Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ယမန်နှစ်က မြန်မာနိုင်ငံတွင် အကူအညီပေးရေးဝန်ထမ်းများ အကြိမ်ပေါင်း ၂၀ တိုက်ခိုက်ခံခဲ့ရ

အကူအညီအလိုအပ်ဆုံးဖြစ်သည့် ထိခိုက်လွယ်လူ့အသိုက်အဝန်းများထံသို့ အကူအညီများ ရောက်ရန်လိုအပ်သည့်အတွက် အကူအညီပေးရေးဝန်ထမ်းများကို ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်ပြီး အတားအဆီးမရှိရဟု သံရုံးက ထုတ်ပြန်သည်။

ယမန်နှစ်က မြန်မာနိုင်ငံတွင် အကူအညီပေးရေးဝန်ထမ်းများ အကြိမ်ပေါင်း ၂၀ တိုက်ခိုက်ခံခဲ့ရ
ယမန်နှစ်က မြန်မာနိုင်ငံတွင် အကူအညီပေးရေးဝန်ထမ်းများ အကြိမ်ပေါင်း ၂၀ တိုက်ခိုက်ခံခဲ့ရ

▪︎အကူအညီပေးရေးဝန်ထမ်းများကို ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်ပြီး အတားအဆီးမရှိရဟု အမေရိကန်သံရုံးထုတ်ပြန်

၂၀၂၂ တွင် မြန်မာနိုင်ငံ၌ အကူအညီပေးရေးဝန်ထမ်းများ အကြိမ်ပေါင်း ၂၀ တိုက်ခိုက်ခံခဲ့ရပြီး အကူအညီပေးရေးဝန်ထမ်းများအား တိုက်ခိုက်မှုများကို လက်ခံနိုင်စရာ အကြောင်းမရှိဟု အမေရိကန်သံရုံးက ထုတ်ပြန်သည်။

ယနေ့ကျရောက်သော ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှုနေ့တွင် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက ထုတ်ပြန်ခြင်းဖြစ်ပြီး ၂၀၂၂ တွင် မြန်မာနိုင်ငံအတွင်းမှ အကူအညီပေးရေးဝန်ထမ်းများသည် လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခံရခြင်းနှင့် ဗုံးကြဲတိုက်ခိုက်ခံရခြင်းမှစ၍ ပြန်ပေးဆွဲခံရခြင်း၊ သေနတ်ဖြင့်ပစ်ခတ်ခံရခြင်းနှင့် ကိုယ်ထိလက်ရောက်တိုက်ခိုက်ခံရခြင်းအထိ တိုက်ခိုက်မှုပေါင်း အကြိမ် ၂၀ကို ရင်ဆိုင်ခဲ့ကြရသည်ဟု ဖော်ပြသည်။

“၎င်းတို့သည် မြန်မာနိုင်ငံတွင်းမှ အခြားသောလူပုဂ္ဂိုလ်များ ဆက်လက်အသက်ရှင်နေနိုင်ရေးအတွက် အရာရာကို စွန့်စွန့်စားစားပြုခဲ့ကြပါသည်” ဟု သံရုံးက ဆိုသည်။

အကူအညီအလိုအပ်ဆုံးဖြစ်သည့် ထိခိုက်လွယ်လူ့အသိုက်အဝန်းများထံသို့ အကူအညီများ ရောက်ရန်လိုအပ်သည့်အတွက် အကူအညီပေးရေးဝန်ထမ်းများကို ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်ပြီး အတားအဆီးမရှိရဟု သံရုံးက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

သို့​သော် မည်သည့်အဖွဲ့အစည်းက ၊မည်သူက ၊မည်သည့်​ဒေသတွင်စ​သော အချက်အလက် အ​သေးစိပ်ကိုမူ ထုတ်ပြန်ချက်တွင် မပါရှိပေ။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလကလည်း ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှုနေ့တွင် သဘောထားထုတ်ပြန်ခဲ့ရာ ကမ္ဘာတလွှား လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းများကို အသက်အန္တရာယ် ပဓာနမထားဘဲ စိတ်ရောကိုယ်ပါဆောင်ရွက်နေသူများအားလုံးကို အလေးအနက်ထား ဂုဏ်ပြုကြောင်း ဖော်ပြသည်။

ထို့အပြင် အာဏာသိမ်းစစ်တပ်က စစ်ရေးပစ်မှတ်၊ အရပ်သားပစ်မှတ် ခွဲခြားမှုမရှိဘဲ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခြင်း၊ အရပ်သားကျေးရွာများနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများကို ပိုမိုဆိုးရွားစွာ ကျူးလွန်နေခြင်းကြောင့် မြန်မာနိုင်ငံအတွင်း နေရပ် စွန့်ခွာ ဒုက္ခသည်များ တနေ့ထက်တနေ့ တိုးပွားလာနေပြီး လူသားချင်းစာနာမှုအကူအညီများ အရေးပေါ်လိုအပ်နေသည့် အခြေအနေဖြစ်သည်ဟု NUG ယာယီသမ္မတက ဖော်ပြသည်။

မြန်မာပြည်သူလူထုသည် သဘာ၀ဘေး၊ စစ်ဘေးအန္တရာယ်များကို ရင်ဆိုင်ကြုံတွေ့နေကြရသည်သာမက လူသားချင်းစာနာမှုအကူအညီများရရှိရန် အာဏာသိမ်းစစ်တပ်က ပိတ်ပင်တားဆီးခြင်းနှင့်ပါ ရင်ဆိုင် ကြုံတွေ့နေရကြောင်းနှင့် လူသားချင်းစာနာမှုအကူအညီများကို အာဏာသိမ်းစစ်တပ်က နိုင်ငံရေး၊ စစ်ရေးနှင့် ကိုယ်ကျိုးစီးပွားအတွက် အသုံးချဆောင်ရွက်ခြင်းကြောင့် အကူအညီလိုအပ်နေသော ပြည်သူ

လူထုထံ ထိရောက်သည့် လူသားချင်းစာနာမှုအကူအညီများ ရောက်ရှိရန် ခက်ခဲနေကြောင်း ယာယီသမ္မတက အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။