Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဖီထာရဲ့ ဝန်ကြီးချုပ် ဖြစ်ပိုင်ခွင့် ပိတ်ပင်ခံရတဲ့နောက် ထိုင်းမှာ ဆန္ဒပြပွဲတွေ အားကောင်းလာနိုင်ခြေရှိနေ

ထိုင်းလွှတ်တော်ဟာ ဇူလိုင် ၂၇ ရက်မှာ ဝန်ကြီးချုပ်သစ်ကို မဲခွဲဆုံးဖြတ် ရွေးချယ်ဖို့ ရှိနေပြီး ရွေးကောက်ပွဲမှာ ဒုတိယ မဲအများဆုံး ရခဲ့တဲ့ PTPက ဘယ်သူ့ကို အဆိုပြုမလဲ ဆိုတာကို အကျေအလည် ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်။

ဖီထာရဲ့ ဝန်ကြီးချုပ် ဖြစ်ပိုင်ခွင့် ပိတ်ပင်ခံရတဲ့နောက် ထိုင်းမှာ ဆန္ဒပြပွဲတွေ အားကောင်းလာနိုင်ခြေရှိနေ
ဖီထာရဲ့ ဝန်ကြီးချုပ် ဖြစ်ပိုင်ခွင့် ပိတ်ပင်ခံရတဲ့နောက် ထိုင်းမှာ ဆန္ဒပြပွဲတွေ အားကောင်းလာနိုင်ခြေရှိနေ

ရွေးကောက်ပွဲ အနိုင်ရ ပါတီခေါင်းဆောင် ဖီထာ လင်မ်ဂျာရွန်ရတ်ရဲ့ ဝန်ကြီးချုပ် ဖြစ်ခွင့်ကို ထိုင်းလွှတ်တော်က ပိတ်ပင် ငြင်းဆန်ခဲ့တဲ့နောက် ပြည်တွင်းမှာ ဆန္ဒပြပွဲတွေ အင်အားကောင်းကောင်းနဲ့ ပေါ်ပေါက်လာနိုင်ခြေတွေ ရှိနေပါတယ်။

ရွေးကောက်ခံတွေ မဟုတ်ကြသလို ထိုင်းစစ်တပ်ကို အထင်အရှား လိုလားမှု ပြသထားတဲ့ ထိုင်းအထက်လွှတ်တော် အမတ်အများစုရဲ့ ကန့်ကွက်မှုတွေကြောင့် Move Forwardပါတီ အကြီးအကဲ ဖီထာဟာ ရွေးကောက်ပွဲမှာ ရလဒ် အကောင်းဆုံးနဲ့ အနိုင်ရခဲ့ပေမယ့် ဝန်ကြီးချုပ်ဖြစ်ဖို့ လုံလောက်တဲ့ လွှတ်တော် ထောက်ခံမဲမျိုး မရခဲ့ပါဘူး။

သူဟာ ဇူလိုင် ၁၃ ရက် လွှတ်တော် မဲခွဲမှုမှာ အရေးနိမ့်ခဲ့သလို ဇူလိုင် ၁၉ ရက် ဒုတိယအကြိမ် လွှတ်တော် မဲခွဲမှုအတွက် ဝန်ကြီးချုပ်အဖြစ် နာမည်တင်သွင်းဖို့ကိုတောင် မဲခွဲပယ်ချ ခံခဲ့ရပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထောက်ခံမှုအရ ဖီထာကို ရွေးကောက်ခံ အမတ်အဖြစ်ကနေ ဆိုင်းငံ့ထားဖို့ပါ အခြေခံ ဥပဒေ ခုံရုံးက သတ်မှတ် ဆုံးဖြတ်ခဲ့ပါတယ်။

ဖီထာက ဝန်ကြီးချုပ် မဖြစ်နိုင်တာ သေချာသွားတဲ့နောက် MFPရဲ့ နိုင်ငံရေး မဟာမိတ်ဖြစ်တဲ့ ဖျူထိုင်းပါတီ (PTP)ဆီက ခေါင်းဆောင် တဦးကို ဝန်ကြီးချုပ်အဖြစ် လွှတ်တော်မှာ အဆိုတင်သွင်းဖို့ စီစဉ်နေပါတယ်။ ဖီထာကတော့ ဝန်ကြီးချုပ် အိပ်မက်ကို စွန့်လွှတ်ခဲ့ရတဲ့အပြင် ခုံရုံးရဲ့ စွပ်စွဲချက် အတွက်ပါ နောက်ဆက်တွဲ ဖြေရှင်းရဦးမှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ရွေးကောက်ပွဲမှာ ပြည်သူ့ထောက်ခံမှုကို အများဆုံး ရရှိခဲ့တဲ့ ဖီထာအပေါ် ရွေးကောက်ခံ မဟုတ်တဲ့ အထက်လွှတ်တော်တွေရဲ့ ဆက်ဆံပုံက မဲဆန္ဒရှင် ပြည်သူတွေကို အကြီးအကျယ် ဒေါသဖြစ်စေပါတယ်။ ပီတာကို အမာခံ အားပေး ထောက်ခံသူတွေက ဒီကိစ္စကို အင်အားပြ ချီတက် ဆန္ဒပြမှုတွေနဲ့ တုံ့ပြန်လာနိုင်တာကြောင့် ထိုင်းအာဏာပိုင်တွေက လိုအပ်တဲ့ အစီအမံတွေအတွက် တုံ့ပြန် တပ်လှန့်ထားပါတယ်။

