကြီးချုပ်လောင်းကို ထောက်ခံသွားမယ်လို့ ထိုင်းရွေးကောက်ပွဲ အနိုင်ရပါတီ ကြေညာ

ထိုင်းရွေးကောက်ပွဲမှာ မဲအများဆုံးနဲ့ အနိုင်ရခဲ့တဲ့ Move Forward ပါတီ (MFP)ဟာ မဟာမိတ် ဖျူထိုင်းပါတီ (PTP)ကို ညွန့်ပေါင်း အစိုးရ ဦးဆောင် ဖွဲ့စည်းဖို့ သဘောတူလိုက်ပြီ ဖြစ်ပါတယ်။

လွှတ်တော် မဲခွဲမှုတွေအတွင်းမှာ MFPရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဖီထာ လင်မ်ဂျာရွတ်ရတ် ဝန်ကြီးချုပ် ဖြစ်ခွင့်ကို ရွေးကောက်ခံ မဟုတ်တဲ့ အထက်လွှတ်တော် အမတ်တွေက ပြင်းပြင်းထန်ထန် ကန့်ကွက် ဆန့်ကျင်ခဲ့တဲ့အပြင် အခြေခံ ဥပဒေ ခုံရုံးကလည်း ဖီထာဟာ ရွေးကောက်ခံ အမတ်တစ်ဦးအတွက် သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့ကြောင်း စွပ်စွဲပြီး အမတ်အဖြစ်ကပါ ဆိုင်းငံ့စေခဲ့ပါတယ်။

ဖီထာက ဝန်ကြီးချုပ် နေရာအတွက် လွှတ်တော်ထဲမှာ ထပ်ပြီး အဆိုတင်ဖို့ အဆင်မပြေနိုင်တော့တာ သေချာသွားတဲ့နောက် MFPဟာ ရွေးကောက်ပွဲမှာ ဒုတိယ မဲအများဆုံး ရခဲ့တဲ့ PTPက အဆိုတင်မယ့် ဝန်ကြီးချုပ်လောင်းကို ပြောင်းလဲ ထောက်ခံသွားတော့မယ်လို့ ဇူလိုင် ၂၁ ရက်မှာ အတည်ပြုခဲ့ပါတယ်။

MFPရဲ့ အတွင်းရေးမှူး ချိုင်သာဝပ် တူလာသွန်က MFPဟာ PTPက အဆိုတင်သွင်းမယ့် ဘယ်ဝန်ကြီးချုပ်လောင်းကိုမဆို လွှတ်တော်မှာ ထောက်ခံမဲ ပေးသွားမယ်လို့ သတင်းထောက်တွေကို ပြောကြားသွားပါတယ်။ နောက်ထပ် ဝန်ကြီးချုပ်နေရာ အဆိုတင် မဲခွဲမှုကို ဇူလိုင် ၂၇ ရက် လွှတ်တော် အစည်းအဝေးမှာ ပြုလုပ်မှာပါ။

Public Service Announcement

Public Service Announcement

PTPနဲ့ MFPတို့ဟာ ၈ ပါတီ ပါဝင်တဲ့ နိုင်ငံရေး မဟာမိတ် အင်အားစုကို စည်းရုံးထားပြီး ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းဖို့ ရည်ရွယ်ထားပါတယ်။ MFPနဲ့ ဖီထာတို့ဟာ ရွေးကောက်ပွဲကြို မဲဆွယ်မှုတွေမှာ သူတို့ဦးဆောင်တဲ့ အစိုးရ အာဏာရလာရင် ထိုင်းဘုရင်စနစ်ကို အလွန်အကျွံ အကာအကွယ် ပေးထားတဲ့ အငြင်းပွားစရာ ဥပဒေတစ်ခုကို ပြင်ဆင်မယ်လို့ ကတိပြုခဲ့ပြီး အဲဒီ အချက်ကြောင့်ပဲ ကွန်ဆာဗေးတစ် အထက်လွှတ်တော် အမတ် အများစုရဲ့ အတိုက်အခံ ပြုမှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။

