Connect with us

Hi, what are you looking for?

သတင်း

နှစ်ရက်အတွင်းအထောက်အထားမဲ့မြန်မာနိုင်ငံသား ၇၀၀ ကျော် ဝင်ရောက်ခဲ့ခြင်းအပေါ် မဏိပူရ်ပြည်နယ်အစိုးရ စိုးရိမ်နေ

လက်ရှိ ကာလမျိုးမှာ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သူ ၇၁၈ ဦးထက်မနည်း ရှိခဲ့တယ်ဆိုတဲ့ ကိစ္စမျိုးဟာ ထိလွယ်ရှလွယ် ရှိလွန်းတဲ့ အခြေအနေမျိုးလို့ ဗဟိုအစိုးရက ယူဆထားကြောင်းလည်း မဏိပူရ အစိုးရက ကြေညာပါတယ်။

(စစ်​ဘေး​ရှောင်ရန်ပြင်ဆင်​နေ​သော ခမ်းပက်မြို့မှ ​​ဒေသခံများနှင့် ခမ်းပက်မြို့တည်​နေရာ​​ကို Google Map တွင်​နွေ့ရမှု ။ဓါတ်ပုံ-CJ)
(စစ်​ဘေး​ရှောင်ရန်ပြင်ဆင်​နေ​သော ခမ်းပက်မြို့မှ ​​ဒေသခံများနှင့် ခမ်းပက်မြို့တည်​နေရာ​​ကို Google Map တွင်​နွေ့ရမှု ။ဓါတ်ပုံ-CJ)

နှစ်ရက်အတွင်း အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၇၀၀ ကျော် နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်အစိုးရအဖွဲ့က အသေးစိတ် စုံစမ်းဖို့ ညွှန်ကြားထားပါတယ်။

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းဒေသတွေမှာနယ်စပ်လုံခြုံရေး ကဏ္ဍအတွက်ပူးပေါင်းတာဝန်ယူထားတဲ့ ပြည်သူ့စစ်အဖွဲ့ အာသံ ရိုင်ဖယ် အနေနဲ့ သူတို့ စောင့်ကြည့်နေတဲ့ အခြေအနေမှာတင် ဇူလိုင် ၂၂ နဲ့ ၂၃ ရက်တွေအတွင်းစာရွက်စာတမ်းအထောက်အထားမဲ့ မြန်မာနိုင်ငံသား ၇၁၈ ဦးထက်မနည်း မဏိပူရ်ကို ဝင်ရောက်ခဲ့တဲ့အပေါ် သေသေချာချာ ဖြေရှင်းပေးဖို့လိုကြောင်းပြည်နယ်အစိုးရအဖွဲ့ရဲ့ ပြည်ထဲရေး ဝန်ကြီးဌာနက ဇူလိုင် ၂၄ ရက် ညပိုင်းမှာကြေညာခဲ့ပါတယ်။

မဏိပူရ်ဟာပြီးခဲ့တဲ့လပိုင်းတွေအတွင်းလူမျိုး​ရေးပဋိပက္ခတွေကြောင့မငြိမ်မသက်မှုတွေ ကြုံတွေ့နေတဲ့ ပြည်နယ် တစ်ခုလည်း ဖြစ်ပါတယ်။ မကြာသေးခင်က မဏိပူရ်က တောင်ကြားမြေပြန့်တွေမှာ အဓိက နေထိုင်တဲ့ မယ်တီ မျိုးနွယ်စုတွေနဲ့ တောင်တန်းတွေမှာ အဓိက နေထိုင်တဲ့ ကူကီ တိုင်းရင်းသားတွေကြား သွေးချောင်းစီး လူသတ်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

မြန်မာနဲ့နယ်စပ်ချင်းထိစပ်နေတဲ့ပြည်နယ်မှာရှိရင်းစွဲမတည်ငြိမ်မှုတွေအပြင်အခုလိုနယ်စပ်ဖြတ်ကျော်ပြီး အစစ်အဆေးမရှိ ဝင်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံသားတွေကြောင့် ပြဿနာတွေ ပိုဆိုးလာမှာကို အိန္ဒိယ ဗဟိုအစိုးရကလည်း စိုးရိမ်နေတာဖြစ်ပါတယ်။ မဏိပူရ်ကို ဝင်ရောက်ခဲ့တဲ့ မြန်မာ ၇၀၀ ကျော်ထဲမှာ လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေ မဏိပူရဆီ တင်သွင်းလာသူတွေ ရောပါလာမှာကို အစိုးရက စိတ်ပူနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

မဏိပူရ် ပြည်နယ် အစိုးရကတော့ သူတို့ဟာ နယ်ခြားစောင့်တပ် အနေနဲ့တာဝန်ထမ်းဆောင်နေတဲ့အာသံရိုင်ဖယ်ကို မြန်မာနိုင်ငံသားတွေ အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုတွေကို ထိထိရောက်ရောက် ဟန့်တား စောင့်ကြည့်ဖို့ ညွှန်ကြားထားကြောင်း ပြောပါတယ်။