ပြုပြင်ပြောင်းလဲရေး ဝါဒီတစ်ဦးအဖြစ် လူသိများတဲ့ ဖီထာဟာ ထိုင်းဘုရင်အပေါ် အလွန်အကျွံ သစ္စာစောင့်သိတဲ့ ထိုင်းကွန်ဆာဗေးတစ် အထက်လွှတ်တော် အမတ်တွေရဲ့ မျက်မုန်းကျိုးခြင်းကို ခံခဲ့ရပါတယ်။ အထူးသဖြင့် သူက ဘုရင်စနစ်နဲ့ ပတ်သက်ပြီး အလွန်အကျွံ အကာအကွယ် ပေးထားတဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့ ကြိုးစားခဲ့ခြင်းက အထက်လွှတ်တော် အမတ်အများစုရဲ့ ရန်လိုခြင်းကို ကြုံလာရစေခဲ့ပါတယ်။

ထိုင်းမှာတော့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ပီတာအတွက် မခံမရပ်နိုင်ဖြစ်ပြီး ဆန္ဒပြမှုတွေ အစပျိုးနေပြီ ဖြစ်ပါတယ်။ ဇူလိုင် ၁၉ ရက် ညနေပိုင်းက ဘန်ကောက်မှာရှိတဲ့ လွှတ်တော် အဆောက်အအုံရှေ့မှာ ဆန္ဒပြသူတွေ လူစုခဲ့ပြီး ရဲတွေက မလှမ်းမကမ်းကနေ စောင့်ကြည့်ခဲ့ပါတယ်။ ဒါ့အပြင် ဘန်ကောက်မှာရှိတဲ့ ဒီမိုကရေစီ အထိမ်းအမှတ် ရင်ပြင်နားမှာလည်း လူတွေ စုဝေးခဲ့ကြပါတယ်။ ဆန္ဒပြသူတွေက အနည်းဆုံး လူ ၁ သိန်းလောက် ပါဝင်တဲ့ အင်အားပြ ချီတက်ပွဲမျိုး ပေါ်ပေါက်လာဖို့လည်း စည်းရုံး လှုံ့ဆော်နေပါတယ်။

ထိုင်းလွှတ်တော်ဟာ ဇူလိုင် ၂၇ ရက်မှာ ဝန်ကြီးချုပ်သစ်ကို မဲခွဲဆုံးဖြတ် ရွေးချယ်ဖို့ ရှိနေပြီး ရွေးကောက်ပွဲမှာ ဒုတိယ မဲအများဆုံး ရခဲ့တဲ့ PTPက ဘယ်သူ့ကို အဆိုပြုမလဲ ဆိုတာကို အကျေအလည် ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိုက်ပွဲတွေက ထိုင်းပိုင်နက်နဲ့ အရမ်း နီးနီးကပ်ကပ် ဖြစ်ပွားခဲ့ပြီး ဒီလို ကိစ္စမျိုးနဲ့ ပတ်သက်ရင် အာဆီယံကပါ ပါဝင်ကိုင်တွယ် အဖြေရှာပေးသင့်တယ်လို့ နစ်ခွန်ဒက်ဂျ်က ဆိုပါတယ်။

နိုင်ငံတကာ

မနှစ်တုန်းက ကမ္ဘာတလွှားမှာ အပူဒဏ်ပိမှုဟာ စံချိန်တင် အဆင့်ထိ မြင့်တက်လာပြီး ကုလသမဂ္ဂက အာရှရဲ့ အပူချိန်ဟာ ကြောက်ခမန်းလိလိ မြန်နှုန်းမျိုးနဲ့ မြင့်တက်လာနေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဘာသာပြန် ဆောင်းပါး

▪︎စောချစ်သူဟာ နယ်စပ်ဒေသမှာ တရုတ် ကျားဖြန့် ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေကို ဧည့်ဝတ်ကျေကျေ လက်ခံထားတဲ့ ကရင်BGF ခေါင်းဆောင် သုံးဦးထဲမှာ အပါအဝင် ဖြစ်ပါတယ်။ People’s Spring တရုတ်နိုင်ငံက ဒုစရိုက်ဂိုဏ်းတွေ အရှေ့တောင်အာရှကို ခြေဆန့်လာတဲ့အခါ မြန်မာနိုင်ငံဟာ ဦးစားပေး ရွေးချယ်ခံရတဲ့ အခြေစိုက် နယ်မြေတစ်ခုလိုမျိုး...

သတင်း

ဝန်ကြီးချုပ် ဦးဆောင်သည့် ချင်းပြည်အစိုးရ သည် ဧပြီ ၁၃ရက်မှ ၁၉ရက်အတွင်း ချင်းပြည်နယ်အတွင်းရှိ ဇိုဖေ၊ လောက်တူ၊ ဇိုတုန်နှင့် ဆဲန်ထန်ဒေသများသို့ သွားရောက်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်ဟု ချင်းပြည်အစိုးရက ထုတ်ပြန်သည်။