Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်တွင် စစ်ကောင်စီတပ်သားများလိုက်ပါလာသောယာဥ် တိုက်ခိုက်ခံရ

အထက်ပါတိုက်ခိုက်မှုတွင် DGRF တပ်ခွဲ(၂)မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သော်လည်း မစိုးရိမ်ရဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

(ထားဝယ်-ထီးခီးလမ်းပိုင်းတွင် တိုက်ခိုက်ခံရ၍ ရှေ့ဆက်မသွားနိုင်ဘဲ ရပ်ထားရသော စစ်ကောင်စီတပ် ကားများ၊ ဓာတ်ပုံ - CJ)ပုံအဟောင်းကို အသုံးပြုထားပါသည်။)
(ထားဝယ်-ထီးခီးလမ်းပိုင်းတွင် တိုက်ခိုက်ခံရ၍ ရှေ့ဆက်မသွားနိုင်ဘဲ ရပ်ထားရသော စစ်ကောင်စီတပ် ကားများ၊ ဓာတ်ပုံ - CJ)ပုံအဟောင်းကို အသုံးပြုထားပါသည်။)

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်သားများလိုက်ပါလာသော ယာဥ်တစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Dawei Guerrilla Revolutionary Force-DGRF(ထားဝယ်-ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့(သြဂုတ် ၃) ညနေ ၄နာရီကျော်က ရေး – ထားဝယ်လမ်းပိုင်း မောင်မယ်ရှောင်ကျေးရွာအနီးရှိ ဟာလီကွေ့၌ မြေသယ်ကားတစ်စီးဖြင့်လိုက်ပါလာသော အင်အား ၂၀ခန့်ပါ စစ်ကောင်စီတပ်ကို DGRF တပ်ခွဲ(၂)မှရဲဘော်များက အသင့်စောင့်စိုင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သားငါးဦးသေဆုံးကြောင်း DGRFက ပြောသည်။

“ပစ်ခတ်မှုအပြီးတော့ လူနာတင်ယာဥ်နှစ်စီးနဲ့ ​ကားရောက်လာသေးတယ်။ ဇဟာရွာအမြှောက် တပ်ရင်းကနေ။ ပြီးတော့ အဲဒီတပ်ရင်းဘက် ပြန်မောင်းသွားတယ်”ဟု တိုက်ခိုက်မှုနောက်ဆက်တွဲအခြေအနေအား DGRFမှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် စစ်ကောင်စီတပ်သားများက တိုက်ခိုက်ခံရပြီးနောက် မောင်မယ်ရှောင်ကျေးရွာအတွင်းဝင်ရောက်ကာ ပြည်သူများ၏ နေအိမ်များအား ပစ်ခတ်ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူအချို့အား ဖမ်းဆီးခြင်းများလုပ်ဆောင်ပြီး ၎င်းတို့အထိုင်တပ်သို့အပြန်တွင် ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းများရှိခဲ့ကြောင်း DGRF မှ တာဝန်ရှိသူက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

“ရွားသား ၅၀ဝန်းကျင်အဖမ်းခံရပြီး တပ်ရင်းအထိ ခေါ်ဆောင်သွားတယ်ဗျ။ တပ်ရင်းရောက်မှပြန်လွှတ်ပေးလိုက်တယ်။ ရွာထဲမှာလည်း ပြည်သူ့အိမ်တွေကို ပစ်ခတ်ဖျက်ဆီးခဲ့သေးတယ်”ဟု ၎င်းက ပြောသည်။

အထက်ပါတိုက်ခိုက်မှုတွင် DGRF တပ်ခွဲ(၂)မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သော်လည်း မစိုးရိမ်ရဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။