Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်မြို့မီးသတ်ဦးစီးမှူးအပါအဝင် ဝန်ထမ်း ၁၈ဦးထက်မနည်းကို ပကဖ ထိန်းသိမ်း

ယနေ့(ဩဂုတ် ၈ရက်)တွင် စစ်ကောင်စီအင်အား ၇၀ခန့်က ဘုတလင်မြို့အနီး ပတ်ဝန်းကျင်ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်နေသည်ဟု ဒေသကာကွယ်ရေးရဲဘော်များကပြောသည်။

(ဘုတလင်မြို့မီးသတ်ဦးစီးဌာနရုံးအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ဘုတလင်မြို့မီးသတ်ဦးစီးဌာနရုံးအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း ဘုတလင်မြို့မီးသတ်ဦးစီးဌာန ဦးစီးမှူးအပါအဝင် ဝန်ထမ်း ၁၈ဦးထက်မနည်းကို မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က ဖမ်းဆီးထိန်းသိမ်းလိုက်သည်။

ဘုတလင်မြို့မီးသတ်ဦးစီးဌာနရုံးကို ယမန်နေ့(ဩဂုတ် ၇ရက်)ညနေ ၃နာရီ ၁၅မိနစ်ခန့်တွင် မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်ပြီး Non CDM ဝန်ထမ်းများနှင့်မိသားစုဝင် ၁၈ ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဟု သတင်းရရှိသည်။

” အားလုံး ၂၀ကျော် ရှိပါတယ်။ နှစ်ယောက်က ထွက်ပြေးသွားတာပါ။ ကျန်တဲ့သူတွေက CDM လုပ်မယ်ဆိုပြီး လိုက်လာခဲ့တာ။ အခု လွတ်မြောက်‌နယ်မြေကို ပို့ပြီးပါပြီ”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ထွက်ပြေးသွားသူ နှစ်ဦးကို လိုက်လံဖမ်းဆီးခြင်းမပြုလုပ်ဘဲ တမင်လွှတ်ပေးလိုက်ခြင်းဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“သူတို့မှာ လက်နက်မပါတဲ့အတွက် ကျွန်တော်တို့ ပစ်မဖမ်းတာပါ”ဟု ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ဘုတလင်မြို့မီးသတ်ဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်း ၁၃ဦး၊မိသားစုဝင်အချို့အပါအဝင် ၁၈ဦး ထိန်းသိမ်းခဲ့ခြင်းဟု သတင်းရရှိသည်။

ထို့အပြင် မီးသတ်ဦးစီးဌာနရုံးမှ မီးသတ်ကားနှစ်စီးကိုလည်း ကာကွယ်ရေးတပ်ဖွဲ့များက ယူဆောင်ခဲ့ကြပြီး ကားရော၊ လူများကိုပါ လုံခြုံသည့်နေရာသို့ ပို့ဆောင်ပြီးဖြစ်ကြောင်း သိရသည်။ အသေးစိတ်အခြေအနေကိုသိရှိနိုင်ရန် ဘုတလင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ဖုန်းဆက်သွယ်မေးမြန်းရာ လက်တလောတွင် အဆက်အသွယ်မရသေးပေ။

ယနေ့(ဩဂုတ် ၈ရက်)တွင် စစ်ကောင်စီအင်အား ၇၀ခန့်က ဘုတလင်မြို့အနီး ပတ်ဝန်းကျင်ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်နေသည်ဟု ဒေသကာကွယ်ရေးရဲဘော်များကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အယောင်ဆောင်ပြီး လူသတ် အဓမ္မကျင့်ခဲ့သူကို ဖမ်းဆီးရမိခဲ့ကြောင်း နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အမှတ်(၂၅၂)ခြေလျင်တပ်ရင်း ခလရ-၂၅၂ရဲ့ ပေါ်တာဆွဲခံရတဲ့ စစ်မှုထမ်းတပ်သားသစ် တစ်ဦး ပခုက္ကူအခြေစိုက် COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်လာခဲ့ပါတယ်။

သတင်း

မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နဲ့ ကျောင်းသားတော်လှန်ရေးတပ်တော် (SRF)တပ်ဖွဲ့ဝင်တွေ ဖြစ်ပွားခဲ့တဲ့ သဘောထားကွဲလွဲမှု သဘောတူညီမှုရရှိခဲ့ပြီး SRFတပ်က အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကွပ်ကဲမှုအောက်ခံယူခဲ့ပါတယ်။