Connect with us

Hi, what are you looking for?

သတင်း

ကလေးဝမြို့နယ်တွင် သုံးရက်ဆက်တိုက်ပွဲဖြစ်

အောင်ချမ်းသာရွာရှိ စစ်​ကောင်စီတပ်ကင်းစခန်းကို ဩဂုတ် ၅ ရက်နေ့၊ မနက်ပိုင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအချို့ကပြောသည်။

(က​လေးဝမြို့နယ်နှင့် အနီးဝန်းကျင်​ဒေသများကို Google Map တွင်​တွေ့ရမှု)
(က​လေးဝမြို့နယ်နှင့် အနီးဝန်းကျင်​ဒေသများကို Google Map တွင်​တွေ့ရမှု)

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ အောင်ချမ်းသာကျေးရွာရှိ စစ်ကောင်စီစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဝင်ရောက် တိုက်ခိုက်ပြီးနောက် သုံးရက်ဆက်တိုက် တိုက်ပွဲများပြင်းထန်နေကြောင်း ဒေသခံအချို့က​ပြောသည်။

အောင်ချမ်းသာရွာရှိ စစ်​ကောင်စီတပ်ကင်းစခန်းကို ဩဂုတ် ၅ ရက်နေ့၊ မနက်ပိုင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအချို့ကပြောသည်။

မြေပြင်တွင် အထိနာနေသည့် စစ်ကောင်စီတပ်က ဩဂုတ် ၆ ရက်တွင်ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည်။ထို့အပြင်လေကြောင်းအသုံးပြု၍ လူအင်အားဖြည့်တင်းခဲ့ကြောင်းလည်း ဒေသခံတစ်ဦးကပြောသည်။

“စခန်းကို ဝင်တိုက်လို့ လေကြောင်းက ဗုံးကျဲတိုက်နေတာ ဒီနေ့ဆို ၃ရက်ရှိပြီ ။ပြည်သူတွေလည်း အကုန်ထွက်ပြေးနေရတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲကြောင့် ကလေး-ကလေးဝ-မဟာမြိုင်လမ်းမကြီးတွင် ကားအစီးရေ ၁၀၀ကျော်ပိတ်မိနေသည်ဟု ဒေသခံများကပြောသည်။

“အောင်ချမ်းသာဘက်မှာ တိုက်ပွဲဖြစ်နေတာလို့ကြားတယ်။ ရာသီဥတုကောင်းတာနဲ့ ပစ္စည်းဝယ်လာတာ။ အခုလမ်းမှာ သောင်တင်နေပြီ”ဟု ကားသမားတစ်ဦးကလည်းပြောသည်။

ဩဂုတ် ၆ ရက် နေ့လယ် ၁နာရီခန့်က စစ်ကောင်စီတပ်က Mi35 တစ်စီးဖြင့် အောင်ချမ်းသာရွာနှင့်အနီးအနားကျေးရွာများကို လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့သည်ဟု ​ဒေသခံတစ်ဦးကပြောသည်။

လက်ရှိ ကလေးဝမြို့နယ်၊ အောင်ချမ်းသာရွာ၊ သက္ကယ်ကျင်းရွာ၊ ဆင်အိုင်မရွာစသည့်တို့မှ ဒေသခံပြည်သူ ၃၀၀၀ကျော်ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများကပြောသည်။

တိုက်ပွဲနှင့်ပတ်သတ်ပြီး စစ်ကောင်စီဝါဒဖြန့် သတင်းဌာနများက ဩဂုတ် ၅ ရက် တိုက်ပွဲတွင် CDF/PDFတို့ဘက်နှစ်ဦးကျဆုံးပြီး AKကျည်အိမ် ၈ခု၊ AKကျည် အတောင့် ၃၀၀၊ MG-1လက်ပစ်ဗုံးတစ်လုံး၊ လက်လုပ်လက်ပစ်ဗုံး တစ်လုံး၊ ဖုန်းတစ်လုံးစသည့်တို့ သိမ်းဆည်းရမိသည်ဟု​ဖော်ပြ​နေကြသည်။

သုံးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကထိခိုက်​သေဆုံးမှုအ​ခြေအ​နေကိုမသိရသေးကြောင်း ၊စစ်တပ်က အထိနာ၍ ​လေ​ကြောင်းမှ ပစ်ကူ​ခေါ်ခြင်းဖြစ်​ကြောင်း ဒေသခံအချို့ကပြောသည်။

က​လေးဝ မြို့နှင့် မိုင် ၆၀ ခန့်​ဝေးသာ ခါမ်းပါတ်မြို့တွင်လည်း ဇူလိုင် ၂၂ ရက်မှ စ၍ ယခုရက်ပိုင်းအထိ့ တိုက်ပွဲများဖြစ်ပွား​နေသည်

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