Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တရုတ် ကမ္ဘာလှည့် ခရီးသည်တွေရဲ့ ခါးခါးသီးသီး မျက်ကွယ်ပြုမှုကို ခံနေရတဲ့ မြန်မာနဲ့ ကမ္ဘောဒီးယား

ပြီးခဲ့တဲ့လက ရေးထိုးခဲ့တဲ့ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ သဘောတူညီချက်မှာတော့ ဂျီလင်း ပြည်နယ်နဲ့ မြန်မာနိုင်ငံရဲ့ အာဏာပိုင်တွေဟာ နှစ်ဖက် ကမ္ဘာလှည့်ခရီးသွား လုပ်ငန်း အားကောင်းရာ နယ်မြေတွေဆီ အပြန်အလှန် ခရီးသွားမှုတွေ မြှင့်တင်နိုင်ရေး အကောင်အထည်ဖော်ဖို့ ကတိပြုခဲ့ကြပါတယ်။

တရုတ် ကမ္ဘာလှည့် ခရီးသည်တွေရဲ့ ခါးခါးသီးသီး မျက်ကွယ်ပြုမှုကို ခံနေရတဲ့ မြန်မာနဲ့ ကမ္ဘောဒီးယား
တရုတ် ကမ္ဘာလှည့် ခရီးသည်တွေရဲ့ ခါးခါးသီးသီး မျက်ကွယ်ပြုမှုကို ခံနေရတဲ့ မြန်မာနဲ့ ကမ္ဘောဒီးယား

ကပ်ရောဂါ ကာလအလွန် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းတွေ ပြန်လည် ဦးမော့လာအောင် နိုင်ငံတိုင်းလိုလို အပြိုင်အဆိုင် ကြိုးစားနေပေမယ့် အရှေ့တောင်အာရှ ဒေသထဲက မြန်မာနဲ့ ကမ္ဘောဒီးယားတို့ဟာ တရုတ် ကမ္ဘာလှည့် ခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် အဲဒီနှစ်နိုင်ငံဟာ ဒေသတွင်း အင်အားကြီး နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ ကောင်းမွန်ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး ရှိနေသလို တရုတ် ကမ္ဘာလှည့် ခရီးသည်တွေကို ဆွဲဆောင်ဖို့လည်း နည်းလမ်း အမျိုးမျိုးနဲ့ အားထုတ် ကြိုးစားနေပါတယ်။ ဒါပေမဲ့လည်း ပြည်တွင်းရေး မတည်ငြိမ်မှုတွေ၊ လူ့အခွင့်အရေး ပြဿနာတွေစတဲ့ နာမည်ဆိုး၊ သတင်းဆိုးတွေကြောင့်လည်း အဲဒီနှစ်နိုင်ငံစလုံးက တရုတ် ကမ္ဘာလှည့် ခရီးသည်တွေကို စည်းရုံးဖို့ ကြိုးပမ်းသမျှဟာ အကြီးအကျယ် အခက်အခဲ ကြုံနေရပါတယ်။

ကပ်ရောဂါ ဖိစီးမှုနဲ့ အာဏာသိမ်းမှု ဂယက်ပေါင်းစုံ ကြုံခဲ့တဲ့ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်၊ ဧပြီလတုန်းက နိုင်ငံတကာ စီးပွားဖြစ် လေကြောင်းလိုင်းတွေ ပျံသန်းပြေးဆွဲမှုကို ပြန်လည် ခွင့်ပြုခဲ့ပါတယ်။ အဲဒီ အပြောင်းအလဲမှာတော့ တရုတ်နိုင်ငံက လူဦးရေ ၂၃.၄ သန်းလောက် နေထိုင်ရာ ပြည်နယ် တစ်ခုဖြစ်တဲ့ ဂျီလင်းက ကမ္ဘာလှည့် ခရီးသွားတွေကို ဆွဲဆောင်ဖို့ မျှော်လင့်ချက်တွေ အများကြီး ပါဝင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့လက ရေးထိုးခဲ့တဲ့ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ သဘောတူညီချက်မှာတော့ ဂျီလင်း ပြည်နယ်နဲ့ မြန်မာနိုင်ငံရဲ့ အာဏာပိုင်တွေဟာ နှစ်ဖက် ကမ္ဘာလှည့်ခရီးသွား လုပ်ငန်း အားကောင်းရာ နယ်မြေတွေဆီ အပြန်အလှန် ခရီးသွားမှုတွေ မြှင့်တင်နိုင်ရေး အကောင်အထည်ဖော်ဖို့ ကတိပြုခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ကပ်ရောဂါ ကာလတလျှောက် နယ်စပ်တွေကို တင်းတင်းကျပ်ကျပ် ပိတ်ထားတဲ့ တရုတ် အစိုးရဟာ ဒီဇင်ဘာလကစပြီး အသွားအလာ ကန့်သတ်ချက် အားလုံးနီးပါးကို ပယ်ဖျက်ပေးလိုက်ပါတယ်။ ဆက်တိုက် ဆိုသလိုပဲ တရုတ် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း အာဏာပိုင်တွေနဲ့ ဆက်စပ် အဖွဲ့အစည်းတွေဟာလည်း နိုင်ငံရဲ့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းကို အဝင်ရော၊ အထွက်ပါ ပြန်လည် အားကောင်းလာစေဖို့ နိုင်ငံတကာနဲ့ ညှိနှိုင်းပြီး တက်တက်ကြွကြွ အားထုတ် ကြိုးပမ်းခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံ အသီးသီးကလည်း ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း တရုတ် ကမ္ဘာလှည့် ခရီးသွားတွေကို ပိုမို ဆွဲဆောင်နိုင်အောင် အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ ၂၀၁၉ မှာ ကိုဗစ်ကပ်ရောဂါ မစတင်ခင်က တရုတ်တွေဟာ ကမ္ဘာပေါ်မှာ ငွေသုံးအကြမ်းဆုံး ကမ္ဘာလှည့် ခရီးသည်တွေ ဖြစ်လာပြီး အဲဒီနှစ်က တရုတ် ကမ္ဘာလှည့် ခရီးသည်တွေရဲ့ ပြည်ပမှာ သုံးစွဲတဲ့ ငွေပမာဏ စုစုပေါင်းဟာ ဒေါ်လာ ၂၅၅ ဘီလီယံလောက်ထိ များပြားခဲ့ပါတယ်။

