Connect with us

Hi, what are you looking for?

သတင်း

ယမန်နှစ်က မြန်မာနိုင်ငံတွင် အကူအညီပေးရေးဝန်ထမ်းများ အကြိမ်ပေါင်း ၂၀ တိုက်ခိုက်ခံခဲ့ရ

အကူအညီအလိုအပ်ဆုံးဖြစ်သည့် ထိခိုက်လွယ်လူ့အသိုက်အဝန်းများထံသို့ အကူအညီများ ရောက်ရန်လိုအပ်သည့်အတွက် အကူအညီပေးရေးဝန်ထမ်းများကို ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်ပြီး အတားအဆီးမရှိရဟု သံရုံးက ထုတ်ပြန်သည်။

ယမန်နှစ်က မြန်မာနိုင်ငံတွင် အကူအညီပေးရေးဝန်ထမ်းများ အကြိမ်ပေါင်း ၂၀ တိုက်ခိုက်ခံခဲ့ရ
ယမန်နှစ်က မြန်မာနိုင်ငံတွင် အကူအညီပေးရေးဝန်ထမ်းများ အကြိမ်ပေါင်း ၂၀ တိုက်ခိုက်ခံခဲ့ရ

▪︎အကူအညီပေးရေးဝန်ထမ်းများကို ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်ပြီး အတားအဆီးမရှိရဟု အမေရိကန်သံရုံးထုတ်ပြန်

၂၀၂၂ တွင် မြန်မာနိုင်ငံ၌ အကူအညီပေးရေးဝန်ထမ်းများ အကြိမ်ပေါင်း ၂၀ တိုက်ခိုက်ခံခဲ့ရပြီး အကူအညီပေးရေးဝန်ထမ်းများအား တိုက်ခိုက်မှုများကို လက်ခံနိုင်စရာ အကြောင်းမရှိဟု အမေရိကန်သံရုံးက ထုတ်ပြန်သည်။

ယနေ့ကျရောက်သော ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှုနေ့တွင် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက ထုတ်ပြန်ခြင်းဖြစ်ပြီး ၂၀၂၂ တွင် မြန်မာနိုင်ငံအတွင်းမှ အကူအညီပေးရေးဝန်ထမ်းများသည် လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခံရခြင်းနှင့် ဗုံးကြဲတိုက်ခိုက်ခံရခြင်းမှစ၍ ပြန်ပေးဆွဲခံရခြင်း၊ သေနတ်ဖြင့်ပစ်ခတ်ခံရခြင်းနှင့် ကိုယ်ထိလက်ရောက်တိုက်ခိုက်ခံရခြင်းအထိ တိုက်ခိုက်မှုပေါင်း အကြိမ် ၂၀ကို ရင်ဆိုင်ခဲ့ကြရသည်ဟု ဖော်ပြသည်။

“၎င်းတို့သည် မြန်မာနိုင်ငံတွင်းမှ အခြားသောလူပုဂ္ဂိုလ်များ ဆက်လက်အသက်ရှင်နေနိုင်ရေးအတွက် အရာရာကို စွန့်စွန့်စားစားပြုခဲ့ကြပါသည်” ဟု သံရုံးက ဆိုသည်။

အကူအညီအလိုအပ်ဆုံးဖြစ်သည့် ထိခိုက်လွယ်လူ့အသိုက်အဝန်းများထံသို့ အကူအညီများ ရောက်ရန်လိုအပ်သည့်အတွက် အကူအညီပေးရေးဝန်ထမ်းများကို ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်ပြီး အတားအဆီးမရှိရဟု သံရုံးက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

သို့​သော် မည်သည့်အဖွဲ့အစည်းက ၊မည်သူက ၊မည်သည့်​ဒေသတွင်စ​သော အချက်အလက် အ​သေးစိပ်ကိုမူ ထုတ်ပြန်ချက်တွင် မပါရှိပေ။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလကလည်း ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှုနေ့တွင် သဘောထားထုတ်ပြန်ခဲ့ရာ ကမ္ဘာတလွှား လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းများကို အသက်အန္တရာယ် ပဓာနမထားဘဲ စိတ်ရောကိုယ်ပါဆောင်ရွက်နေသူများအားလုံးကို အလေးအနက်ထား ဂုဏ်ပြုကြောင်း ဖော်ပြသည်။

ထို့အပြင် အာဏာသိမ်းစစ်တပ်က စစ်ရေးပစ်မှတ်၊ အရပ်သားပစ်မှတ် ခွဲခြားမှုမရှိဘဲ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခြင်း၊ အရပ်သားကျေးရွာများနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများကို ပိုမိုဆိုးရွားစွာ ကျူးလွန်နေခြင်းကြောင့် မြန်မာနိုင်ငံအတွင်း နေရပ် စွန့်ခွာ ဒုက္ခသည်များ တနေ့ထက်တနေ့ တိုးပွားလာနေပြီး လူသားချင်းစာနာမှုအကူအညီများ အရေးပေါ်လိုအပ်နေသည့် အခြေအနေဖြစ်သည်ဟု NUG ယာယီသမ္မတက ဖော်ပြသည်။

မြန်မာပြည်သူလူထုသည် သဘာ၀ဘေး၊ စစ်ဘေးအန္တရာယ်များကို ရင်ဆိုင်ကြုံတွေ့နေကြရသည်သာမက လူသားချင်းစာနာမှုအကူအညီများရရှိရန် အာဏာသိမ်းစစ်တပ်က ပိတ်ပင်တားဆီးခြင်းနှင့်ပါ ရင်ဆိုင် ကြုံတွေ့နေရကြောင်းနှင့် လူသားချင်းစာနာမှုအကူအညီများကို အာဏာသိမ်းစစ်တပ်က နိုင်ငံရေး၊ စစ်ရေးနှင့် ကိုယ်ကျိုးစီးပွားအတွက် အသုံးချဆောင်ရွက်ခြင်းကြောင့် အကူအညီလိုအပ်နေသော ပြည်သူ

လူထုထံ ထိရောက်သည့် လူသားချင်းစာနာမှုအကူအညီများ ရောက်ရှိရန် ခက်ခဲနေကြောင်း ယာယီသမ္မတက အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။