Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

သာယာဝတီထောင်မှာ နိုင်ငံရေးအကျဉ်းသူ ၁၅ ဦးတိုက်ပိတ်ခံထားရ

သာယာဝတီထောင်ဟာ နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်တဲ့နေရာမှာ ခေတ်အဆက်ဆက် နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ပုံစံထောင်လည်းဖြစ်ပါတယ်။

သာယာဝတီထောင်မှာ နိုင်ငံရေးအကျဉ်းသူ ၁၅ ဦးတိုက်ပိတ်ခံထားရ
သာယာဝတီထောင်မှာ နိုင်ငံရေးအကျဉ်းသူ ၁၅ ဦးတိုက်ပိတ်ခံထားရ

ထောင်တွင်းအာဇာနည်နေ့ လှုပ်ရှားမှုပြုလုပ်တယ်ဆိုပြီး သာယာဝတီအကျဉ်းထောင်မှာနိုင်ငံရေးအကျဉ်းသူ ၁၅ ဦးကို ထောင်အာဏာပိုင်တွေက တိုက်ပိတ်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်ထံကသိရပါတယ်။

ပြီးခဲ့တဲ့ အာဇာနည်နေ့ ဇူလိုင် ၁၉ ရက်မှာ အနက်ရောင်ဖဲကြိုး ကိုယ်စီ အင်္ကျီမှာ တပ်ဆင်ပြီးလှုပ်ရှားမှုပြုလုပ်တယ်ဆိုကာ ဒီနေ့ သြဂုတ်လ ၁ ရက်အထိ တိုက်ပိတ်ထားတာပါ။

“ကျွန်တော်တို့ ထောင်ကနေ နီးစပ်တဲ့သူ သတင်းရင်းမြစ်ခိုင်မာတဲ့သူဆီကနေတဆင့်ပြန်သိရတာပါ” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်က အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

တိုက်ပိတ်ခံရသူတွေ နိုင်ငံရေးအကျဉ်းသူ ၁၅ ဦးကို သာယာဝတီထောင် တိုက်အမှတ် ၂၀ မှာ တစ်ယောက်တစ်ခန်းစီထားတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပိတ်ခံရသူတွေဟာ မနှင်းလဲ့နန္ဒာလွင်၊ မရွှန်းအိဖြူ၊မနီလာစိမ်း၊ မဆုရည်ပိုင် ၊မဝတ်ရည်လွင် ၊မအေးသီတာကျော် ၊မရီရီဆွေ ၊မလွင်လွင်ညွန့်(ခ)အားဂျာ ၊မစန္ဒီညွန့်ဝင်း၊မအေးသက်စံ ၊မရွှေရည်ညွှန့်(ခ)သဲသဲ ၊မယမင်းထက်၊မထူးထက်ထက်ဝေ ၊မမျိုးသန္တာထွန်း၊မမိုးမြတ်သဇင်တို့ဖြစ်ကြပါတယ်။

အများစုဟာ လူငယ် နိုင်ငံရေးအကျဉ်းသူတွေဖြစ်ပြီး သက်ကြီးပိုင်း အနေနဲ့ အသက် ၆၀ ဝန်းကျင်အမျိုးသမီးကြီးတစ်ဦးပါဝင်တယ်လို့သိရပါတယ်။

သာယာဝတီထောင်ဟာ နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်တဲ့နေရာမှာ ခေတ်အဆက်ဆက် နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ပုံစံထောင်လည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အဝေး က သဘောထား ကြေညာခဲ့ရာ ယင်းကြေညာမှု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA)၏ သဘောထား မပါဝင်ကြောင်း PNLO ဥက္ကဋ္ဌ ခွန်သူရိန်က ပြောကြားလိုက်သည်။

သတင်း

မနိုဘယ်လ်အေးသည် ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့‌သောကြောင့် ထောင်ဒဏ်(၄၂)နှစ် ကျခံရဖူးသူ နိုင်ငံရေးအကျဉ်းသူတစ်ဦးဖြစ်သည်။

သတင်း

▪︎"ဒီမှာရှိတဲ့ ခေါင်းဆောင်တွေ တပ်ဗိုလ်တပ်မှူးတွေ ယုံကြည်ချက် တူညီတဲ့ အစုအဖွဲ့တွေ စုဖွဲ့ပြီး စစ်အာဏာရှင်ကို တိုက်ဖျက်ချေမှုန်းဖို့ အတွက် ကျနော်တို့ အင်အားတစ်ခုအနေနဲ့ဆက်လက်တိုက်ပွဲဝင်မယ့်အကြောင်းပါ”

သတင်း

လတ်တလောတွင် KIAက ကချင်နှင့်ရှမ်းမြောက်ရှိစစ်ကောင်စီတပ်စခန်း တစ်ခုပြီး တစ်ခု ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်နေသည့် အခြေအနေတွင် စစ်ရေးရှေ့အလားအလာကို မေးမြန်းရာ ယခုကဲ့သို့ ဖြေကြားခြင်းဖြစ်သည်။