Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အင်တာနက်လွတ်လပ်ခွင့်ညွှန်းကိန်းမှာမြန်မာဒုတိယအဆိုးဆုံးနိုင်ငံဖြစ်လာ

စစ်တပ်အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်က မြန်မာနိုင်ငံရဲ့ အင်တာနက်လွတ်လပ်ခွင့်အညွှန်းကိန်းဟာ အဆင့် ၃၁ ရှိခဲ့ပါတယ်။

Photo - ABC
Photo - ABC

မြန်မာဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ကမ္ဘာ့ပေါ်မှာ အင်တာနက်လွတ်လပ်ခွင့် ဒုတိယအဆိုးဆုံးနိုင်ငံဖြစ်လာတယ်လို့ အမေရိကန်အခြေစိုက် Freedom House ရဲ့ ဒီနေ့မှာ ထုတ်ပြန်တဲ့ သုတေသနအစီရင်စာမှာဖော်ပြလာပါတယ်။

အင်တာနက်လွတ်လပ်ခွင့်ဖိနှိပ်မှု အဆိုးဆုံးကတော့ တရုတ်နိုင်ငံဖြစ်ပြီး ဒုတိယအဆိုးဆုံးနိုင်ငံက မြန်မာနိုင်ငံ ဖြစ်တယ်လို့ Freedom House ရဲ့ ၂၀၂၃ ခုနှစ် အစီရင်ခံစာအရသိရပါတယ်။

စစ်တပ်အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်က မြန်မာနိုင်ငံရဲ့ အင်တာနက်လွတ်လပ်ခွင့်အညွှန်းကိန်းဟာ အဆင့် ၃၁ ရှိခဲ့ပါတယ်။

အင်တာနက်လွတ်လပ်ခွင့်ကျဆင်းလာတာတွေကို Freedom House က ထောက်ပြရာမှာ အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှု ၊ အာဏာဖီဆန်မှုတွေကို ဖိနှိပ်ဖို့စစ်တပ်က အင်တာနက်ပိတ်ပင်တာ ၊ ဆက်သွယ်ရေးကုမ္ပဏီတွေကို တိုက်ရိုက်ဖြစ်စေ ၊သွယ်ဝိုက်ပြီးဖြစ်စေ ထိန်းချုပ်ဖို့ လုပ်ဆောင်ခဲ့တဲ့အချက်တွပါပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် အင်တာနက်သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို မှတ်ပုံတင်ဖို့အတင်းအကြပ်ဖိအားပေးတာ ၊ ကြားဖြတ်ထောက်လှမ်းခိုင်းတာတွေကိုလည်း အာဏာသိမ်းစစ်တပ်က ဆက်သွယ်ရေးကုမ္ပဏီတွေအပေါ် ဖိအားပေးခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒီလိုလုပ်ရပ်တွေကြောင့်ပဲ တယ်လီနောနဲ့ အော်ရီဒူးလို့ နိုင်ငံတကာဆက်သွယ်ရေးကုမ္ပဏီတွေဟာ လုပ်ငန်းတွေကို စစ်တပ်နဲ့ နီးစပ်တဲ့ကုမ္ပဏီတွေထံ လက်လွှဲရောင်းချခဲ့ပြီး မြန်မာနိုင်ငံကနေ ထွက်ခွာခဲ့ရတယ်လို့လည်း Freedom House က ဆိုပါတယ်။

အင်တာနက်ကိုထိန်းချုပ်တဲ့အပြင် အင်တာနက်ပေါ်မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေပြုလုပ်သူတွေ ၊ ဝေဖန်မှု ပြုလုပ်သူတွေကို လည်း စစ်ကောင်စီဟာ နှစ်ရှည်ထောင်ဒဏ်ချတာတွေရှိခဲ့တယ်လို့ Freedom House က အစီရင်ခံစာမှာ ထည့်ပြောထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

Elon Musk ပိုင်ဆိုင်သော X(Twitter)လူမှုကွန်ရက်မှတဆင့် ရန်ဟီးလီိက တိုက််တွန်းခဲ့ခြင်းဖြစ််ပြီး အာဏာသိမ်းစစ်ကောင်စီက မြေပြင်အခြေအနေမှန်များ ကမ္ဘာအနှံ့ရောက််ရှိရန် အလွန်ခက်ခဲစေရေးအတွက် အင်တာနက််ပိတ်ဆို့များကိို ဆက်လက်လုပ်ဆောင််ထားဆဲဖြစ်ကြောင်း အသိပေး ဖော်ပြသည်။

နိုင်ငံတကာ

Optusဟာ အင်တာနက် ပြတ်တောက်တဲ့ ကိစ္စအပြင် မနှစ်တုန်းက အချက်အလက် ပေါက်ကြားမှုတွေ ဆိုးဆိုးရွားရွား ကြုံတွေ့ခဲ့ရဖူးပါတယ်။ အဲဒီတုန်းကလည်း ကုမ္ပဏီကို ရို့စ်မာရင်ပဲ အဓိက မောင်းနှင် ဦးဆောင်နေခဲ့တာပါ။

သတင်း

ယခုကဲ့သို့ဖုန်းလိုင်းများ ဖြတ်တောက်ခြင်းမှာ ဒေသတွင်း သတင်းများ မပြန့်စေရန်၊ စစ်ကောင်စီတပ်ရင်းလိုက်လက်နက်ချသည်ဆိုသည့် သတင်း မသိစေရေး အတွက်လည်းဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

နိုင်ငံတကာ

နောက်ပြီး ဖျံကြီးတစ်ကောင်က သူတို့ရဲ့ ပုံမှန် သဘာဝ စားကျက်မြေကို စွန့်ခွာပြီး လူ့ပတ်ဝန်းကျင်မှာ အကြာကြီး လာနေထိုင်တယ် ဆိုတာမျိုးက ရှားပါးလွန်းတဲ့ အခြေအနေမျိုးလို့လည်း ဌာနရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဗီဂတ်ဒ်အွန် ဟက်တန်က မှတ်ချက် ပေးခဲ့ပါတယ်။