လက်ရှိ ကာလမျိုးမှာ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သူ ၇၁၈ ဦးထက်မနည်း ရှိခဲ့တယ်ဆိုတဲ့ ကိစ္စမျိုးဟာ ထိလွယ်ရှလွယ် ရှိလွန်းတဲ့ အခြေအနေမျိုးလို့ ဗဟိုအစိုးရက ယူဆထားကြောင်းလည်း မဏိပူရ အစိုးရက ကြေညာပါတယ်။

အန္ဒိယနိုင်ငံနဲ့ ထိစပ်​နေ့တဲ့ တမူးမြို့နယ် ခမ်းပက်မြို့ မှာ ​ဇူလိုင် ၂၂ ရက်ကည စပြီး တိုက်ပွဲ​တွေ ဖြစ်ပွား​တွေဖြစ်ပွား​နေပါတယ် ။တိုက်ပွဲ​တွေ ပိုမိုပြင်းထန်​လာသလို ၊စစ်​ကောင်စီတပ်ကအထိနာတဲ့အတွက် ​လေ​ကြောင်းက​နေ စစ်ကူ​တွေပို့​ပေး​နေပါတယ်။ တိုက်ပွဲ​တွေ ပိုပြင်းထန်လာတဲ့အတွက် ခမ်းပက်မြို့နဲ့ အနီးဝန်းကျင်ကျေးရွာကပြည်သူ​တွေထွက်​ပြေးတိမ်း​ရှောင် ​နေကြရပါတယ် ။ စစ်​ဘေး​ရှောင်အချို့က အန္ဒိယနိုင်ငံနယ်စပ်ဘက်ကိုထွက်​ပြေးတိမ်း​​ရှောင်​နေကြရတယ်လို့ ​ဒေသခံအချို့က ​ပြောပါတယ်။

လောလောဆယ်တော့ ပြည်နယ် အစိုးရအဖွဲ့ဟာ အာသံရိုင်ဖယ်ဆီက ဖြေရှင်းချက်ကို စောင့်ဆိုင်းနေဆဲလို့လည်း ပြောပါတယ်။ ပဋိပက္ခ အခြေအနေတွေအပြီး မဏိပူရ်ပြည်နယ်ဟာ ပုံမှန် အခြေအနေမျိုးဆီ တဖြည်းဖြည်းချင်း ပြန်လည် တည်ငြိမ်စ ပြုလာနေပေမယ့် အာဏာပိုင်တွေကတော့ ပြဿနာ မီးပွား ထပ်ကျနိုင်တဲ့ ခြိမ်းခြောက်မှု မှန်သမျှကို နိုးနိုးကြားကြား စောင့်ကြည့်နေပါတယ်။

မဏိပူရမှာ မေလ ၃ ရက် စတင်ခဲ့တဲ့ လူမျိုးရေး ပဋိပက္ခတွေကြောင့် လူပေါင်း ၁၅၀ ကျော် သေဆုံးပြီး ဒေသခံ ထောင်သောင်းချီ အရေအတွက်ထိ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

“ကြောက်မက်ဖွယ်နဲ့ စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ မတရားဖိနှိပ်မှုတွေက ဆက်လက်ဖြစ်ပေါ်နေပါတယ်” – ဥရောပသမဂ္ဂသံအမတ်ကြီး ဧပြီ-၂၊ ၂၀၂၆။ သော်မွန်/People’s Spring မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးအကျပ်အတည်းဟာ အဆိုးရွားဆုံးနဲ့ အရေးပေါ်အခြေအနေအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက လျစ်လျူရှုထားလို့ မရကြောင်း ဗြိတိန်လူ့အခွင့်အရေးသံအမတ်ကြီးအယ်လီနာဆန်ဒါးစ်က ပြောပါတယ်။ မတ်လ ၃၁ ရက်က...

သတင်း

မြန်မာနဲ့ လာအို နိုင်ငံတွေမှာကလေးတွေရဲ့ မဖွယ်မရာ ပုံရိပ်တွေကို မှတ်တမ်းယူခဲ့တဲ့ ဂျပန်အမျိုးသား နှစ်ဦးကို ဂျပန်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

အတွေးအမြင်

မြန်မာက ကမ္ဘာမှာဗိုလ်စွဲပါပြီ။ ဘိတ်ချီးနေရာကိုထာဝရ ကန်ထရိုက်စွဲထားခဲ့တဲ့နိုင်ငံ၊ ဘယ်သွားသွား မျက်နှာအောက်ချရတဲ့နိုင်ငံ၊ တစ်ဦးချင်းဝင်ငွေကြည့်လည်းအောက်ဆုံးကနိုင်ငံ၊ ကျန်းမာရေး အခြေအနေကြည့်လည်း အောက်ဆုံးကနိုင်ငံ အခုတော့နံပါတ်တစ် နေရာကိုပိုင်ပိုင်နိုင်နိုင်ကြီးရသွား ပါပြီ။