Connect with us

Hi, what are you looking for?

သတင်း

ကရင့်လက်နက်ကိုင်လေးဖွဲ့ ညီညွတ်ရေးကော်မတီက လေးကေ့ကော်ဒေသ စစ်ရှောင်များအား စားနပ်ရိက္ခာထောက်ပံ့

ကရင်လက်နက်ကိုင် လေးဖွဲ့ကော်မတီတွင်ပါဝင်သည့် BGF သည် စစ်ကောင်စီလက်အောက်ခံတပ်ဖြစ်သော်လည်း ယခု ကော်မတီက ထောက်ပံ့မှုပေးအပ်ခြင်းသည် ကရင်လက်နက်ကိုင်တပ်များ ညီညွတ်ရေးအတွက်ဆောင်ရွက်မှု လမ်းကြောင်းမှ ဆောင်ရွက်ခြင်းဖြစ်သည်ဟုဆိုသည်။

(ကရင့်လက်နက်ကိုင် လေးဖွဲ့စည်းလုံးညီညွတ်ရေးကော်မတီက လေးကေ့ကော်ဒေသအနီးတဝိုက်ရှိ စစ်ရှောင်ပြည်သူများအားစားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်နေစဥ်။ ဓာတ်ပုံ - ပေးပို့)
(ကရင့်လက်နက်ကိုင် လေးဖွဲ့စည်းလုံးညီညွတ်ရေးကော်မတီက လေးကေ့ကော်ဒေသအနီးတဝိုက်ရှိ စစ်ရှောင်ပြည်သူများအားစားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်နေစဥ်။ ဓာတ်ပုံ - ပေးပို့)

ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် ကရင့်လက်နက်ကိုင် လေးဖွဲ့စည်းလုံးညီညွတ်ရေးကော်မတီက ကရင်ပြည်နယ် လေးကေ့ကော်ဒေသအနီးတဝိုက်ရှိ စစ်ရှောင်ပြည်သူများအားစားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ကရင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ယနေ့(ဇွန်လ ၈ရက်)တွင် KNU၊ DKBA၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(PC)၊ နယ်ခြားစောင့်တပ်ဖွဲ့(BGF) လေးဖွဲ့ပေါင်းပြီး စစ်ရှောင်များအား ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ကရင်လက်နက်ကိုင်လေးဖွဲ့က စုပေါင်းပြီ လေးလေးကေ့ကော်နားကရှိတဲ့ရွာတွေကို စုပေါင်းပြီး စားနပ်ရိက္ခာထောက်ပံ့တယ်လေ။ အရင်တုန်းက တစ်ဖွဲ့စ၊နှစ်ဖွဲ့စလှူတာရှိတယ်။အခုကတော့ လေးဖွဲ့ပေါင်းထားတဲ့ကော်မတီက လှူတာပေါ့။ သူတို့ပြောတာတော့ စစ်ဘေးကာလလည်းဖြစ်တယ် ပြေးလွှားရှောင်ရှားနေရတဲ့ပေါ့”ဟု ကရင်သတင်းရင်းမြစ်က ပြောသည်။

ကရင်လက်နက်ကိုင် လေးဖွဲ့ကော်မတီတွင်ပါဝင်သည့် BGF သည် စစ်ကောင်စီလက်အောက်ခံတပ်ဖြစ်သော်လည်း ယခု ကော်မတီက ထောက်ပံ့မှုပေးအပ်ခြင်းသည် ကရင်လက်နက်ကိုင်တပ်များ ညီညွတ်ရေးအတွက်ဆောင်ရွက်မှု လမ်းကြောင်းမှ ဆောင်ရွက်ခြင်းဖြစ်သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ယနေ့ စားနပ်ရိက္ခာပေးအပ်ရာတွင် သေ့ဘောဘိုးရွာရှိ အိမ်ခြေ ၃၀၀ကျော်မှ လူဦးရေ တစ်ထောင်ကျော်၊ ဘလယ်ဒိုကျေးရွာရှိ အိမ်ထောင်စု ၁၀၀ကျော်မှ လူဦးရေ ၅၀၀ကျော်၊ တောင်နီကျေးရွာမှ အိမ်ထောင်စု ၁၀၀ကျော်မှ လူဦးရေ ၆၀၀ကျော်၊ လူကိုထကျေးရွာမှ အိမ်ထောင်စု ၁၂၀ ကျော်မှ လူဦးရေ ၃၈၀ကျော် စုစုပေါင်း အိမ်ထောင်စု ၆၇၀ကျော်မှ လူဦးရေ ၂,၅၀၀ ကျော်ကို ထောက်ပံ့ပေးအပ်ခဲ့သည်ဟု ကရင်သတင်းရင်းမြစ်က အသိပေးသည်။

အဆိုပါဒေသတွင် KNU ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်၏ လေကြောင်း လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် ဒေသခံများ ထိခိုက်ဆုံးရှုံးမှု၊ စစ်ဘေးဒုက္ခကြုံတွေ့ရမှုများစွာရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းက စစ်တပ် မီးရှို့ဖျက်ဆီးလို့ မီးဘေးသင့်ခဲ့ရသူတွေနဲ့ ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေနဲ့ ကျန်းမာရေးစောင့်ရှောက်တာတွေ ဒီက​နေ့ (သြဂုတ် ၂၅) ပြုလုပ်ပေးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူပေးတာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတွေ ဒီကနေ့ (သြဂုတ် ၂၀) က ပြုလုပ်ပေးခဲ့ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့ အနီးမှာ တိုက်ပွဲ‌တွေကြောင့် စစ်ဘေးရှောင်နေရတဲ့ ဒေသခံပြည်သူတွေအတွက် ကျပ်သိန်း ၄၀ ထောက်ပံ့ပေးခဲ့တယ်လို့ မော်ဒယ် လုလု‌အောင်က အသိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်းက စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ဘေးရှောင်နေရတဲ့ဒေသခံပြည်သူ ထောင်နဲ့ချီပြီး စား‌ဝတ်နေရေးခက်ခဲ နေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီသူတွေကပြောပါတယ်။