Connect with us

Hi, what are you looking for?

သတင်း

အင်တာနက်လွတ်လပ်ခွင့်ညွှန်းကိန်းမှာမြန်မာဒုတိယအဆိုးဆုံးနိုင်ငံဖြစ်လာ

စစ်တပ်အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်က မြန်မာနိုင်ငံရဲ့ အင်တာနက်လွတ်လပ်ခွင့်အညွှန်းကိန်းဟာ အဆင့် ၃၁ ရှိခဲ့ပါတယ်။

Photo - ABC
Photo - ABC

မြန်မာဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ကမ္ဘာ့ပေါ်မှာ အင်တာနက်လွတ်လပ်ခွင့် ဒုတိယအဆိုးဆုံးနိုင်ငံဖြစ်လာတယ်လို့ အမေရိကန်အခြေစိုက် Freedom House ရဲ့ ဒီနေ့မှာ ထုတ်ပြန်တဲ့ သုတေသနအစီရင်စာမှာဖော်ပြလာပါတယ်။

အင်တာနက်လွတ်လပ်ခွင့်ဖိနှိပ်မှု အဆိုးဆုံးကတော့ တရုတ်နိုင်ငံဖြစ်ပြီး ဒုတိယအဆိုးဆုံးနိုင်ငံက မြန်မာနိုင်ငံ ဖြစ်တယ်လို့ Freedom House ရဲ့ ၂၀၂၃ ခုနှစ် အစီရင်ခံစာအရသိရပါတယ်။

စစ်တပ်အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်က မြန်မာနိုင်ငံရဲ့ အင်တာနက်လွတ်လပ်ခွင့်အညွှန်းကိန်းဟာ အဆင့် ၃၁ ရှိခဲ့ပါတယ်။

အင်တာနက်လွတ်လပ်ခွင့်ကျဆင်းလာတာတွေကို Freedom House က ထောက်ပြရာမှာ အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှု ၊ အာဏာဖီဆန်မှုတွေကို ဖိနှိပ်ဖို့စစ်တပ်က အင်တာနက်ပိတ်ပင်တာ ၊ ဆက်သွယ်ရေးကုမ္ပဏီတွေကို တိုက်ရိုက်ဖြစ်စေ ၊သွယ်ဝိုက်ပြီးဖြစ်စေ ထိန်းချုပ်ဖို့ လုပ်ဆောင်ခဲ့တဲ့အချက်တွပါပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် အင်တာနက်သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို မှတ်ပုံတင်ဖို့အတင်းအကြပ်ဖိအားပေးတာ ၊ ကြားဖြတ်ထောက်လှမ်းခိုင်းတာတွေကိုလည်း အာဏာသိမ်းစစ်တပ်က ဆက်သွယ်ရေးကုမ္ပဏီတွေအပေါ် ဖိအားပေးခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒီလိုလုပ်ရပ်တွေကြောင့်ပဲ တယ်လီနောနဲ့ အော်ရီဒူးလို့ နိုင်ငံတကာဆက်သွယ်ရေးကုမ္ပဏီတွေဟာ လုပ်ငန်းတွေကို စစ်တပ်နဲ့ နီးစပ်တဲ့ကုမ္ပဏီတွေထံ လက်လွှဲရောင်းချခဲ့ပြီး မြန်မာနိုင်ငံကနေ ထွက်ခွာခဲ့ရတယ်လို့လည်း Freedom House က ဆိုပါတယ်။

အင်တာနက်ကိုထိန်းချုပ်တဲ့အပြင် အင်တာနက်ပေါ်မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေပြုလုပ်သူတွေ ၊ ဝေဖန်မှု ပြုလုပ်သူတွေကို လည်း စစ်ကောင်စီဟာ နှစ်ရှည်ထောင်ဒဏ်ချတာတွေရှိခဲ့တယ်လို့ Freedom House က အစီရင်ခံစာမှာ ထည့်ပြောထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရွှေဘိုခရိုင်အတွင်းက မြို့နယ် ၃ခုမှာ စစ်ဆင်ရေးရှိနေလို့ စတားလင့်ခ်အင်တာနက်တွေ ယာယီ ပိတ်သိမ်းထားကြဖို့ အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာနက သတိပေးပါတယ်။

သတင်း

စစ်တပ်သတင်းပေးတွေက စတားလင့်အင်တာနက်(Starlink)အသုံးပြုပြီး စစ်တပ်ထံ သတင်းပေးနေတာကြောင့် ကနီမြို့နယ်မှာ တေယ်လှန်ရေးအဖွဲ့အစည်းတွေရဲ့ အင်တာနက်စက်ကလွဲပြီး စတားလင့်အင်တာနက်အားလုံး ပိတ်သိမ်းဖို့ မြို့နယ်အရေးပေါ်အုပ်ချုပ်ရေး (ဗဟို)အဖွဲ့က ထုတ်ပြန်ထားပါတယ်။

သတင်း

တိုက်ပွဲတွေကြောင့် အင်းတော်မြို့နယ်မှာ Starlink အင်တာနက်အသုံးပြုမှုယာယီပိတ်သိမ်းဖို့ အင်းတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပဖက) ထုတ်ပြန်ထားပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ နိုင်ငံတဝန်းမြို့နယ်အများအပြားကို ဖုန်း၊ အင်တာနက်စတဲ့ ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်နေတာဟာ ပြည်တွင်း သတင်းစီးဆင်းမှုကို ရပ်တန့်စေပြီး စစ်တပ်ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖုံးကွယ်နိုင်ဖို့အတွက် အပါအဝင် အဓိကရည်ရွယ်ချက် သုံးရပ်အတွက်လုပ်ဆောင်နေတာလို့ အသံအဖွဲ့က ပြောပါတယ်။