Connect with us

Hi, what are you looking for?

News

ရှေး​ဟောင်းမြို့​တော်ပုဂံတွင် ​ရေကြီး၊​ ရေအိုင်၍ ​​စေတီ ပုထိုးများ ထိခိုက်ပျက်စီး​၊ စေတီပုထိုးနေရာ ၂၀ခန့်တွင် ​ရေကြီး​နေဟုဆို

“ရေကြီးတာက ​လှေစီးလို့​တောင်ရတယ်။ရေ​တွေအမြန်​ဖောက်ထုတ်မှရမယ်။ အရင်ကလည်း​ရေအိုင်တာ​တွေ​တော့ ရှိတယ်။ အခုလိုမျိုးကြီးက​တော့ မဖြစ်ဘူး”ဟု ပုဂံ​ဒေသခံတစ်ဦးက ​ပြောသည်။

ရှေးဟောင်းမြို့​တော်ပုဂံယဥ်ကျေးမှုနယ်မြေတွင် မိုးသန်းထန်စွာရွာသွန်းမှု​ကြောင့် ​ယ​နေ့ ရှေး​ဟောင်နယ်​မြေအတွင်း ရေကြီး၊​ရေအိုင်မှုဖြစ်ပွားနေသည်။

​ပုဂံ​ဒေသရှိ ရွှေနန်းရင်တော်ဘုရားအုပ်စု၊ ဘုရားသုံးဆူအနီးရှိ ​စေတီပုထိုးများအပါအဝင် ​နေရာ၂၀ခန့်တွင် ​​ရေကြီး၊​ရေအိုင်မှုဖြစ်​နေ​ကြောင်း ပုဂံ​ဒေသခံများက​ ပြော သည်။

“ရေကြီးတာက ​လှေစီးလို့​တောင်ရတယ်။ရေ​တွေအမြန်​ဖောက်ထုတ်မှရမယ်။ အရင်ကလည်း​ရေအိုင်တာ​တွေ​တော့ ရှိတယ်။ အခုလိုမျိုးကြီးက​တော့ မဖြစ်ဘူး”ဟု ပုဂံ​ဒေသခံတစ်ဦးက ​ပြောသည်။

ပုဂံ​ဒေသတွင် ရာသီဥတုဖောက်ပြန်မှုကိုကြိုတင်စီမံပြင်ဆင်ထားခြင်းမရှိ၍ ကမ္ဘာ့အမွေအနှစ်တွေဆုံးရှူံးမှုများနေ​ကြောင်း ယဥ်​ကျေးမှုအ​မွေအနှစ်ထိန်းသိမ်း​ရေးပညာရှင်တစ်ဦးဖြစ်သူ ​ဒေါ်ဥမ္မာမျိုးက ယ​နေ့ ပုဂံ​ရေကြီးမှုနှင့်ပတ်သက်ပြီး ​၎င်း၏လူမှုကွန်ရက်တွင် ထောက်ပြ​ရေးသားထားသည်။

Public Service Announcement

Public Service Announcement

ဖွံ့ဖြိုးရေးစီမံကိန်းများ လမ်းဖောက်၊အဆောက်အအုံဆောက်လုပ်ခြင်းများကြောင့် ပျက်စီးပိတ်ဆို့သွားသောမူလရေဆင်းလမ်းကြောင်းများပြန်လည်ဖော်ထုတ်ထိန်းသိမ်းရန်၊ အမွေအနှစ်ပတ်ဝန်းကျင်ရှိသစ်ပင်ကြီးများအား အမွေအနှစ်အပေါ်အန္တရာယ်ရှိနိုင်လျှင်ရှင်းလင်းရန်၊ ရှေးဟောင်းအဆောက်အအုံထိန်းသိမ်းခြင်းဆိုသည်မှာဘတ်ဂျက်များစွာဖြင့်ဆောင်ရွက်ရသောပရောဂျက်ကြီးများမလိုပဲ စဥ်ဆက်မပြတ်စောင့်ကြည့်၍ ညောင်ပင်သတ်ခြင်း၊ မိုးယိုလျှင်ပြင်ဆင်ခြင်း စသဖြင့် ထိန်းသိမ်းရေးပုံမှန်လုပ်ဆောင်နေရန်နှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှာ
ကပ်ရောဂါ၊ နိုင်ငံရေးစသည်တို့ကြောင့်ထိခိုက်မှုဖြစ်လွယ်သောကြောင့် ဒေသခံများ၏နဂိုမူလ စိုက်ပျိုး ရေးလုပ်ငန်းကို ဒုတိယဝင်ငွေရလမ်းအဖြစ် ဖွံ့ဖြိုးတိုးတက်စေရန် ပုဂံ Cultural landscape မထိခိုက်စေပဲ စီစဥ်ဆောင်ရွက်ရန်တို့ဟု သူမက ​ထောက်ပြ သည်။

