Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်ရှိ စစ်ကောင်စီ တပ်စခန်းအချို့ကို KIA၊PDF ပူးပေါင်းတပ် ယနေ့ ထပ်မံသိမ်းပိုက်

ကသိုဏ်းတောင်တပ်စခန်း သိမ်းပိုက်မှုကို KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောကြားထားပြီး ဆယ်ဇင်းတိုက်ပွဲ အခြေအနေကို ထပ်မံမေးမြန်းထားဆဲဖြစ်သည်။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား ရှေ့တန်းတနေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - People’s Spring)
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား ရှေ့တန်းတနေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - People’s Spring)

▪️သသိုဏ်းတောင်တပ်စခန်းနှင့် ဆယ်ဇင်းရှိ ဂိတ်စခန်း သိမ်းပိုက်၊ ညနေပိုင်းအထိ တိုက်ပွဲဆက်ဖြစ်

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ကသိုဏ်းတောင် စစ်ကောင်စီတပ်စခန်းကို ယနေ့နံနက်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဆယ်ဇင်းဒေသရှိ စစ်ကောင်စီတပ်စခန်း အချို့ကိုလည်း ထပ်မံ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ဆယ်ဇင်းဒေသခံက ပြောသည်။

ဩဂုတ် ၇ရက် နံနက်အစောပိုင်းက ကသိုဏ်းတောင် တပ်စခန်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့ပြီး တပ်စခန်းမှ လက်နက်ခဲယမ်းများကို KIAက သိမ်းဆည်းရရှိခဲ့သည်ဟု ဒေသခံက ပြောသည်။

ထို့နောက် ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသ၌လည်း စစ်ကောင်စီ၊ ရှမ်းနီ(SNA) ပူးပေါင်း တပ်စခန်းအချို့ကို KIA၊PDF ပူးပေါင်းတပ်က နေ့လယ်ပိုင်း၌ တိုက်ခိုက်လျက်ရှိရာ သိမ်းပိုက်နိုင်ပြီဟု သိရကြောင်း ဒေသခံက ပြောသည်။

Public Service Announcement
Public Service Announcement

“သိမ်းတာ အတည်ပြုလို့ရတယ်။ ပန်ချယ် ဟိုဘက် နံ့ကသာလမ်းခွဲ အဲဒီဘက်မှာဖြစ်နေတာ။ တစ်နေရာက ပန်ချယ်၊တစ်နေရာက နံ့ကသာတဲ့။ အခုအချိန်ထိတော့ အသံကြားတုန်း”ဟု ဆယ်ဇင်းဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

KIAနှင့် စစ်ကောင်စီတပ် စစ်ရေးသတင်းများ ဖော်ပြလေ့ရှိသည့် ကချင်သတင်းရင်းမြစ်ကလည်း ဖားကန့်နယ် ဆယ်ဇင်းအောက်ဘက်ရှိ စစ်ကောင်စီနှင့် SNA တို့၏ ကြိုးတံတားစောင့်ဂိတ်စခန်းအား KIA တပ်မဟာ(၉)၊ တပ်ရင်း(၂၆) က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ SNA ဘက်က ထိခိုက်သေဆုံးမှုများကြောင်း ဖော်ပြသည်။

ယင်းတိုက်ပွဲ၌လည်း SNAဘက်မှ လက်နက်ခဲယမ်းအချို့ကို KIAက သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

ကသိုဏ်းတောင်တပ်စခန်း သိမ်းပိုက်မှုကို KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောကြားထားပြီး ဆယ်ဇင်းတိုက်ပွဲ အခြေအနေကို ထပ်မံမေးမြန်းထားဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။