Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့ပေါ် ညပိုင်း တိုက်ပွဲဖြစ်ပွားနေ

မင်းတပ်မြို့ပေါ်နှင့် မြို့အနီးတဝိုက်တွင် ဒေသခံ ချင်းကာကွယ်ရေးတပ်(CDF) များ စိုးမိုးလှုပ်ရှားမှုရှိပြီး စစ်ကောင်စီတပ်ကို မကြာခဏ တိုက်ခိုက်ခဲ့သည်။ မင်းတပ် CDF အနေဖြင့် မဟာမိတ်များ၊ ဒေသခံ ကာကွယ်ရေးတပ်များနှင့် ပူးပေါင်းပြီးလည်း စစ်ရေးဖော်ဆောင်လေ့ရှိသည်။

(မင်းတပ် CDF တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-CDF-မင်းတပ်)
(မင်းတပ် CDF တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-CDF-မင်းတပ်)

▪︎ဆေးရုံ၊ ကျောင်းများပိတ်ထားရန်နှင့် ရုံးသွားရုံးလာ မလုပ်ရန် စစ်ကောင်စီက အရေးပေါ် ဖုန်းဆက် တားမြစ်ဟုဆို

ချင်းပြည်နယ် မင်းတပ်မြို့ပေါ်တွင် ယနေ့ ညနေပိုင်းမှ တိုက်ပွဲစတင်ခဲ့ပြီး ညပိုင်းအချိန်ထိ ပစ်ခတ်မှုများ ဆက်ရှိနေသည်ဟု မင်းတပ်မြို့နယ် ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

“ခုချိန်ထိ မြို့ထဲပစ်နေကြတုန်းပဲ။ တိုက်ပွဲက ညနေပိုင်းလောက်နေ စတာ”ဟု ဒေသခံ သတင်းရင်းမြစ်က ယနေ့ည ၉နာရီခွဲကျော်တွင် ပြောပြသည်။

မင်းတပ်မြို့ ရှိ စစ်ကောင်စီ အုပ်စုမှ မနက်ဖန် အများပြည်သူနှင့်သက်ဆိုင်သည့်နေရာများဖြစ်သောဆေးရုံတံခါးများပိတ်ထားရန်၊ ကျောင်းများပိတ်ကြရန်၊ရုံးသွားရုံးလာများမပြုလုပ်ကြရန် ယခုည အရေးပေါ်ဖုန်းဆက်သတိပေးတားမြစ်သည်ဟု ကြားသိရကြောင်း ဒေသခံ သတင်းရင်းမြစ်က ၄င်း၏ Facebook မှ တဆင့်လည်း အသိပေး ရေးသားခဲ့သည်။

“ အကြောင်းတစ်ခုခု ထူးခြားလို့ဖြစ်မယ်ထင်ပါတယ်၊မြို့ပေါ်ကအမျိုးများ ဂရုစိုက်သွားလာကြပါ ။အိမ်မှာနေလည်း သတိနဲ့နားစွန့်နေကြပါဗျ။ တစ်ခုခုကြံစည်နေတာ လည်းဖြစ်နိုင်ပါတယ်။အသေးစိပ်ကို သက်ဆိုင်ရာ အဖွဲ့တွေက ထုတ်ပြန်ကြေငြာကြပါလိမ့်မယ်။ကျနော်က အဲ့လောက်ဘဲသတိပေးနိုင်လို့ပါ” ဒေသခံ သတင်းရင်းမြစ်က ရေးသားထားသည်။

Public Service Announcement

Public Service Announcement

ယနေ့ ညနေမှ ညပိုင်းအထိ လက်နက်ကြီး လက်နက်ငယ်သံများ မြို့ထဲ၌ ကြားနေရသည်ဟုသိရသည်။

ယနေ့ ညနေက မင်းတပ်မြို့နယ် ရှိ ကျေးရွာ တစ်ရွာဘက်သို့ စစ်ကောင်စီတပ် ခလရ(၂၇၄) တပ်ရင်းမှလက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သည်ဟုလည်း အသိပေးထားသည်။

ထိခိုက်ပျက်စီးမှု အခြေအနေများ မသိရသေးဟု ဒေသခံက ဆိုသည်။

မင်းတပ်မြို့ပေါ်နှင့် မြို့အနီးတဝိုက်တွင် ဒေသခံ ချင်းကာကွယ်ရေးတပ်(CDF) များ စိုးမိုးလှုပ်ရှားမှုရှိပြီး စစ်ကောင်စီတပ်ကို မကြာခဏ တိုက်ခိုက်ခဲ့သည်။ မင်းတပ် CDF အနေဖြင့် မဟာမိတ်များ၊ ဒေသခံ ကာကွယ်ရေးတပ်များနှင့် ပူးပေါင်းပြီးလည်း စစ်ရေးဖော်ဆောင်လေ့ရှိသည်။

စစ်ရေးအခြေအနေများနှင့်ပတ်သက်ပြီး မေးမြန်းရန် မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ အချို့ထံ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။