လောလောဆယ်မှာ နိုင်ငံအသီးသီးက တရုတ် ကမ္ဘာလှည့် ခရီးသွားတွေကို ဆွဲဆောင်ဖို့ နည်းလမ်း အသွယ်သွယ်နဲ့ ကြိုးစားနေကြသလို အတိုင်းအတာ ပမာဏ မတူညီတဲ့ အောင်မြင်မှုတွေလည်း ရနေပါတယ်။ ဒါပေမဲ့ ဒီအခြေအနေဟာ မြန်မာ၊ ကမ္ဘောဒီးယားတို့နဲ့တော့ လုံးဝဥဿုံ ခြားနားနေပါတယ်။

တရုတ် ကမ္ဘာလှည့် ခရီးသွား အများစုက မြန်မာနဲ့ ကမ္ဘောဒီးယားတို့ရဲ့ ပြည်တွင်းရေးနဲ့ လုံခြုံရေး အခြေအနေတွေကို သံသယ ကြီးကြီးမားမား ရှိနေပြီး ခပ်ဝေးဝေးကနေ ကွင်းရှောင်လိုကြပါတယ်။ အခုတောင် တရုတ် လူမှုကွန်ရက် မီဒီယာတွေပေါ်မှာ ဂျီလင်း-မြန်မာ နားလည်မှု စာချွန်လွှာနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ၊ အနုတ်လက္ခဏာဆန်တဲ့ မှတ်ချက်တွေ အမြောက်အမြားကို တွေ့မြင်နေရပါတယ်။

ဂျီလင်း အာဏာပိုင်တွေ အနေနဲ့ မြန်မာနိုင်ငံဆီ ကမ္ဘာလှည့် ခရီးသွားတွေ ပို့ဆောင်ချင်တဲ့ လုပ်ရပ်ကို ရှက်သင့်ကြောင်း၊ ဂျီလင်း ပြည်သူတွေ အနေနဲ့ တသားတည်း ရပ်တည်ပြီး မြန်မာနိုင်ငံကို ခရီးသွားဖို့ လာဆွယ်သမျှကို တုံ့ပြန် ငြင်းဆန်သင့်ကြောင်း တရုတ်လူမှုကွန်ရက် သုံးစွဲသူ တစ်ဦးက ရေးသားထားပါတယ်။

