Connect with us

Hi, what are you looking for?

သတင်း

ကျိုက်ထိုနယ်တိုက်ပွဲ စစ်ကောင်စီတပ် သုံးဦးသေဟု KNLA သတင်းရင်းမြစ်ပြော

ကျိုက်ထိုနယ် အပါအဝင် KNU တပ်မဟာ(၁)နယ်မြေတွင် စစ်ကောင်စီတပ် စစ်ကြောင်းများ၊ ယာဉ်တန်းများ၊ စစ်ကောင်စီတပ်စွဲရာနေရာများကို ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။

(KNLA မှ တပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - EPA)
(KNLA မှ တပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - EPA)

▪️စစ်ကောင်စီ လက်နက်ကြီးဖြင့် ရမ်းပစ်၍ အရပ်သား သုံးဦးသေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁)နယ်မြေ ကျိုက်ထိုမြို့နယ် ဇီးကုန်းကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ယမန်နေ့က တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ သေဆုံးမှုရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) သတင်းရင်းမြစ်က ပြောသည်။

ဇူလိုင် ၁၆ရက် နံနက်ပိုင်းက အင်အား ၁၅၀ခန့်ပါ စစ်ကောင်စီတပ်ကို KNLA တပ်ရင်း(၃)၊ သူရိယ စစ်ကြောင်း ဒရုံးတပ်ဖွဲ့၊ ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)၊ ကျိုက်ထို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)နှင့် ဘီးလင်း(ပကဖ)ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲမှာ နံနက် ၇နာရီမှ ၉နာရီအထိ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်မှ သုံးဦး သေဆုံးခဲ့ကြောင်း KNLA သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့၍ အရပ်သားပြည်သူများထိခိုက်ခဲ့ရာ အမျိုးသား နှစ်ဦး၊ အမျိုးသမီး တစ်ဦး သေဆုံးခဲ့သည်ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ကျိုက်ထိုနယ် အပါအဝင် KNU တပ်မဟာ(၁)နယ်မြေတွင် စစ်ကောင်စီတပ် စစ်ကြောင်းများ၊ ယာဉ်တန်းများ၊ စစ်ကောင်စီတပ်စွဲရာနေရာများကို ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်