Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ်သစ် ရွေးချယ်ရေးကိစ္စ အဆင်ပြေစေဖို့ MFPနဲ့ PTP နောက်ကွယ်က အဓိက ကြိုးကိုင်သူတွေ ညှိနှိုင်းပြီးပြီလို့ဆို

တရားဝင် ကြေညာချက် မထုတ်ပြန်သေးပေမယ့်လည်း နှစ်ဖက် သဘောတူညီမှုအရ MFPဟာ ပြည်ထောင်စု ထိုင်းအမျိုးသားပါတီ (UTNP)၊ ဒီမိုကရက်ပါတီ (TDP)တို့နဲ့ ပူးပေါင်းပြီး အတိုက်အခံ အင်အားစုအဖြစ် ရပ်တည်သွားမယ်လို့ ယုံကြည်ရပါတယ်။

ထိုင်းဝန်ကြီးချုပ်သစ် ရွေးချယ်ရေးကိစ္စ အဆင်ပြေစေဖို့ MFPနဲ့ PTP နောက်ကွယ်က အဓိက ကြိုးကိုင်သူတွေ ညှိနှိုင်းပြီးပြီလို့ဆို
ထိုင်းဝန်ကြီးချုပ်သစ် ရွေးချယ်ရေးကိစ္စ အဆင်ပြေစေဖို့ MFPနဲ့ PTP နောက်ကွယ်က အဓိက ကြိုးကိုင်သူတွေ ညှိနှိုင်းပြီးပြီလို့ဆို

ထိုင်းဝန်ကြီးချုပ်သစ် တင်မြှောက်ရေးကိစ္စ ချောချောမွေ့မွေ့ ဖြစ်စေဖို့အတွက် ရွေးကောက်ပွဲ အနိုင်ရ အဓိက အင်အားစု နှစ်ခုရဲ့ နောက်ကွယ်က ကြိုးကိုင်သူတွေကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ကြောင်း Bangkok Post သတင်းဌာနက ဖော်ပြသွားပါတယ်။

မေလလယ် ရွေးကောက်ပွဲမှာ လွှတ်တော်အမတ်နေရာ အများဆုံး ရရှိပြီး အနိုင်ရခဲ့တဲ့ Move Forwardပါတီ (MFP)ရဲ့ နာယက တစ်ဦးလို့ ဆိုရမယ့် Progressive Movementရဲ့ အကြီးအကဲ သာနာသောင် ဂျူအန်ဂရွန်ဂရူကစ်ဟာ ဟောင်ကောင်ကို သွားရောက်ပြီး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာနဲ့ အကျေအလည် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ သက်ဆင်ဟာ လောလောဆယ် ပြည်ပမှာ တိမ်းရှောင်နေရပေမယ့် ရွေးကောက်ပွဲမှာ ဒုတိယ မဲအများဆုံး ရခဲ့တဲ့ ဖျူထိုင်းပါတီ (PTP)ရဲ့ တကယ့်ခေါင်းဆောင် အစစ်အနေနဲ့ နောက်ကွယ်ကနေ ကြီးမှူးနေဆဲလို့ ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြပါတယ်။ လက်ရှိ PTPရဲ့ ခေါင်းဆောင်ကလည်း သက်ဆင်ရဲ့သမီး ပေတွန်တန် ရှီနာဝပ်ထရာ ဖြစ်ပါတယ်။

MFPနဲ့ PTPတို့ဟာ ပါတီ ၈ ခု ပါဝင်တဲ့ နိုင်ငံရေး မဟာမိတ် အဖွဲ့ကို စုစည်းပြီး လွှတ်တော်မှာ MFP ခေါင်းဆောင် ဖီထာ လင်မ်ဂျရွန်ရတ်ကို ဝန်ကြီးချုပ်သစ်အဖြစ် အဆိုပြု တင်မြှောက်ခဲ့ကြပေမယ့် ရွေးကောက်ခံ မဟုတ်တဲ့ အထက်လွှတ်တော် အမတ်အများစုရဲ့ ကန့်ကွက်မှုကြောင့် မအောင်မြင်ခဲ့ပါဘူး။ ဘုရင်စနစ်ကို လိုလားပြီး ကွန်ဆာဗေးတစ် ရှေးရိုးစွဲအမြင် ရှိကြတဲ့ အထက်လွှတ်တော် အမတ်အများစုက ပြုပြင်ပြောင်းလဲရေး ဝါဒစွဲ MFPနဲ့ ဖီထာတို့ကို တူးတူးခါးခါး ငြင်းဆိုကြပါတယ်။