PTPက ဘယ်သူ့ကို ဝန်ကြီးချုပ်လောင်းအဖြစ် အဆိုတင်မလဲ ဆိုတာကို မကြေညာသေးပေမယ့် ရေပန်းအစားဆုံးကတော့ ပါတီရဲ့ ဝါရင့် ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဆရက်သာ သာဗင်ဆင် ဖြစ်ပါတယ်။ အသက် ၆၀ အရွယ် ဆရက်သာဟာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာ၊ ယင်လပ် ရှီနာဝပ်ထရာတို့ရဲ့ လူယုံတစ်ဦးအဖြစ် သတ်မှတ် ခံရပြီး သဘောထား ပျော့ပျောင်းသူ အလယ်အလတ် လမ်းစဉ်ဝါဒီ တစ်ဦးလို့လည်း လူသိများပါတယ်။ သူက PTP ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ ဘုရင်စနစ်ကို ကာကွယ်ထားတဲ့ ဥပဒေတွေ ပြင်ဆင်ဖို့ လုပ်ဆောင်မှာ မဟုတ်ကြောင်း အတိအလင်း ပြောဆိုထားတာကြောင့် အထက်လွှတ်တော်ရဲ့ ထောက်ခံမဲတွေ ပိုမိုရလာမယ့် အလားအလာ ရှိနေပါတယ်။

မေလလယ် ရွေးကောက်ပွဲမှာ PTPဟာ ရေပန်းအစားဆုံး ဖြစ်ခဲ့ပေမယ့်လည်း လက်တွေ့မှာတော့ ကြီးမားတဲ့ အပြောင်းအလဲတွေကို အကောင်အထည်ဖော်ဖို့ ကတိပြုခဲ့တဲ့ PTPဟာ လူထုထောက်ခံမှုကို အံ့ဩစရာ ကောင်းလောက်အောင် ရရှိပြီး ရွေးကောက်ခံ အောက်လွှတ်တော် အမတ်အရေအတွက် အများဆုံး ပါတီအဖြစ် အောင်ပွဲခံခဲ့ပါတယ်။ ဒါပေမဲ့လည်း ထိုင်းမှာ စစ်အစိုးရ အုပ်စိုးစဉ် ကာလက တစ်ဖက်သတ် ရေးဆွဲထားခဲ့တဲ့ အခြေခံ ဥပဒေနဲ့ ရွေးကောက်ခံ မဟုတ်တဲ့ အထက်လွှတ်တော် အမတ်တွေရဲ့ နှောင့်ယှက် တားဆီးမှုကြောင့် ပြည်သူအများစုက ယုံကြည် အပ်နှင်းတဲ့ ဝန်ကြီးချုပ်လောင်းက ဘေးဖယ်ပေးလိုက်ရတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မူလက PTPနဲ့ MFPတို့ဟာ ၈ ပါတီ မဟာမိတ် နိုင်ငံရေး အင်အားစုမှာ အတူလက်တွဲ ပါဝင်ခဲ့ကြပြီး MFPရဲ့ ခေါင်းဆောင် ဖီထာ လင်မ်ဂျာရွတ်ရတ်ကို ဝန်ကြီးချုပ်အဖြစ် လွှတ်တော်မှာ အဆိုတင်ဖို့ အားထုတ်မှုကို PTP အမတ်တွေက ထောက်ခံပေးခဲ့ကြဖူးပါတယ်။

နိုင်ငံတကာ

တရားဝင် ကြေညာချက် မထုတ်ပြန်သေးပေမယ့်လည်း နှစ်ဖက် သဘောတူညီမှုအရ MFPဟာ ပြည်ထောင်စု ထိုင်းအမျိုးသားပါတီ (UTNP)၊ ဒီမိုကရက်ပါတီ (TDP)တို့နဲ့ ပူးပေါင်းပြီး အတိုက်အခံ အင်အားစုအဖြစ် ရပ်တည်သွားမယ်လို့ ယုံကြည်ရပါတယ်။

နိုင်ငံတကာ

ဖီထာဟာ သူ့ရဲ့ ပြိုင်ဘက် အင်အားစုတွေ စွပ်စွဲထားသလို မီဒီယာ လုပ်ငန်းတစ်ခုရဲ့ ရှယ်ယာတွေ ဆက်စပ် ပိုင်ဆိုင်နေတယ်လို့ ခုံရုံးက ယုံကြည်တဲ့အတွက် သူ့ရဲ့ အောက်လွှတ်တော် အမတ်နေရာ သတ်မှတ်ချက်ကို ဆိုင်းငံ့လိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဖီထာဟာ ဇူလိုင် ၁၉ ရက် မတိုင်ခင်မှာ အထက်လွှတ်တော်ထဲက ထောက်ခံမဲတွေ ပိုမို ရရှိနိုင်ရေးအတွက် ကြိုးစား စည်းရုံးရမှာ ဖြစ်ပေမယ့် လက်တွေ့ ဖြစ်နိုင်ခြေ နည်းလွန်းတယ်လို့ နိုင်ငံရေး အကဲခတ်တွေက ပြောကြားထားပါတယ်။