Connect with us

Hi, what are you looking for?

နိုင်ငံတကာ

AUKUS စာချုပ်အဖွဲ့ကြောင့် ပစိဖိတ် တောင်ပိုင်းမှာ နျူကလီးယား ပြိုင်ဆိုင်မှု မြင့်တက်လာနိုင်တယ်လို့ တရုတ်ဝေဖန်

အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျတို့ ပါဝင်တဲ့ AUKUSဟာ ဩစတြေးလျ ရေတပ်ကို မဟာမိတ် နှစ်နိုင်ငံက ပူးပေါင်းပြီး နည်းပညာပိုင်း အဆင့်မြှင့်ပေးဖို့၊ ဒေသတွင်းမှာ တရုတ် လွှမ်းမိုးမှုကို တန်ပြန်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

AUKUS စာချုပ်အဖွဲ့ကြောင့် ပစိဖိတ် တောင်ပိုင်းမှာ နျူကလီးယား ပြိုင်ဆိုင်မှု မြင့်တက်လာနိုင်တယ်လို့ တရုတ်ဝေဖန်
AUKUS စာချုပ်အဖွဲ့ကြောင့် ပစိဖိတ် တောင်ပိုင်းမှာ နျူကလီးယား ပြိုင်ဆိုင်မှု မြင့်တက်လာနိုင်တယ်လို့ တရုတ်ဝေဖန်

အမေရိကန် ဦးဆောင်ပြီး ပစိဖိတ် တောင်ပိုင်းမှာ ချဲ့ထွင်လာတဲ့ AUKUS လုံခြုံရေး သဘောတူ စာချုပ်အဖွဲ့ဟာ ဒေသတွင်း နျူကလီးယား လက်နက် ပြိုင်ဆိုင်မှုတွေကို ပိုမို ပြင်းထန်လာစေနိုင်တယ်လို့ တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။

အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျတို့ ပါဝင်တဲ့ AUKUSဟာ ဩစတြေးလျ ရေတပ်ကို မဟာမိတ် နှစ်နိုင်ငံက ပူးပေါင်းပြီး နည်းပညာပိုင်း အဆင့်မြှင့်ပေးဖို့၊ ဒေသတွင်းမှာ တရုတ် လွှမ်းမိုးမှုကို တန်ပြန်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

အဲဒီ သဘောတူညီချက်တွေအရ အမေရိကန်နဲ့ ဗြိတိန်တို့ဟာ ဩစတြေးလျကို နျူကလီးယားစွမ်းအင် အသုံးပြု ခုတ်မောင်းတဲ့ ရေငုပ်သင်္ဘောတွေ တည်ဆောက်ပေးမှာ ဖြစ်ပေမယ့် နျူကလီးယား လက်နက်တွေတော့ တပ်ဆင်စေမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

AUKUSရဲ့ ရည်ရွယ်ချက်ဟာ တရုတ်ကို ပစ်မှတ်ထားဖို့ ဆိုတာမျိုး အဖွဲ့ဝင် သုံးနိုင်ငံက ဘယ်တုန်းကမှ ဝန်ခံမထားပေမယ့် တရုတ်ကတော့ ပစိဖိတ် တောင်ပိုင်းမှာ မဟာဗျူဟာရေးရာ ပြိုင်ဆိုင်ဖို့ အမေရိကန်က စုစည်းထားတဲ့ ပြိုင်ဆိုင်မှုလို့ ရှုမြင်နေပါတယ်။ တရုတ်နဲ့ ဩစတြေးလျ ကြားမှာလည်း ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်း တင်းမာမှုတချို့ ရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဧပြီ ၂၀ မှာတော့ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက ပါပူအာ နယူးဂီနီကို ရောက်ရှိနေတဲ့ ခရီးစဉ်အတွင်း AUKUSကြောင့် ဒေသတွင်းမှာ နျူကလီးယား လက်နက်တပ်ဆင်မှု အလားအလာတွေ မြင့်တက်လာနိုင်သလို မလိုလားအပ်တဲ့ အားပြိုင်မှုတွေကို ဖိတ်ခေါ်ရာ ရောက်လာနိုင်တယ်လို့ ဝေဖန်သွားခဲ့ပါတယ်။

ဒါ့အပြင် AUKUSဟာ ပဋိပက္ခ ဖြစ်နိုင်ခြေတွေထဲကို နောက်ထပ် နိုင်ငံတွေကိုပါ ဆွဲဆောင်သိမ်းသွင်းဖို့ ကြံစည်သလို ဖြစ်နေတယ်လို့လည်း သူက စွပ်စွဲပါတယ်။ အစောပိုင်းတုန်းက AUKUSမှာ ဂျပန်ပါ ပါဝင်ပူးပေါင်းလာနိုင်ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဩစတြေးလျက ငြင်းဆိုသွားပါတယ်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ဟာ ဧပြီ ၁၈ ရက်ကစလို့ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနဲ့ ပါပူအာ သုံးနိုင်ငံဆီ ခရီးလှည့်လည် သွားလာနေခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: CNA⁩

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒရုန်းရေငုပ်သင်္ဘောတွေအတွက် မိခင်ရေယာဉ်လို့ ယူဆရတဲ့ ပထမဆုံး သင်္ဘောတစ်စီးကို တရုတ်မှာ တည်ဆောက်နေပါတယ်။

Facebook