နှစ်နိုင်ငံစလုံးနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံသားတွေ နောက်ထပ် စိုးရိမ်တဲ့ ပြဿနာ တစ်ခုကတော့ လူကုန်ကူးမှု ကိစ္စပါ။ တရုတ်ရော၊ မြန်မာပါ လူကုန်ကူးမှုတွေနဲ့ ပတ်သက်လို့ အင်မတန် နာမည်ဆိုး ထွက်ပါတယ်။ နောက်ပြီး နှစ်နိုင်ငံစလုံးမှာ အာရှ ရာဇဝတ်ဂိုဏ်းတွေ ခြေရှုပ်တဲ့ သတင်းတွေကလည်း ဖုံးမနိုင် ဖိမရ ထွက်ပေါ်နေတာကြောင့် တရုတ် ကမ္ဘာလှည့် ခရီးသွားတွေက မလာချင်ကြဘူးလို့ အေဂျင်စီ တချို့က ဝန်ခံပါတယ်။ နောက်ပြီး ထိုင်း၊ မြန်မာနဲ့ ကမ္ဘောဒီးယားတို့မှာ ငွေအရလွယ်တဲ့ အလုပ်တွေ ရှိတယ် ဆိုတာမျိုး သွေးဆောင်ခံရပြီး နှစ်စဉ် ထောင်နဲ့ချီ များပြားတဲ့ တရုတ်လူငယ်တွေ လူကုန်ကူး ခံနေရတယ်ဆိုတဲ့ သတင်းတွေကြောင့်လည်း တရုတ်နိုင်ငံသားတွေ အမြင်မှာ အနုတ်လက္ခဏာဆန်တဲ့ သဘောထားတွေ ရှိနေပြီးသား ဖြစ်နေပြန်ပါတယ်။

ဘက်ပေါင်းစုံ အကြောင်းတရား အမျိုးမျိုးကြောင့် မြန်မာနဲ့ ကမ္ဘောဒီးယားတို့ဟာ တရုတ် ကမ္ဘာလှည့် ခရီးသည်တွေကို မက်မက်မောမော ဘယ်လိုပဲ သွေးဆောင်နေပါစေ၊ အောင်မြင်မှုတွေနဲ့ ဝေးကွာနေဆဲ ဖြစ်ပါတယ်။ ဒီကြားထဲ တရုတ်မှာ လတ်တလော လူကြိုက်များပြီး ဝင်ငွေကောင်းနေတဲ့ No More Betsဆိုတဲ့ ရာဇဝတ်အက်ရှင် ဒရာမာ ရုပ်ရှင်ဇာတ်ကားကြောင့်လည်း အရှေ့တောင်အာရှ နှစ်နိုင်ငံအပေါ် တရုတ်ပြည်သူတွေရဲ့ အဆိုးမြင်မှုက မီးလောင်ရာ လေပင့်သလို ဖြစ်လာပြန်ပါတယ်။ အဲဒီဇာတ်ကားဟာ နိုင်ငံရပ်ခြားမှာ အလုပ်အလွယ်ရမယ်လို့ ဆွဲဆောင်သိမ်းသွင်း ခံရပြီး ရက်စက်ကြမ်းကြုတ်တဲ့ ဒုစရိုက်ဂိုဏ်း တစ်ခုရဲ့ သားကောင် ဖြစ်သွားသူတွေ အကြောင်းကို ပုံဖော် ရိုက်ကူးထားတာ ဖြစ်ပါတယ်။

နဂိုကတည်းက အမြင်မကြည် ဖြစ်နေတာကို အခုလို ဇာတ်ကားမျိုးက လူကြိုက်များပြီး တွင်ကျယ် ပျံ့နှံ့သွားတဲ့အခါ တရုတ် ကမ္ဘာလှည့် ခရီးသည်တွေကို ဂျီလင်း-မြန်မာ နားလည်မှု သဝဏ်လွှာပါ သဘောတူညီချက်တွေနဲ့ သိမ်းသွင်း ဆွဲဆောင်ဖို့ မျှော်လင့်နေတဲ့ မြန်မာဖက်က မျှော်လင့်ချက်ကို အပြီးတိုင် ရိုက်ချိုးသလို ဖြစ်သွားပြီလို့ တရုတ် လူမှုကွန်ရက် မီဒီယာ Weibo သုံးစွဲသူ တဦးက သုံးသပ် ရေးသားသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

ဘာသာပြန် ဆောင်းပါး

▪︎စောချစ်သူဟာ နယ်စပ်ဒေသမှာ တရုတ် ကျားဖြန့် ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေကို ဧည့်ဝတ်ကျေကျေ လက်ခံထားတဲ့ ကရင်BGF ခေါင်းဆောင် သုံးဦးထဲမှာ အပါအဝင် ဖြစ်ပါတယ်။ People’s Spring တရုတ်နိုင်ငံက ဒုစရိုက်ဂိုဏ်းတွေ အရှေ့တောင်အာရှကို ခြေဆန့်လာတဲ့အခါ မြန်မာနိုင်ငံဟာ ဦးစားပေး ရွေးချယ်ခံရတဲ့ အခြေစိုက် နယ်မြေတစ်ခုလိုမျိုး...

နိုင်ငံတကာ

အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျတို့ ပါဝင်တဲ့ AUKUSဟာ ဩစတြေးလျ ရေတပ်ကို မဟာမိတ် နှစ်နိုင်ငံက ပူးပေါင်းပြီး နည်းပညာပိုင်း အဆင့်မြှင့်ပေးဖို့၊ ဒေသတွင်းမှာ တရုတ် လွှမ်းမိုးမှုကို တန်ပြန်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။