Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖီထာကို ထိုင်းဝန်ကြီးချုပ်လောင်းအဖြစ် ဒုတိယအကြိမ် အဆိုတင်မယ်လို့ နိုင်ငံရေး မဟာမိတ်တွေ အတည်ပြု

ဖီထာဟာ ဇူလိုင် ၁၉ ရက် မတိုင်ခင်မှာ အထက်လွှတ်တော်ထဲက ထောက်ခံမဲတွေ ပိုမို ရရှိနိုင်ရေးအတွက် ကြိုးစား စည်းရုံးရမှာ ဖြစ်ပေမယ့် လက်တွေ့ ဖြစ်နိုင်ခြေ နည်းလွန်းတယ်လို့ နိုင်ငံရေး အကဲခတ်တွေက ပြောကြားထားပါတယ်။

ဖီထာကို ထိုင်းဝန်ကြီးချုပ်လောင်းအဖြစ် ဒုတိယအကြိမ် အဆိုတင်မယ်လို့ နိုင်ငံရေး မဟာမိတ်တွေ အတည်ပြု
ဖီထာကို ထိုင်းဝန်ကြီးချုပ်လောင်းအဖြစ် ဒုတိယအကြိမ် အဆိုတင်မယ်လို့ နိုင်ငံရေး မဟာမိတ်တွေ အတည်ပြု

ပထမအကြိမ် လွှတ်တော် မဲခွဲမှုမှာ မအောင်မြင်ခဲ့ပေမယ့် ဖီထာ လင်မ်ဂျာရွတ်ရတ်ကို ထိုင်းဝန်ကြီးချုပ်လောင်းအဖြစ် နောက်တစ်ကြိမ် အဆိုတင်သွင်းဦးမယ်လို့ မဟာမိတ် နိုင်ငံရေး အင်အားစုက အတည်ပြု ကြေညာခဲ့ပါတယ်။

ဖီထာရဲ့ Move Forwardပါတီ (MFP) ဦးဆောင်တဲ့ အတိုက်အခံ ၈ ပါတီ မဟာမိတ် အစုအဖွဲ့ဟာ ဇူလိုင် ၁၃ ရက်၊ လွှတ်တော် မဲခွဲမှု ရလဒ်မှာ အဆင်မပြေခဲ့တဲ့နောက် ဇူလိုင် ၁၉ ရက် ဒုတိယအကြိမ် လွှတ်တော် မဲခွဲမှုမှာလည်း ဖီထာရဲ့ နာမည်ကိုပဲ ဝန်ကြီးချုပ်လောင်းအဖြစ် ဆက်လက် တင်သွင်းသွားဖို့ သဘောတူခဲ့ကြပါတယ်။

MFPပါ မေလလယ် ရွေးကောက်ပွဲမှာ အောက်လွှတ်တော် အမတ်နေရာ အများဆုံး အနိုင်ရထားပေမယ့် ပါတီခေါင်းဆောင် ဖီထာကို ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ရေး ကိစ္စမှာတော့ ကြီးမားတဲ့ အခက်အခဲ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အထူးသဖြင့် ရွေးကောက်ခံ မဟုတ်တဲ့ အထက်လွှတ်တော် အမတ်အများစုက ဖီထာကို ဝန်ကြီးချုပ်အဖြစ် လက်မခံနိုင်ကြောင်း အတိအလင်း ဆန့်ကျင်ထားတဲ့အတွက် ပထမအကြိမ် မဲခွဲမှုမှာ သူဟာ လိုအပ်တဲ့ လွှတ်တော် ထောက်ခံမဲ အရေအတွက်မျိုး မရခဲ့ပါဘူး။

