Connect with us

Hi, what are you looking for?

သတင်း

ပစ်ခတ်မှုကြောင့်ပျက်ကျသွားခဲ့သော K-8W တိုက်လေယာဥ်တွင် ဗိုလ်ကြီးသော်ဇင်နှင့် ဗိုလ်အောင်ဖြိုးကျော်တို့ သေဆုံးခဲ့ဟု ကလလတ အသိပေး

ဇွန်လ ၃၀ ရက်က ရွာသစ်မြို့အနီးတိုက်ပွဲတွင် ကလလတ နှင့် ပူးပေါင်းတပ်များ ပစ်ခတ်ခဲ့သည့် စစ် ကောင်စီ၏ တိုက်လေယာဥ်ကို အသေးစိတ်ထောက်လှမ်းမှုများစွာပြုလုပ်ခဲ့သည်ဟု ဆိုသည်။

(​လေယာဥ်ပျက်ကျခဲ့သည်ဆို​သော​နေရာကို ကလလတက ဇူလိုင် ၅ ရက်တွင် ထုတ်ပြန်ထား​စဥ် ။ ဓာတ်ပုံ- ကလလတ)
(​လေယာဥ်ပျက်ကျခဲ့သည်ဆို​သော​နေရာကို ကလလတက ဇူလိုင် ၅ ရက်တွင် ထုတ်ပြန်ထား​စဥ် ။ ဓာတ်ပုံ- ကလလတ)

ပစ်ခတ်မှုကြောင့် ပျက်ကျသွားခဲ့သော စစ်ကောင်စီ၏ K-8W တိုက်လေယာဥ်တွင် ဗိုလ်ကြီး သော်ဇင်နှင့် ဗိုလ်အောင်ဖြိုးကျော်တို့ သေဆုံးခဲ့ကြောင်း ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး – ကလလတ(KNPLF)က ယနေ့ အသိပေးထုတ်ပြန်သည်။

ဇွန်လ ၃၀ ရက်က ရွာသစ်မြို့အနီးတိုက်ပွဲတွင် ကလလတ နှင့် ပူးပေါင်းတပ်များ ပစ်ခတ်ခဲ့သည့် စစ် ကောင်စီ၏ တိုက်လေယာဥ်ကို အသေးစိတ်ထောက်လှမ်းမှုများစွာပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ပစ်ချခဲ့သော တိုက်လေယာဥ် အမျိုးအစားမှာ K-8W ဖြစ်ပြီး တိုက်လေယာဥ်အမှတ်(၃၉၃၅) ဖြစ်ပြီး ထိုနေ့တိုက်ပွဲ၌ ဗိုလ်ကြီးသော်ဇင်နှင့် ဗိုလ်အောင်ကျော်ဖြိုးတို့မောင်းနှင်ခဲ့ကြောင်း ဖော်ပြသည်။

၎င်းတို့သည် တောင်ငူလေယာဥ်ကွင်းမှ ပျံတက်လာခဲ့ခြင်းဖြစ်ပြီး ရွာသစ်ဒေသ အရှေ့ဖက်တောအတွင်း ထိုးကျပျက်စီးသွားကာ လေယာဥ်ပျက်စီးမှုကို ဒရုန်းတပ်ဖွဲ့က မှတ်တမ်းတင်ရန် အကြိမ်ကြိမ်ကြိုးပမ်းခဲ့သော်လည်း ရှင်းလင်းသော မြင်ကွင်းကိုရယူရန် မလွယ်ကူ၍ အဝေးကသာ မှတ်တမ်းတင်နိုင်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

အဆိုပါလေယာဥ်ပျက်ကျရာနေရာအနီးတစ်ဝိုက်ကို စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ပြီးနောက် လေယာဥ်အပျက်အစီးများကို တစ်စမကျန် ကောက်ယူသွားသည်ဟု ဆိုသည်။

ပျက်ကျသွားခဲ့သည့် K-8W ၊ တိုက်လေယာဥ်အမှတ်(၃၉၃၅)နှင့်အတူ တစ်ပါးတည်း ပျက်ကျ သေဆုံးသွားခဲ့သော ဗိုလ်ကြီးသော်ဇင်နှင့် ဗိုလ်အောင်ကျော်ဖြိုးတို့ကို စစ်ကောင်စီက ယခု ဇူလိုင် ၂၃ရက်က သူရဘွဲ့နှင့် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်များ ပေးအပ်ခဲ့သည်။

