Connect with us

Hi, what are you looking for?

သတင်း

သာယာဝတီထောင်မှာ နိုင်ငံရေးအကျဉ်းသူ ၁၅ ဦးတိုက်ပိတ်ခံထားရ

သာယာဝတီထောင်ဟာ နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်တဲ့နေရာမှာ ခေတ်အဆက်ဆက် နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ပုံစံထောင်လည်းဖြစ်ပါတယ်။

သာယာဝတီထောင်မှာ နိုင်ငံရေးအကျဉ်းသူ ၁၅ ဦးတိုက်ပိတ်ခံထားရ
သာယာဝတီထောင်မှာ နိုင်ငံရေးအကျဉ်းသူ ၁၅ ဦးတိုက်ပိတ်ခံထားရ

ထောင်တွင်းအာဇာနည်နေ့ လှုပ်ရှားမှုပြုလုပ်တယ်ဆိုပြီး သာယာဝတီအကျဉ်းထောင်မှာနိုင်ငံရေးအကျဉ်းသူ ၁၅ ဦးကို ထောင်အာဏာပိုင်တွေက တိုက်ပိတ်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်ထံကသိရပါတယ်။

ပြီးခဲ့တဲ့ အာဇာနည်နေ့ ဇူလိုင် ၁၉ ရက်မှာ အနက်ရောင်ဖဲကြိုး ကိုယ်စီ အင်္ကျီမှာ တပ်ဆင်ပြီးလှုပ်ရှားမှုပြုလုပ်တယ်ဆိုကာ ဒီနေ့ သြဂုတ်လ ၁ ရက်အထိ တိုက်ပိတ်ထားတာပါ။

“ကျွန်တော်တို့ ထောင်ကနေ နီးစပ်တဲ့သူ သတင်းရင်းမြစ်ခိုင်မာတဲ့သူဆီကနေတဆင့်ပြန်သိရတာပါ” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်က အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

တိုက်ပိတ်ခံရသူတွေ နိုင်ငံရေးအကျဉ်းသူ ၁၅ ဦးကို သာယာဝတီထောင် တိုက်အမှတ် ၂၀ မှာ တစ်ယောက်တစ်ခန်းစီထားတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပိတ်ခံရသူတွေဟာ မနှင်းလဲ့နန္ဒာလွင်၊ မရွှန်းအိဖြူ၊မနီလာစိမ်း၊ မဆုရည်ပိုင် ၊မဝတ်ရည်လွင် ၊မအေးသီတာကျော် ၊မရီရီဆွေ ၊မလွင်လွင်ညွန့်(ခ)အားဂျာ ၊မစန္ဒီညွန့်ဝင်း၊မအေးသက်စံ ၊မရွှေရည်ညွှန့်(ခ)သဲသဲ ၊မယမင်းထက်၊မထူးထက်ထက်ဝေ ၊မမျိုးသန္တာထွန်း၊မမိုးမြတ်သဇင်တို့ဖြစ်ကြပါတယ်။

အများစုဟာ လူငယ် နိုင်ငံရေးအကျဉ်းသူတွေဖြစ်ပြီး သက်ကြီးပိုင်း အနေနဲ့ အသက် ၆၀ ဝန်းကျင်အမျိုးသမီးကြီးတစ်ဦးပါဝင်တယ်လို့သိရပါတယ်။

သာယာဝတီထောင်ဟာ နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်တဲ့နေရာမှာ ခေတ်အဆက်ဆက် နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ပုံစံထောင်လည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

သတင်း

လွတ်ရက်စေ့နိုင်ကျဥ်း ၅ ဦးကိုလည်း အမှု​ဆင်ပြစ်ဒဏ်တိုးထား

Facebook