Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်ဒုထောင်မှူးနေအိမ်၌ မူးယစ်ဆေးနှင့် မိုဘိုင်းဖုန်းများ တွေ့ရှိဟုဆို

စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေသတွင်း မူးယစ်ဆေးဝါးပြဿနာသည် သိသိသာသာကြီးမားလာပြီး စစ်ကောင်စီအသိုင်းအဝိုင်းသည် မူးယစ်ဆေးဝါးရောင်းဝယ်မှုများတွင် ပါဝင်ပတ်သက်နေကြောင်း တော်လှန်ရေးအင်အားစုများကပြောသည်။

(ထားဝယ်အကျဉ်းထောင်အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ထားဝယ်အကျဉ်းထောင်အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ထားဝယ်အကျဉ်းထောင် ဝန်ထမ်းအိမ်ယာရှိ ဒုထောင်မှူးနေအိမ်၌ ဌာနဆိုင်ရာအရာရှိများ ပိုင်ဆိုင်သော မူးယစ်ဆေးဝါးများနှင့် မိုဘိုင်းဖုန်းမျာတွေ့ရှိခဲ့သည့်ဖြစ်စဉ်ကို စစ်ကောင်စီက ဖုံးဖိရန် ကြိုးပမ်းနေကြောင်း ဒေသခံများနှင့် တော်လှန်ရေးများက ပြောသည်။

ထားဝယ်အကျဉ်းထောင်ဒုထောင်မှူး ဦးသူရိန်ထွန်း၏ နေအိမ်တွင် စိတ်ကြွဆေးပြားများနှင့် မူးယစ်ဆေးဝါးများအပြင် ဖုန်း ၄၉လုံး၊ လက်တော့အလုံး၃၀နှင့် ဆက်စပ်စ္စည်းများကို စစ်ကောင်စီတပ်ဖွဲ့က တွေ့ရှိခြင်းဟု သိရသည်။

” ၁၄ရက်နေ့က ဝင်ရှာတာ။မူးယစ်ဆေးဝါးတွေက သူတို့(စစ်ကောင်စီ)အတွက် ပြဿနာမရှိဘူး။ အဓိကက ဖုန်းတွေတွေ့လို့ ကွိုင်တက်နေတာ။ ဖုန်းတွေက အကျဉ်းသားတွေကို ရောင်းဖို့လို့ ထင်ကြေးနဲ့ စစ်နေတယ်”ဟု ထားဝယ်မြို့မှ ဒေသခံတစ်ဦးက ပြောသည်။

ဩဂုတ် ၁၄ရက် နေ့လယ်တွင် ထားဝယ်အကျဉ်းထောင်မှ အကျဉ်းသားများ၏ ပါဆယ်ထုပ်များအား စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့က စစ်ဆေးစဉ် ဒုထောင်မှူး အိမ်အတွင်းမူးယစ်ဆေးဝါးများနှင့် ဖုန်း၊လက်တော့များ တွေ့ရှိခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

မူးယစ်ဆေးဝါးများသည် ထားဝယ်မြို့မှ ရဲအရာရှိများအပါအဝင် ဌာနဆိုင်ရာအရာရှိများနှင့် မြို့ခံလုပ်ငန်းရှင်အချို့၏ မူးယစ်ဆေးဝါးများဖြစ်ကြောင်း ထားဝယ်အကျဉ်းထောင်နှင့် နီးစပ်သည့်သတင်းအရင်းမြစ်တစ်ဦးက ပြောသည်။

သို့သော် ထိုအချက်ကို သီးခြားအတည်ပြုချက်မရသေးပေ။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေသတွင်း မူးယစ်ဆေးဝါးပြဿနာသည် သိသိသာသာကြီးမားလာပြီး စစ်ကောင်စီအသိုင်းအဝိုင်းသည် မူးယစ်ဆေးဝါးရောင်းဝယ်မှုများတွင် ပါဝင်ပတ်သက်နေကြောင်း တော်လှန်ရေးအင်အားစုများကပြောသည်။

“အာဏာသိမ်းပြီး ပိုဆိုးလာတာ။ မူးယစ်ဆေးဝါးက သူတို့အတွက် ပြဿနာမဟုတ်ဘူး။ သူတို့ အာရုံစိုက်တာက တော်လှန်ရေးလုပ်နေတဲ့ ပြည်သူတွေကို ဖိနှိပ်ဖို့ပဲ”ဟု တနင်္သာရီစစ်ဒေသခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တနင်္သာရီတိုင်းသည် တော်လှန်ရေးအင်အားစုများအားကောင်းသည့် ဒေသဖြစ်သည်။ တချိန်တည်းတွင် စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားသည် ဖရိုဖရဲဖြစ်နေပြီဟုတနင်္သာရီစစ်ဒေသခွဲ တာဝန်ရှိသူကပြောသည်။ယခုအခါ ထားဝယ်ထောင် အုပ်ချုပ်သူများကို စစ်ဆေးနေသလို ပြီးခဲ့သည့် ဇူလိုင်လကုန်ကလည်း ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်မှ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူးနှင့်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းလင်းကို စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန် သမ္မတရဲ့ ညွှန်ကြားချက်အရ မြန်မာ အပါအဝင်နိုင်ငံ​ပေါင်း ၂၃ ခုကို ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၊ ဖြတ်သန်းသယ်ယူ ပို့ဆောင်ရာနိုင်ငံတွေအဖြစ်သတ်မှတ်ကြောင်းအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကစက်တင်ဘာ ၁၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)မှာ တရားစွဲဆို ခံထားရသူ ဖိလစ်ပိုင် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးဟာ စက်တင်ဘာ ၁၆ ရက်နေ့တုန်းက ICCရဲ့ ကနဦးအဆင့် ကြားနာမှု အစီအစဉ်ကို လူကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။

ဆောင်းပါး

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က မြန်မာနိုင်ငံကို ကမ္ဘာ့တရားမဝင် မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်ရာနှင့် သယ်ယူဖြန့်ဖြူးရာ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်လိုက်ကြောင်း အိမ်ဖြူတော်ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ဆောင်းပါး

တစ်ချိန်က ကမ္ဘာ့မူးယစ်ဆေးဝါးမြေပုံပေါ်မှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ရွှေတြိဂံဒေသဟာ ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်မှု တစ်ကျော့ပြန် မြင့်တက်လာမှုကြောင့် နိုင်ငံတကာကပြန်လည်အာရုံစိုက်စောင့်ကြည့်လာရတဲ့ ဒေသတစ်ခု ဖြစ်လာနေပါတယ်။