Connect with us

Hi, what are you looking for?

သတင်း

အာဇာနည်နေ့လှုပ်ရှားမှုလုပ်လို့ သာယာဝတီထောင်မှာ နိုင်ကျဉ်း ၃၁ ဦး တိုက်ပိတ်ခံနေရ

ကနဦးက အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ ၁၅ ဦး ကို အာဇာနည်နေ့မှာ အနက်ရောင် ဖဲကြိုး လှုပ်ရှားမှု ထောင်တွင်းမှာပြုလုပ်လို့ တိုက်ပိတ်ထားတဲ့သတင်းသာထွက်ခဲ့တာပါ။

အာဇာနည်နေ့လှုပ်ရှားမှုလုပ်လို့ သာယာဝတီထောင်မှာ နိုင်ကျဉ်း ၃၁ ဦး တိုက်ပိတ်ခံနေရ
အာဇာနည်နေ့လှုပ်ရှားမှုလုပ်လို့ သာယာဝတီထောင်မှာ နိုင်ကျဉ်း ၃၁ ဦး တိုက်ပိတ်ခံနေရ

အာဇာနည်နေ့ လှုပ်ရှားမှုပြုလုပ်တယ်ဆိုပြီး သာယာဝတီထောင်မှာ ဒီနေ့အထိတိုက်ပိတ်ခံရသူနိုင်ငံရေးအကျဉ်းသားဦးရေဟာ ၃၁ ဦးထိရှိလာပြီလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ဆီကသိရပါတယ်။

ကနဦးက အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ ၁၅ ဦး ကို အာဇာနည်နေ့မှာ အနက်ရောင် ဖဲကြိုး လှုပ်ရှားမှု ထောင်တွင်းမှာပြုလုပ်လို့ တိုက်ပိတ်ထားတဲ့သတင်းသာထွက်ခဲ့တာပါ။

အဲဒီနောက် အမျိုးသားအဆောင်မှာလည်း ဇူလိုင် ၁၉ အာဇာနည်နေ့မှာ အခမ်းအနားလုပ်တယ်ဆိုပြီး ၁၆ ဦး တိုက်ပိတ်ခံထားရတယ်ဆိုတာကို ထပ်သိရတာဖြစ်ပါတယ်။

” မနေ့ကမှ ယောင်္ကျားလေးတွေပါ တိုက်ပိတ်ခံရတယ်ဆိုတာသိရတာပါ” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် ရဲ့တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ထောင်တွင်း အာဇာနည်နေ့အခမ်းအနားကို NLD သန်လျင်မြို့နယ် လူငယ်လုပ်ငန်းအဖွဲ့ ကိုသန်းတိုးအောင်က ဦးဆောင်တယ်လို့ ထောင်အာဏာပိုင်တွေစွပ်စွဲပါတယ်။

ကိုသန်းတိုးအောင်နဲ့ နိုင်ငံရေးအကျဉ်းသား ၁၅ ဦးကို သာယာဝတီထောင်တွင်း မင်းဂံဓမ္မာရုံမှာ ထောင်ပုံစံပေးပြီး ရိုက်နှက်ကာ တိုက်ပိတ်တာလို့ သိရပါတယ်။

ကိုသန်းတိုးအောင် အပါအဝင် အမျိုးသား ၄ ဦးဟာ မေ့မျောတဲ့အထိ ရိုက်နှက်ခံပြီး ထောင်တွင်းဆေးရုံတင်ထားရတယ်လို့ သာယာဝတီထောင်နဲ့ နီးစပ်သူက ပြောပြပါတယ်။

ရိုက်နှက်ခံရသူတွေထဲမှာ ကိုသန်းတိုးအောင်ရဲ့ အခြေအနေစိုးရိမ်ရတယ်လို့လည်းသိရပါတယ်။

သာယာဝတီထောင်ဟာ ခေတ်အဆက်ဆက် မှာ နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်တဲ့ ပုံစံထောင်အဖြစ် နာမည်ဆိုးနဲ့ကျော်ကြားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ဖမ်းခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ သာယာဝတီထောင်ကို ပြောင်းရွှေ့ခံရရင် ထောင်အဝင်မှာတင် မော်တာကြိုးနဲ့ အပြင်းအထန် ရိုက်နှက်တာမျိုး ပြုလုပ်တယ်လို့ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေထံက သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

လူထုခေါင်း‌ဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း အတည်ပြုနိုင်ခဲ့တာကြောင့် မိသားစုနဲ့ တွေ့ဆုံနိုင်ဖို့ နဲ့ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ်မြောက်ရေးအတွက် ဆက်လက်တောင်းဆိုသွားမယ်လို့ Proof Of Life ကမ်ပိန်းကို ဦးဆောင်တဲ့ All in One Piece Movement က​ကြေညာပါတယ်။