ဒီအခြေအနေအရ MFPဟာ ဝန်ကြီးချုပ် တင်မြှောက်ခွင့်ကို လက်လွှတ်ပေးပြီး PTPက အဆိုတင်တဲ့ ဝန်ကြီးချုပ်သစ်ကို ထောက်ခံသွားမယ်လို့ ကြေညာထားပါတယ်။ ဩဂုတ် ၄ ရက်မှာတော့ ထိုင်းလွှတ်တော်ဟာ နောက်တစ်ကြိမ် ဝန်ကြီးချုပ်သစ် နေရာအတွက် မဲခွဲဆုံးဖြတ်လာနိုင်ပြီး PTPရဲ့ ဝန်ကြီးချုပ်လောင်း တစ်ဦးကို အဆိုပြုလာဖွယ် ရှိနေပါတယ်။ ဒါ့အပြင် သက်ဆင်ကလည်း နှစ်ရှည်လများ ပြည်ပကို တိမ်းရှောင်နေရာကနေ ဩဂုတ် ၁၀ ရက်မှာ ထိုင်းနိုင်ငံဆီ ပြန်လာမယ်လို့ ကြေညာထားပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ အခြေအနေမျိုးတွေနဲ့ တိုက်ဆိုင်ပြီး ဟောင်ကောင်မှာ သက်ဆင်နဲ့ သာနာသောင်တို့ ဆွေးနွေးခဲ့ကြတာပါ။ ပါတီနှစ်ခုရဲ့ နာယက ပုဂ္ဂိုလ်တွေ ဆွေးနွေးရာမှာ တကယ်လို့ လိုအပ်လာရင် MFP အနေနဲ့ ညွန့်ပေါင်း နိုင်ငံရေး အင်အားစုထဲကပါ နုတ်ထွက်ပေးဖို့ မူအားဖြင့် သဘောတူခဲ့တယ်လို့ PTPရဲ့ သတင်းရင်းမြစ် တစ်ဦးက Bangkok Postကို ပြောပါတယ်။ ဒါပေမဲ့ ဆွေးနွေးမှု အသေးစိတ် ရလဒ်တွေကိုတော့ ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။

တကယ်လို့သာ အထက်လွှတ်တော် အမတ်အများစုရဲ့ ဖိအားပေးမှုကြောင့် PTPဟာ MFPနဲ့ လက်တွဲဖြုတ်ခဲ့မယ်ဆိုရင် MFPဟာ ရွေးကောက်ပွဲမှာ မဲအများဆုံးနဲ့ အနိုင်ရပေမယ့် အတိုက်အခံ ပါတီအနေနဲ့ ရပ်တည်ရတော့မယ့် သဘောပါပဲ။

Progressive Movementဟာ သာနာသောင် ဦးစီးတည်ထောင်တဲ့ Future Forward ပါတီ (FFP)အနေနဲ့ ထိုင်းနိုင်ငံရေး လောကထဲမှာ စတင် ရပ်တည်ခဲ့ပါတယ်။ ဒီမိုကရေစီ အင်အားစု တစ်ခုဖြစ်တဲ့ FFPဟာ သာနာသောင်ဆီက ချေးငွေနဲ့ လည်ပတ်ခဲ့တယ်လို့ ထိုင်းအခြေခံ ဥပဒေ ခုံရုံးက သတ်မှတ်ပြီး အဲဒီကိစ္စဟာ တရားမဝင်ဘူးလို့ ဆုံးဖြတ်တဲ့အတွက် FFPကို ဖျက်သိမ်းခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ သာနာသောင်နဲ့ ပါတီအကြီးအကဲတွေက Progressive Movementအနေနဲ့ ရပ်တည်ပြီး MFPကို အသစ်ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ MFPရဲ့ မူဝါဒတွေနဲ့ ရွေးကောက်ပွဲကြို မဲဆွယ်လှုပ်ရှားမှုတွေမှာ Progressive Movementက အဓိက ပံ့ပိုးခဲ့ပါတယ်။

