Connect with us

Hi, what are you looking for?

သတင်း

ဖားကန့် ကသိုဏ်းတောင်စခန်းကိုသိမ်းပိုက်ခဲ့​ကြောင်း KIA အတည်ပြု

ဒေသခံ သတင်းရင်းမြစ်ကမူ ကသိုဏ်းတောင်စခန်းသိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်က သေဆုံးသူ၊ ထွက်ပြေးသူများ ရှိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ဟု သိရကြောင်း ပြောသည်။

(KIA နှင့် PDF ပူး​ပေါင်းတပ်ကသိမ်းပိုက်ခဲ့​သောဖားကန့်-တာမခန်လမ်း​ပေါ်ရှိ ကသိုဏ်​တောင် စစ်​ကောင်စီစခန်းကို အ​ပေါ်စီးမှ​တွေ့ရစဥ်)
(KIA နှင့် PDF ပူး​ပေါင်းတပ်ကသိမ်းပိုက်ခဲ့​သောဖားကန့်-တာမခန်လမ်း​ပေါ်ရှိ ကသိုဏ်​တောင် စစ်​ကောင်စီစခန်းကို အ​ပေါ်စီးမှ​တွေ့ရစဥ်)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကသိုဏ်းတောင်စစ်ကောင်စီတပ်စခန်းကို ယနေ့မနက်အ​စောပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောကြားသည်။

ဩဂုတ် ၇ရက် နံနက်အစောပိုင်း၌ ဖားကန့်-တာမခန်လမ်းရှိ အဆိုပါ တပ်စခန်းကို KIAနှင့်ပြည်သူ့ကာကွယ်ရေးတပ်(PDF)ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

“ဒီမနက် ၅နာရီ ဝန်းကျင်ကတည်းက ဒီဖားကန့် ကျနော်တို့ ကချင်အခေါ်နဲ့ကတော့ ကဆင့်ဘွမ်လို့ခေါ်တယ်ကသိုဏ်းတောင် စကစ တပ်စခန်းတွေကို ကျနော်တို့ တပ်မဟာ(၉) လက်အောက်ခံတပ်ရင်း(၆) စုပေါင်း အဖွဲ့တွေလာပြီးမှ ဝင်စီးတဲ့ တိုက်ပွဲရှိပါတယ်။ အခုထက်ထိတော့ စကစတွေထိုင်နေတဲ့ စခန်းတွေ အကုန်လုံး သိမ်းနိုင်ပြီးတော့ ကျနော်တို့ အဖွဲ့တွေ နယ်မြေရှင်းလင်းရေးလုပ်ပြီးတယ်ဆိုတဲ့ သတင်းရပါတယ်ဗျ” ဟု ဗိုလ်မှူးကြီးနော်ဘူကPeople’s Spring သို့ ပြောသည်။

KIA အနေဖြင့် တိုက်ပွဲ၌ ထိခိုက်သေဆုံး အခြေအနေများကို လိုအပ်မှသာ ထုတ်ပြန်အသိပေးလေ့ရှိသည်။

Public Service Announcement

Public Service Announcement

ဒေသခံ သတင်းရင်းမြစ်ကမူ ကသိုဏ်းတောင်စခန်းသိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်က သေဆုံးသူ၊ ထွက်ပြေးသူများ ရှိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ဟု သိရကြောင်း ပြောသည်။

ထို့အပြင် ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသ၌လည်း KIA/PDF ပူးပေါင်းတပ်နှင့်စစ်ကောင်စီ၊ရှမ်းနီတပ်ပူးပေါင်းတပ် တို့တိုက်ပွဲဖြစ်နေသည်ဟု ဒေသခံက ပြောသည်။

KIAသည် မြစ်ကြီးနား – ဗန်းမော်လမ်းရှိ စစ်ကောင်စီတပ်စခန်းအချို့ကိုလည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကတိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး မြို့ထဲက အာဏာသိမ်းစစ်‌တပ်ရဲ့စခန်းတွေ KIA နဲ့ KPDF တို့က တိုက်ခိုက်တဲ့အတွက် စစ်တပ်သေဆုံးထိခိုက်မှုတွေရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။