Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဖီထာကို ရွေးကောက်ခံ အမတ်အဖြစ်က ဖယ်ထုတ်ရင်တောင် ဝန်ကြီးချုပ်နေရာ ယှဉ်ပြိုင်ခွင့်ရှိတယ်လို့ သူ့ရဲ့ပါတီပြော

ဖီထာဟာ သူ့ရဲ့ ပြိုင်ဘက် အင်အားစုတွေ စွပ်စွဲထားသလို မီဒီယာ လုပ်ငန်းတစ်ခုရဲ့ ရှယ်ယာတွေ ဆက်စပ် ပိုင်ဆိုင်နေတယ်လို့ ခုံရုံးက ယုံကြည်တဲ့အတွက် သူ့ရဲ့ အောက်လွှတ်တော် အမတ်နေရာ သတ်မှတ်ချက်ကို ဆိုင်းငံ့လိုက်တာ ဖြစ်ပါတယ်။

ဖီထာလင်ဂျာရွတ်ရတ်ရဲ့ ရွေးကောက်ခံ အမတ်အဖြစ် သတ်မှတ်ချက် ဖယ်ရှားခံလိုက်ရမယ် ဆိုရင်တောင်မှ သူဟာ ဝန်ကြီးချုပ် နေရာအတွက် အဆိုပြု ရွေးချယ်ခံခွင့် ရှိသင့်တယ်လို့ ဖီထာရဲ့ ပါတီက ပြောပါတယ်။

ထိုင်းရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ Move Forwardပါတီ (MFP)ရဲ့ အကြီးအကဲ ဖီထာဟာ ရွေးကောက်ခံ အမတ်တွေနဲ့ ပတ်သက်လို့ စည်းမျဉ်း တစ်ခုကို ချိုးဖောက်ထားကြောင်း စွပ်စွဲခံရပြီး သူ့ကို လွှတ်တော် အမတ် အဖြစ်ကနေ ဆိုင်းငံ့ကြောင်း ဇူလိုင် ၁၉ ရက်မှာ ထိုင်း အခြေခံဥပဒေ ခုံရုံးက ကြေညာလိုက်ပါတယ်။

ဖီထာဟာ သူ့ရဲ့ ပြိုင်ဘက် အင်အားစုတွေ စွပ်စွဲထားသလို မီဒီယာ လုပ်ငန်းတစ်ခုရဲ့ ရှယ်ယာတွေ ဆက်စပ် ပိုင်ဆိုင်နေတယ်လို့ ခုံရုံးက ယုံကြည်တဲ့အတွက် သူ့ရဲ့ အောက်လွှတ်တော် အမတ်နေရာ သတ်မှတ်ချက်ကို ဆိုင်းငံ့လိုက်တာ ဖြစ်ပါတယ်။

ဖီထာကို ရွေးကောက်ခံ အမတ်အဖြစ်က ဖယ်ထုတ်ရင်တောင် ဝန်ကြီးချုပ်နေရာ ယှဉ်ပြိုင်ခွင့်ရှိတယ်လို့ သူ့ရဲ့ပါတီပြော
ဖီထာကို ရွေးကောက်ခံ အမတ်အဖြစ်က ဖယ်ထုတ်ရင်တောင် ဝန်ကြီးချုပ်နေရာ ယှဉ်ပြိုင်ခွင့်ရှိတယ်လို့ သူ့ရဲ့ပါတီပြော

ဒါဟာ ဖီထာက ဝန်ကြီးချုပ်အဖြစ် ဒုတိယအကြိမ် အဆိုတင်ပြီး လွှတ်တော် မဲခွဲဆုံးဖြတ်မှု ခံယူဖို့ စီစဉ်နေတဲ့နေ့မှာ ဖြစ်လာတဲ့ အလှည့်အပြောင်းပါ။ ဖီထာဟာ ဇူလိုင် ၁၃ ရက်တုန်းက ထိုင်းလွှတ်တော် မဲခွဲမှုမှာ ဝန်ကြီးချုပ် နေရာအတွက် လုံလောက်တဲ့ မဲအရေအတွက် မရခဲ့ပါဘူး။ ဒုတိယ အကြိမ်မှာလည်း MFP ဦးဆောင်တဲ့ ဒီမိုကရေစီ အင်အားစု ပါတီတွေက ဖီထာကို ဝန်ကြီးချုပ်လောင်းအဖြစ် ထပ်မံ အဆိုပြုဖို့ စီစဉ်ထားပါတယ်။

Public Service Announcement

Public Service Announcement

အခုလို ခုံရုံးဆုံးဖြတ်ချက် ထွက်ပေါ်လာမှုကြောင့် ဖီထာရဲ့ ဝန်ကြီးချုပ် ရာထူးနေရာ ထပ်မံ အဆိုပြုမယ့် အစီအစဉ်အပေါ် ဘယ်လို သက်ရောက်မှု ရှိလာမလဲဆိုတာ အတိအကျ မသိရသေးပါဘူး။ လက်ရှိ အခြေအနေအရ ဝန်ကြီးချုပ်လောင်းအဖြစ် ဘယ်သူ့ကို အဆိုပြုမလဲဆိုတာ အကျေအလည် ဆွေးနွေးနေကြပါတယ်။ ခုံရုံးက ဖီထာအနေနဲ့ စွဲချက်ကို ၁၅ ရက်အတွင်း ခုခံ ချေပခွင့် ရှိတယ်လို့ ပြောကြားထားပါတယ်။

