Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဘုတလင်မြို့မီးသတ်ဦးစီးမှူးအပါအဝင် ဝန်ထမ်း ၁၈ဦးထက်မနည်းကို ပကဖ ထိန်းသိမ်း

ယနေ့(ဩဂုတ် ၈ရက်)တွင် စစ်ကောင်စီအင်အား ၇၀ခန့်က ဘုတလင်မြို့အနီး ပတ်ဝန်းကျင်ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်နေသည်ဟု ဒေသကာကွယ်ရေးရဲဘော်များကပြောသည်။

(ဘုတလင်မြို့မီးသတ်ဦးစီးဌာနရုံးအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ဘုတလင်မြို့မီးသတ်ဦးစီးဌာနရုံးအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း ဘုတလင်မြို့မီးသတ်ဦးစီးဌာန ဦးစီးမှူးအပါအဝင် ဝန်ထမ်း ၁၈ဦးထက်မနည်းကို မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က ဖမ်းဆီးထိန်းသိမ်းလိုက်သည်။

ဘုတလင်မြို့မီးသတ်ဦးစီးဌာနရုံးကို ယမန်နေ့(ဩဂုတ် ၇ရက်)ညနေ ၃နာရီ ၁၅မိနစ်ခန့်တွင် မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်ပြီး Non CDM ဝန်ထမ်းများနှင့်မိသားစုဝင် ၁၈ ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဟု သတင်းရရှိသည်။

” အားလုံး ၂၀ကျော် ရှိပါတယ်။ နှစ်ယောက်က ထွက်ပြေးသွားတာပါ။ ကျန်တဲ့သူတွေက CDM လုပ်မယ်ဆိုပြီး လိုက်လာခဲ့တာ။ အခု လွတ်မြောက်‌နယ်မြေကို ပို့ပြီးပါပြီ”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ထွက်ပြေးသွားသူ နှစ်ဦးကို လိုက်လံဖမ်းဆီးခြင်းမပြုလုပ်ဘဲ တမင်လွှတ်ပေးလိုက်ခြင်းဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“သူတို့မှာ လက်နက်မပါတဲ့အတွက် ကျွန်တော်တို့ ပစ်မဖမ်းတာပါ”ဟု ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ဘုတလင်မြို့မီးသတ်ဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်း ၁၃ဦး၊မိသားစုဝင်အချို့အပါအဝင် ၁၈ဦး ထိန်းသိမ်းခဲ့ခြင်းဟု သတင်းရရှိသည်။

ထို့အပြင် မီးသတ်ဦးစီးဌာနရုံးမှ မီးသတ်ကားနှစ်စီးကိုလည်း ကာကွယ်ရေးတပ်ဖွဲ့များက ယူဆောင်ခဲ့ကြပြီး ကားရော၊ လူများကိုပါ လုံခြုံသည့်နေရာသို့ ပို့ဆောင်ပြီးဖြစ်ကြောင်း သိရသည်။ အသေးစိတ်အခြေအနေကိုသိရှိနိုင်ရန် ဘုတလင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ဖုန်းဆက်သွယ်မေးမြန်းရာ လက်တလောတွင် အဆက်အသွယ်မရသေးပေ။

ယနေ့(ဩဂုတ် ၈ရက်)တွင် စစ်ကောင်စီအင်အား ၇၀ခန့်က ဘုတလင်မြို့အနီး ပတ်ဝန်းကျင်ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်နေသည်ဟု ဒေသကာကွယ်ရေးရဲဘော်များကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

လွယ်ဂျယ်မြို့ကို ဝိုင်းထားပြီး စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့နှင့် ဝန်ထမ်းများထွက်ခွာခွင့်ကို ယနေ့ ၁ ရက်အချိန်ပေးထားသည်ဟု သိရသည်။

သတင်း

စစ်ကောင်စီ၏ ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း ပြင်းအားမြင့်အ​ဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ၎င်းက ပြောသည်။

သတင်း

လွိုင်ကော်တက္ကသိုလ်မှ ကယ်တင်ခေါ်ထုတ်လာခဲ့သည့် Non-CDM ဝန်ထမ်းနှင့် ၎င်းတို့၏ မိသားစုဝင်များကို Non-CDM ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများ ဖြင့် စိစစ်ဆောင်ရွက်ခဲ့ကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)က ကနဦး အသိပေးသည်။

သတင်း

Non-CDM ဝန်ထမ်းများ အလင်းဝင်ခြင်းဆိုင်ရာ ကြေညာချက်ကို အင်းတော်မြို့နယ်ပြည်သူ့ချုပ်ရေးအဖွဲ့က ပြီးခဲ့သည့် နိဝင်ဘာ၂၄ရက်က ကြေညာခဲ့ခြင်းဖြစ်သည်။