Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

KIA သိမ်းထားသည့် ကသိုဏ်းတောင် တပ်စခန်းကို စစ်ကောင်စီ မြေပြင်မှထိုးစစ်ဆင်၍ တိုက်ပွဲဖြစ်

တိုက်ပွဲကြောင့် အနီးပတ်ဝန်းကျင်ရှိ ဒေသခံများ စစ်ရှောင်နေကြရပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့်ထိခိုက်မှုရှိသည်ဟု ကြားရကြောင်းဒေသခံက ပြောသည်။

(KIA ပူးပေါင်းတပ်တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ကသိုဏ်းတောင်စခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ - The Kachinnet)
(KIA ပူးပေါင်းတပ်တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ကသိုဏ်းတောင်စခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ - The Kachinnet)

“စစ်ကောင်စီတွေက သူတို့မနိုင်ဘူးဆိုရင် ပြည်သူတွေကို ဗုံးကြဲမယ်။ လက်နက်ကြီးတွေနဲ့ လှမ်းပစ်မယ်။ ဒါသူတို့ရဲ့ ယုတ်မာမှုတွေပဲ။ အဲဒါကြောင့် KIAနဲ့ PDFက အနောက်ကို ပြန်ဆုတ်ပေးထားတယ်” – ဒေသခံ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ကသိုဏ်းတောင် စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ယမန်နေ့ (ဩဂုတ် ၈ရက်) ညနေပိုင်းတွင် စစ်ကောင်စီတပ်က မြေပြင်မှပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဖားကန့်- တာမခန်လမ်းရှိ အဆိုပါ တပ်စခန်းကို KIA/PDF ပူးပေါင်းတပ်က ဩဂုတ် ၇ရက် နံနက်ပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ဩဂုတ် ၈ရက် ညနေတွင် စစ်ကောင်စီက လေကြောင်း ပစ်ကူ၊ လက်နက်ကြီး ပစ်ကူတို့အသုံးပြုပြီး မြေပြင်မှ ထိုးစစ်ဆင်လာခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။

“မြေပြင်ကလည်းထိုးစစ်ဆင်တယ်။ လေယာဉ်နဲ့လည်း လာကြဲတယ်။လာကြဲတဲ့အခါကျတော့ ဒီက KIAနဲ့ PDFက အနောက်ကို ပြန်ဆုတ်ပေးလိုက်တယ်။ဆုတ်ပေးလိုက်တဲ့ အကြောင်းအရင်းက သူတို့က လေယာဉ်နဲ့ ဗုံးကြဲတယ် အပြစ်မဲ့တဲ့ ပြည်သူဘက်ကိုလက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်။ အဲဒါကြောင့် ပြန်ဆုတ်ပေးရတာပေါ့။ ထုံးစံအတိုင်းပဲလေ မင်းအောင်လှိုင် စစ်ကောင်စီတွေက သူတို့မနိုင်ဘူးဆိုရင် ပြည်သူတွေကို ဗုံးကြဲမယ်။ လက်နက်ကြီးတွေနဲ့ လှမ်းပစ်မယ်။ ဒါသူတို့ရဲ့ ယုတ်မာမှုတွေပဲ။ အဲဒါကြောင့် KIAနဲ့ PDFက အနောက်ကို ပြန်ဆုတ်ပေးထားတယ်။ဒါပေမဲ့ ဒီဘက် KIAနဲ့ PDF ဘက်ကတော့ ကား လေးစီးစာ လက်နက်ခဲယမ်းတွေ သိမ်းယူနိုင်ခဲ့တယ်”ဟု ဖားကန့် ဒေသခံက ပြောသည်။

ထိုးစစ်ဆင်လာ၍ အပြန်အလှန်တိုက်ခိုက်ပါက စစ်ကောင်စီတပ်အနေဖြင့် ပြည်သူကိုသာ ဒုက္ခပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“တစ်နိုင်ငံလုံးလည်း ပြည်သူကို ဒုက္ခပေးပြီး ရွာတွေကို မီးရှို့နေတာဆိုတော့လေ။ ဆယ်ဇင်း(ဖားကန့်မြို့နယ် ဆယ်ဇင်းရွာ)လို ပုံစံမျိုးဖြစ်သွားမှာစိုးလို့လေနော်။ ဆယ်ဇင်းတုန်းက အပြစ်မဲ့တဲ့ ပြည်သူ လေးငါးဆယ်ကို စစ်ကောင်စီက ပစ်သတ်တယ်။ ရွာတစ်ရွာလုံးကို မီးရှို့တယ်။ အဲဒီလို ပုံစံမျိုးဖြစ်မှာစိုးလို့နောက်ကြောင်းကို ပြန်ဆုတ်ပေးရတာ။ KIA နဲ့ PDFက ပြည်သူကို တအားငဲ့ရတယ်လေနော်” ဟု ဒေသခံက ပြောသည်။

ဩဂုတ် ၇ရက် ကသိုဏ်းတောင် တပ်စခန်းသိမ်းပိုက်စဉ်က စစ်ကောင်စီတပ်သေဆုံးထိခိုက်ရှိပြီး အရှင်ဖမ်းမိသူများလည်းရှိခဲ့သည်။ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

“ကျည်ဆံတွေ၊ လက်နက်တွေ၊နင်းမိုင်းတွေ၊ လက်နက်ကြီးကျည်တွေ သေနတ်တွေပေါ့။ အဲဒီလိုမျိုးတွေ အများကြီးရတယ်။ သူတို့အဲဒီတုန်းက ၂၀ကျော်သေတယ်။ အရှင်လည်း ၆ယောက်ထက်မနည်းဖမ်းမိတယ်။” ဟု ဖားကန့်ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှု၊ အရှင်ဖမ်းဆီးရမိမှု အခြေအနေများနှင့်ပတ်သက်ပြီးသီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပေ။

တိုက်ပွဲကြောင့် အနီးပတ်ဝန်းကျင်ရှိ ဒေသခံများ စစ်ရှောင်နေကြရပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့်ထိခိုက်မှုရှိသည်ဟု ကြားရကြောင်းဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

အမေရိကန်ကတော့ အစ္စရေးရော၊ ဟားမားစ်ပါ အပြန်အလှန် တင်းတင်းမာမာ တောင်းဆိုနေတာတွေနဲ့ ပတ်သက်လို့ လျှော့သင့်သလောက် လျှော့ပေါ့ပေးပြီး အပစ်အခတ် ရပ်စဲရေးကိစ္စ အထမြောက်အောင် အစဉ်တစိုက် ဖိအားပေးနေတယ်လို့လည်း သိရပါတယ်။