Connect with us

Hi, what are you looking for?

သတင်း

ကနီနယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေ၍ ကျေးရွာ ငါးရွာမှဒေသခံများ ဘေးလွတ်ရာထွက်ပြေး

စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်သံများသည် ကနီနှင့် ယင်းမာပင်နယ်စပ်ကျေးရွာများအားလုံးမှ ကြားနေရသည်ဟု ဒေသခံများက ပြောသည်။

(စစ်ကောင်စီတပ် စစ်ကြောင့်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ယင်းမာပင်နယ်မှ ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်)
(စစ်ကောင်စီတပ် စစ်ကြောင့်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ယင်းမာပင်နယ်မှ ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်)

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် အမျိုးသမီးနှစ်ဦးအပါအဝင် ရှစ်ဦးကို သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီစစ်ကြောင်းက ယနေ့(ဩဂုတ် ၁၇ရက်) နံနက်တွင် နောက်ထပ်စစ်ကြောင်းတစ်ကြောင်းနှင့် ထပ်ပေါင်းကာ ကနီမြို့နယ်သို့ ဝင်ရောက်လာ၍ ‌ကျေးရွာငါးရွာမှ ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးနေကြရသည်။

စစ်ကြောင်းနှစ်ခု အင်အား ၃၀၀ထက်မနည်းသည့် စစ်ကောင်စီတပ်ဖွဲ့သည် ယ‌နေ့နံနက် ၈နာရီခန့်တွင် ကနီမြို့နယ် ကျောက်‌မှော်ရွာသို့ လက်နက်ကြီးများပစ်ခတ်ပြီး စတင်ဝင်ရောက်လာခြင်းဟုပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

“မော်တော်တွေနဲ့ ဆန်လာ‌တာရော၊ အောင်ဇေယျကုန်းပေါ်ကနေ ဆင်းလာတာရော အားလုံးပေါင်း ၃၀၀ ကျော်တယ်။ အခု ရွာတွေကို ဝင်နေပြီ”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်သံများသည် ကနီနှင့် ယင်းမာပင်နယ်စပ်ကျေးရွာများအားလုံးမှ ကြားနေရသည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

” စာသင်တာ မဖြောင့်လို့ ကျောင်းဆင်းပေးလိုက်ရတယ်။ ကျွန်မတို့လည်း အသင့်ပြင်ထားရပါတယ်” ဟု ကနီမြို့နယ်မှ CDM ကျောင်းဆရာမတစ်ဦးကပြောသည်။

စစ်ကောင်စီစစ်ကြောင်းကြောင့် ကျောက်ကုန်း၊အင်းပက်၊ နွားခြံကုန်း၊ ကျောက်မှော်၊ ကြက်လျှာရွာတို့မှ ဒေသခံများ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိသည်။

အဆိုပါ စစ်ကြောင်းအား ဒေသကာကွယ်ရေးတပ်ဖွဲ့များကလည်း ကြားဖြတ်တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

ကနီမြို့နယ်သို့ ယခုဝင်ရောက်လာသောစစ်ကြောင်းသည် ပုလဲနှင့် ယင်းမာပင်နယ်စပ်မှ ဖမ်း‌ဆီးလာသည့် ဒေသခံအရပ်သား ဆယ်ဦးအနက် အမျိုးသမီးနှစ်ဦးအပါအဝင် ရှစ်ဦးကို သတ်ဖြတ်ခဲ့သည့် စစ်ကြောင်းဟု ဒေသခံများကပြောသည်။ အဆိုပါ စစ်ကြောင်းက သတ်ဖြတ်ထားသည့် အလောင်းခြောက်လောင်းကို ယင်းမာပင်မြို့နယ်မှ မြောက်ူယမားချောင်းတံတားပေါ်တွင် ဩဂုတ် ၁၆ရက် နံနက်တက ထားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် (၃)နှစ်အရွယ်ကလေးငယ် အပါအ၀င် ပြည်သူ ၂ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။