၂၀၁၃က ပုဂံကိုကမ္ဘာ့အမွေအနှစ်တင်ရန်စတင်လုပ် ဆောင်စဥ်ကတည်းက ယူနက်စကိုမှအမွေအနှစ်များစီမံခန့်ခွဲရေးကျွမ်းကျင်သူများ၊ထိန်းသိမ်းရေးပညာရှင်များက သက်ဆိုင်သူများကို အကြိမ်ပေါင်းများစွာဆွေးနွေးအကြံပြုခဲ့​ကြောင်း ၎င်းက ဆိုသည်။

ယခုရက်ပိုင်းအတွင် ပုဂံရှေးဟောင်းနယ်မြေတွင် မိုး ကောင်းနေပြီး အဆိုပါမိုးရွာသွန်းမှုကြောင့် ငလျင်ဒဏ်ခံခဲ့ရသည့် ​စေတီပုထိုးအချို့မှာ ပြိုကျပျက်စီးမှုများ ဖြစ်​ပေါ်​နေသည်။

စက်တင်ဘာ၁၁ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘုရားအမှတ်(၁၀၄၂)’ဆင်ကဘုရား’ ၏ ​စောင်းတန်းပြိုကျမှု ဖြစ်ပွားခဲ့သည်။ ပုဂံမြို့သစ် ကျန်စစ်သားနယ်​မြေ ​ရွှေ​လောင်းရပ် ကွက်ရှိ ဆင်ကဘုရား၏ အ​နောက်​တောင်​ထောင့်​စောင်းတန်းပြိုကျခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ် ၃၁ရက်ကလည်း မိုးသည်းထန်စွာရွာသွန်းမှု​ကြောင့် ဘုရားအမှတ် (၈၀၁) သံပျင်စွာဘုရား၏ တောင်ဘက်နံရံပြိုကျပျက်စီးမှုဖြစ်ခဲ့သည်။

၂၀၁၆ သြဂုတ်၂၄ရက်က လှုပ်ခတ်သည့် အင်အားပြင်းငလျင်ဒဏ်​ကြောင့် ​ရှေး​ဟောင်းပုဂံ​ဒေသရှိ ​စေတီပုထိုး ၃၈၉ဆူ ထိခိုက်ပျက်စီးခဲ့သည်။ ထိုငလျင်ဒဏ်ခံရပြီး​နောက်တွင် မိုးတွင်းကာလ၌ မိုးသည်းထန်စွာရွာသွန်းပါက ​ပုဂံ​ဒေသရှိ စေတီပုထိုးအချို့မှာ ပြိုကျပျက်စီးမှု နှစ်စဥ်ဖြစ်​ပေါ်​နေသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရေကြီးပြီး ခါးလောက်နီးပါးထိ ရေမြုပ်နေတဲ့ နေရာမှာ ကျင်းပခဲ့တဲ့ ဖိလစ်ပိုင် မင်္ဂလာပွဲ တစ်ခုဟာ လူမှုကွန်ရက်ပေါ်မှာ လူပြောများနေပါတယ်။

သတင်း

နီပေါနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုမှာ ကလေးနှစ်ဦးကို လက်တွဲပြီး ပြေးလာရင်း အသက်ဘေးကနေ ကပ်လွတ်ခဲ့တဲ့ မိခင်တစ်ဦးရဲ့ ရင်ထိတ်စရာ အခြေအနေကို ဗီဒီယိုနဲ့ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံက နာမည်ကျော် ဂရန်းကန်ညွန် (Grand Canyon) ချောက်ကြီးထဲမှာ ရုတ်တရက် ရေကြီးမှု တစ်ခုကြောင့် တောတောင် ခြေလျင်ခရီးသွား ၁၅ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။

သတင်း

ရေဘေးကြုံနေတဲ့ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့မှာ လှေတစ်စီးရေစီး နဲ့ မျောပါတိမ်းမှောက်သွားလို့ အမျိုးသားတစ်ဦး ပျောက်ဆုံးနေပါတယ်။