စစ်ကောင်စီ၏ လေယာဥ်ကို တိုက်ခိုက်ခဲ့မှုမှတ်တမ်းအရ နီးနီးကပ်ကပ်ထိုးဆင်းတိုက်ခိုက်လာ၍ လေယာဥ်ကိုရှောင်ရှားနိုင်ရန်အချိန်နှင့်နေရာမရှိသဖြင့် ရှိသမျှ လက်နက်ငယ်မျိုးစုံဖြင့် ပစ်ခတ်ခဲ့ခြင်းဟု ကလလတက ပြောသည်။

“ဇွန်လ နောက်ဆုံးပတ်က ရွာသစ်ဖက်ကို စကစဘက်က တပ်ရင်းသုံးရင်းလောက် အပြင် လေကြောင်းကပါ ထိုးစစ်ဆင်ရင် တိုက်ပွဲဖြစ်တယ်။ အဲဒီအချိန် ရွာသစ်အရှေ့ဖက်မှာ ကလလတက တပ်လှုပ်ရင်း စကစ လေယာဥ်နဲ့ အနီးကပ်တွေ့ပြီး ဝိုင်းပစ်ရင်းပျက်ကျခဲ့တာ”ဟု ကရင်နီစစ်ဖက်ရေးရာ သတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

K-8W ပျက်ကျခဲ့မှုကို တပ်ဖွဲ့ဥက္ကဌ၊ပြည်သူ့လုံခြုံရေးနှင့် NUGထံ လိပ်မူ၍ ယခုလ ၉ ရက်က အသိပေးအစီရင်ခံခဲ့ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

စစ်ကောင်စီလေယာဥ်ကို ရဲရဲရင့်ရင့် ရင်ဆိုင်ပစ်ခတ်ခဲ့သည့် တပ်မှူးတပ်သားများ၏ စိတ်ဓာတ် ကို မှတ်တမ်းတင်ပြီး ပျက်ကျခဲ့သည်ကို ခိုင်မာစွာသိရှိရန် စုံစမ်းထောက် လှမ်းပေးကြသည့် မိတ်ဆွေအဖွဲ့အစည်းများကို ကျေးဇူးတင်ရှိကြောင်းလည်း ကလလတက ဆိုသည်။

၁၉၉၄ကစ၍ နယ်ခြားစောင့်တပ် (BGF)အဖြစ် ဖိအားပေး အသွင်ပြောင်းခံထားရသည့် ကလလတ၏ မယ်စဲ့မြို့နယ်၊ ပန်တိမ်းအခြေစိုက်BGF တပ်ရင်းအမှတ် (၁၀၀၄)သည် မူလအတိုင်း ကလလတ (4878) တပ်ရင်း အဖြစ်လည်းကောင်း၊ ရွာသစ်မြို့အခြေစိုက် BGF တပ်ရင်းအမှတ် (၁၀၀၅) သည် မူလအတိုင်း ကလလတ (7894)တပ်ရင်းအဖြစ် ပြောင်းလဲခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကို ဖိအားပေးကာ နယ်ခြားစောင့်တပ်အဖြစ် လက်အောက်သွပ်သွင်းထားရာမှ ၁၀၀၄ ၊ ၁၀၀၅တို့သည် စစ်ကောင်စီကို ပြန်လည်တွန်းလှန်တိုက်ခိုက်သည့် ပထမဆုံးတပ်ရင်းများ ဖြစ်လာသည်။

လက်ရှိအချိန်ထိ မယ်စဲ့မြို့ကို ကရင်နီတပ်ပေါင်းစုက ထိန်းချုပ်ထားဆဲဖြစ်ကာ မြို့ကိုပြန်လည်ရရှိရေးစစ် ကောင်စီဘက်က ဖားဆောင်းနှင့်ရွာသစ် မြို့ဘက်မှမြေပြင်တပ်ရင်း ခြောက်ခုထက်မနည်းအပါအဝင် နေ့စဥ်လေကြောင်းပစ်ကူ အသုံးပြုလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။