MFPကတော့ သူတို့ရဲ့ ခေါင်းဆောင်ဟာ ခုံရုံး ဆုံးဖြတ်ချက်အရ လွှတ်တော်အမတ် ဖြစ်ခွင့် မရတော့ဘူး ဆိုရင်တောင်မှ ဝန်ကြီးချုပ် နေရာအတွက် ဆက်လက် ယှဉ်ပြိုင်ခွင့် ရှိတယ်လို့ သဘောထား မှတ်ချက် ပေးထားပါတယ်။ ထိုင်းရဲ့ ဖွဲ့စည်းပုံ ဥပဒေအရ ဖီထာဟာ ဝန်ကြီးချုပ် နေရာအတွက် အဆိုပြုခံပိုင်ခွင့် ဆက်ရှိနေပေမယ့် ခုံရုံး ဆုံးဖြတ်ချက်အရ အောက်လွှတ်တော်ထဲကနေ ထွက်ခွာရမှာပါ။ ပြီးတော့ လွှတ်တော်ထဲမှာ မဲပေးပိုင်ခွင့်လည်း ရမှာ မဟုတ်ပါဘူး။

ဖီထာကို ရွေးကောက်ခံ အမတ်အဖြစ်က ဖယ်ထုတ်ရင်တောင် ဝန်ကြီးချုပ်နေရာ ယှဉ်ပြိုင်ခွင့်ရှိတယ်လို့ သူ့ရဲ့ပါတီပြော
ဖီထာကို ရွေးကောက်ခံ အမတ်အဖြစ်က ဖယ်ထုတ်ရင်တောင် ဝန်ကြီးချုပ်နေရာ ယှဉ်ပြိုင်ခွင့်ရှိတယ်လို့ သူ့ရဲ့ပါတီပြော

အရင်ကတည်းက ရွေးကောက်ခံ မဟုတ်တဲ့ ကွန်ဆာဗေးတစ် အထက်လွှတ်တော် အမတ်တွေရဲ့ နည်းလမ်းပေါင်းစုံနဲ့ ဒုက္ခပေး ပိတ်ဆို့မှုကို ကြုံနေရတဲ့ ဖီထာဟာ ခုံရုံးဆုံးဖြတ်ချက်အရ ပိုပြီး အကျပ်ရိုက်သွားမှာ ဖြစ်ပါတယ်။

တကယ်လို့ နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုတွေအပြီး ဖီထာဟာ လွှတ်တော်အမတ် ဖြစ်ပိုင်ခွင့်ဆိုင်ရာ သတ်မှတ်ချက်တွေကို ချိုးဖောက်ခဲ့ကြောင်း အတည်ပြု ဆုံးဖြတ်လိုက်ရင်တော့ ဖီထာဟာ နိုင်ငံရေး နယ်ပယ်ကနေ နှစ်ပေါင်း ၂၀ လောက် ဖယ်ထုတ်ခံရတာမျိုး၊ အခြေအနေ ပိုဆိုးရင် ထောင်ဒဏ် ၁၀ နှစ်ထိ ကျခံရတာမျိုးတွေထိ ကြုံနိုင်ပါတယ်။ ဖီထာကတော့ သူ့အပေါ် ခုံရုံးရဲ့ စွပ်စွဲထားမှုကို ငြင်းပယ်ပြီး ဘယ်လို အမှားမှာ ကျူးလွန်မထားဘူးလို့ အခိုင်အမာ ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဝန်ကြီးချုပ် ဦးဆောင်သည့် ချင်းပြည်အစိုးရ သည် ဧပြီ ၁၃ရက်မှ ၁၉ရက်အတွင်း ချင်းပြည်နယ်အတွင်းရှိ ဇိုဖေ၊ လောက်တူ၊ ဇိုတုန်နှင့် ဆဲန်ထန်ဒေသများသို့ သွားရောက်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်ဟု ချင်းပြည်အစိုးရက ထုတ်ပြန်သည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတကာ

လောလောဆယ် စင်ကာပူ အစိုးရ အဖွဲ့ထဲမှာ ဘဏ္ဍာရေး ဝန်ကြီးအဖြစ်လည်း တာဝန်ယူထားတဲ့ ဝေါင်ဟာ နိုင်ငံသမိုင်းမှာ စတုတ္ထမြောက် ဝန်ကြီးချုပ် ဖြစ်လာမှာပါ။

သတင်း

ယာယီသမ္မတထံသို့ ဝန်ကြီးဦးရည်မွန်က သွားရောက်တင်ပြခဲ့ပြီး ဒုဝန်ကြီး နိုင်ကောင်းရွက်က ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းတို့ထံ တင်ပြခဲ့သည်ဟု အသိပေးသည်။