Connect with us

Hi, what are you looking for?

သတင်း

လားရှိုးတွင် TNLAနှင့် စစ်ကောင်စီတိုက်ပွဲဖြစ်

ဇူလိုင် ၂၆ရက် နံနက် ၁၀နာရီခန့်တွင် လားရှိုးမြို့နယ်ခေနင်းရွာနှင့်နာယမအကြား ပြည်ထောင်စုလမ်းမပေါ်တွင် ထိပ်တိုက်တွေ့ကာ တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်သည်ဟု TNLAက ဆိုသည်။

(တအာင်းတပ်မတော်(TNLA)တပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(တအာင်းတပ်မတော်(TNLA)တပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)

▪️စစ်ကောင်စီတပ်မှ သုံးဦးသေ၊ ကားတစ်စီးပျက်စီးဟု အသိပေး

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်တွင် တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့ယမန်နေ့ကတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။

ဇူလိုင် ၂၆ရက် နံနက် ၁၀နာရီခန့်တွင် လားရှိုးမြို့နယ်ခေနင်းရွာနှင့်နာယမအကြား ပြည်ထောင်စုလမ်းမပေါ်တွင် ထိပ်တိုက်တွေ့ကာ တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်သည်ဟု TNLAက ဆိုသည်။

လားရှိုးမှ သီပေသို့ထွက်ခွာလာသည့် တပ်သားအပြည့်တင်လာသော စစ်ကောင်စီယာဉ် ၈စီးပါယာဉ်တန်းကိုနယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသည့် TNLAက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သုံးဦးသေ၊ ၅ဦးဒဏ်ရာရခဲ့ပြီး TNLAက ပစ်ခတ်တိုက်ခိုက်ခဲ့သည့် လက်နက်ကြီးထိမှန်၍ ယာဉ်တစ်စီးပျက်စီးသွားသည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

တိုက်ပွဲသတင်းနှင့်အတူ စစ်ကောင်စီယာဉ်တန်းသွားလာမှု ရုပ်သံမှတ်တမ်းကိုလည်း ဖော်ပြခဲ့ရာ ပျက်စီးနေသည့်စစ်သုံးယာဉ်တစ်စီးကို ကရိန်းယာဉ်ဖြင့် သယ်ယူသွားသည်ကို တွေ့ရသည်။

TNLAနှင့် စစ်ကောင်စီတပ်တို့သည် ဇူလိုင်လအတွင်းတိုက်ပွဲ ၆ကြိမ်ထက်မနည်းဖြစ်ပွားခဲ့သည်။ ကျောက်မဲ၊ မူဆယ်၊ ကွတ်ခိုင် ၊ လားရှိုးမြို့နယ်တို့၌ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ကလည်း ဇူလိုင် ၂၅ရက်တွင် TNLA တပ်ရှိသည်ဟုဆိုကာ မူဆယ်မြို့နယ်နမ့်အွမ်ကျေးရွာအုပ်စု၊ ဆိုင်ခေါင် ကျေးရွာကိုလက်နက်ကြီးလေကြောင်းဖြင့် တိုက်ခိုက်ခဲ့ရာ အမျိုးသားတစ်ဦးပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီးတစ်ဦး ဆေးရုံ၌သေဆုံးခဲ့သည်။

သေဆုံးခဲ့သည့် အမျိုးသား၏ ရုပ်အလောင်းကို စစ်ကောင်စီက မိသားစုဝင်များထံမှ လုယူကာ TNLA ဝတ်စုံ ဝတ်ဆင်ပေးခဲ့ပြီး အရပ်သား သေဆုံးမှုကို ဖုံးကွယ်ရန် ကြိုးပမ်းခဲ့သည်ဟု TNLA သတင်းနှင့်ပြန်ကြားရေးအရာရှိက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။