ဖီထာက သူဟာ လွှတ်တော်ထဲမှာ လုံလုံလောက်လောက် ထောက်ခံမှု မရတော့တာ သေချာသွားရင် ရွေးကောက်ပွဲမှာ ဒုတိယ မဲအများဆုံး ရခဲ့တဲ့ ဖျူထိုင်းပါတီ (PTP)ရဲ့ ခေါင်းဆောင် တစ်ယောက်ယောက်ကို ဝန်ကြီးချုပ်လောင်းအဖြစ် ပြောင်းလဲ ထောက်ခံသွားမယ်လို့ ပြောကြားထားပေမယ့် ဇူလိုင် ၁၉ ရက်မှာတော့ သူ့ကိုပဲ ဝန်ကြီးချုပ်လောင်း အနေနဲ့ မဟာမိတ်တွေက ဆက်လက် ထောက်ခံပြီး အဆိုတင်သွင်းမှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီအတောအတွင်း MFPဟာ အထက်လွှတ်တော် အမတ်တွေက ဝန်ကြီးချုပ်နေရာ ရွေးချယ် မဲပေးပိုင်ခွင့် သတ်မှတ်ချက်ကို ပယ်ဖျက်ဖို့ လွှတ်တော်မှာ အဆိုတင်ထားပြီး အဲဒီကိစ္စကလည်း MFPရဲ့ သဘောထားသာဖြစ်ပြီး မဟာမိတ် အင်အားစု တစ်ခုလုံးကို ကိုယ်စားမပြုကြောင်း သီးခြား ကြေညာခဲ့ပါတယ်။

ဖီထာဟာ ဇူလိုင် ၁၉ ရက် မတိုင်ခင်မှာ အထက်လွှတ်တော်ထဲက ထောက်ခံမဲတွေ ပိုမို ရရှိနိုင်ရေးအတွက် ကြိုးစား စည်းရုံးရမှာ ဖြစ်ပေမယ့် လက်တွေ့ ဖြစ်နိုင်ခြေ နည်းလွန်းတယ်လို့ နိုင်ငံရေး အကဲခတ်တွေက ပြောကြားထားပါတယ်။

အစောပိုင်းတုန်းက အထက်လွှတ်တော် အမတ်တစ်ဦးက အတိုက်အခံ အင်အားစုတွေ အနေနဲ့ ဖီထာကို ဝန်ကြီးချုပ်လောင်းအဖြစ် ဒုတိယအကြိမ် အဆိုတင်သွင်းတာဟာ ဖွဲ့စည်းပုံ ဥပဒေပါ သတ်မှတ်ချက် တစ်ခုကို ချိုးဖောက်ရာ ရောက်နေကြောင်း စွပ်စွဲခဲ့ပေမယ့် MFP ဦးဆောင်တဲ့ နိုင်ငံရေး မဟာမိတ်တွေကတော့ အဲဒီ စွပ်စွဲမှုကို ငြင်းပယ်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာကိုယ်ပိုင်သင်္ချိုင်းနေရာရချင်နေတဲ့နိုင်ငံခြားသားတွေကိုယ့်နိုင်ငံကိုယ်ပြန်သေကြလို့ ထိုင်းဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။

သတင်း

စစ်တပ်ကို တရားဝင်မှုပေးနိုင်တဲ့လုပ်ရပ်တွေ ရှောင်ရှားဖို့နဲ့ ဒုက္ခသည်တွေကို အဓမ္မပြန်လည်ပို့ဆောင်တာတွေကနေကာကွယ်ပေးဖို့ ထိုင်းဝန်ကြီးချုပ်ဆီကို တောင်းဆိုတဲ့လှုပ်ရှားမှုကို ပြည်ပရောက် မြန်မာတွေက ဒီနေ့(စက်တင်ဘာ၂) သက်ဆိုင်ရာ ထိုင်းနိုင်ငံသံရုံးတွေရှေ့မှာ တပြိုင်နက်လုပ်ဆောင်ခဲ့ကြပါတယ်။

နိုင်ငံတကာ

လက်ဆောင် သခွားမွှေးသီးတွေအကြောင်း ဩစတြေးလျ ဝန်ကြီးချုပ်က ပြောပြခဲ့ချိန်မှာ ဂျပန် ဝန်ကြီးချုပ်ရဲ့ အမျိုးသမီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို စော်ကားလှောင်ပြောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ယုံကြည် လက်ခံထားခြင်း မရှိဘူးလို့ ဂျပန် အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ထိုင်းအဆိုပြုတဲ့ ညှိနှိုင်းထိတွေ့ဆက်ဆံဗျူဟာအကျိုးမရှိဟု​ထောက်ပြ