အခုသီတင်းပတ် အစောပိုင်းတုန်းက MFPရဲ့ အတွင်းရေးမှူးချုပ် ချိုင်တာဝပ် သာလာသောင်က ပါတီရဲ့ အကြီးအကဲတွေဟာ အစိုးရသစ် ဖွဲ့စည်းရေး ကိစ္စအတွက် ဟောင်ကောင်ကို သွားရောက်ပြီး သက်ဆင်နဲ့ ဆွေးနွေးခဲ့တယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆိုခဲ့ဖူးပါတယ်။ နောက်ထပ် ရက်ပိုင်းအကြာမှာ ဒီကိစ္စ အမှန်တကယ် ဖြစ်မြောက်ခဲ့ကြောင်း PTPဖက်က ထုတ်ပြောလာတာပါ။ သတင်းရင်းမြစ်တွေရဲ့ အဆိုအရ သာနာသောင်ဟာ ဇူလိုင် ၂၃ မှာ ဟောင်ကောင်ကို ထွက်ခွာသွားပြီး ဇူလိုင် ၂၇ မှာ ထိုင်းကို ပြန်ရောက်လာတယ်လို့ သိရပါတယ်။

တရားဝင် ကြေညာချက် မထုတ်ပြန်သေးပေမယ့်လည်း နှစ်ဖက် သဘောတူညီမှုအရ MFPဟာ ပြည်ထောင်စု ထိုင်းအမျိုးသားပါတီ (UTNP)၊ ဒီမိုကရက်ပါတီ (TDP)တို့နဲ့ ပူးပေါင်းပြီး အတိုက်အခံ အင်အားစုအဖြစ် ရပ်တည်သွားမယ်လို့ ယုံကြည်ရပါတယ်။

နောက်ပြီး PTP ဟာ MFP ကို စွန့်ခွာပြီး အထက်လွှတ်တော်ရဲ့ ထောက်ခံမှုကို ရယူချိန်မှာ သက်ဆင်ရဲ့ သမီးဖြစ်သူ ပေတွန်တန်ကို ဝန်ကြီးချုပ်အဖြစ် ထောက်ခံပေးဖို့ပါ ညှိနှိုင်းတောင်းဆိုလာဖွယ် ရှိနေကြောင်း ခန့်မှန်းမှုတွေလည်း ထွက်ပေါ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူသာမက မြဝတီမြို့ပေါ်ကို လေယာဉ်ဖြင့် ကင်းထောက်ပျံဝဲခြင်း၊ လေကြောင်းမှ ဗုံးချတိုက်ခိုက်ခြင်း၊ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်နေသည်။

နိုင်ငံတကာ

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနရော၊ ထိုင်းစစ်တပ်ပါ အဲဒီ ကိစ္စကို ကိုင်တွယ်ဖို့ မြန်မာဖက်က သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် ဆောင်ရွက်ဖို့ ဆရက်သာက ပြောပါတယ်။

နိုင်ငံတကာ

မြန်မာနိုင်ငံက စည်းလုံးတဲ့၊ ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့ အခြေအနေမျိုး ရပ်တည်နိုင်ရင် အကျိုးအမြတ် အရရှိဆုံးက ထိုင်းနိုင်ငံ ဖြစ်လာမယ်လို့လည်း ဆရက်သာက ပြောကြားသွားပါတယ်။

နိုင်ငံတကာ

ကွန်ဆာဗေးတစ်တွေဟာ သက်ဆင်ကို ခါးသီးပေမယ့်လည်း ပိုမို ဆိုးရွားတဲ့ ရန်သူလို့ သတ်မှတ်ထားတဲ့ ပြုပြင်ပြောင်းလဲရေးဝါဒီ ရှေ့သို့ချီပါတီ (MFP)ရဲ့ အင်အားကောင်းလာမှုကြောင့် PTPနဲ့ လက်တွဲဖို့ ဆုံးဖြတ်ခဲ့တာပါ။