Connect with us

Hi, what are you looking for?

သတင်း

ပုလဲ၊ ဆားလင်းကြီးနှင့် ယင်းမာပင်မြို့နယ်တို့တွင် စစ်ကောင်စီ၏လေကြောင်းအန္တရာယ် သတိပေး

ပုလဲမြို့နယ်ကို ဝင်ရောက်ခဲ့သည့် စစ်ကောင်စီစစ်ကြောင်း ပြန်ထွက်လာစဉ် ယင်းစစ်ကြောင်းလုံခြုံရေးပေးရန်အတွက် စစ်ကောင်စီက လေကြောင်းပျံသန်းမှုများ ပြုလုပ်နေကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။

(စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်က အသုံးပြုတိုက်ခိုက်နေ သည့် Mi-35 ရဟတ်ယာဥ် တစ်စီးအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်က အသုံးပြုတိုက်ခိုက်နေ သည့် Mi-35 ရဟတ်ယာဥ် တစ်စီးအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း ပုလဲ၊ ဆားလင်းကြီးနှင့် ယင်းမာပင်မြို့နယ်တို့တွင် စစ်ကောင်စီ လေကြောင်းမှတိုက်ခိုက်လာနိုင်၍ ပြည်သူများသတိရှိကြရန် ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး(ULF)က သတိပေးချက်ထုတ်ပြန်သည်။

ယမန်နေ့( အောက်တိုဘာ ၁၂ရက်) ညနေက စတင်သတိပေးခြင်းဖြစ်ပြီး ယနေ့တွင်လည်း လေကြောင်းအန္တရာယ်ရှိနေသည်ဟု ULF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“မ‌နေ့ကလည်း တံတားဦးလေဆိပ်က‌နေ တနေကုန်အောင် ဂျက်ဖိုက်တာတွေတက်တယ်။ လေကြောင်းကနေ တိုက်ခိုက်လာမယ့်အခြေအနေတွေကို သတိပေးထားတယ်”ဟု ULFက ပြောသည်။

ပုလဲမြို့နယ်ကို ဝင်ရောက်ခဲ့သည့် စစ်ကောင်စီစစ်ကြောင်း ပြန်ထွက်လာစဉ် ယင်းစစ်ကြောင်းလုံခြုံရေးပေးရန်အတွက် စစ်ကောင်စီက လေကြောင်းပျံသန်းမှုများ ပြုလုပ်နေကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီယာဉ်တန်းသည် ယနေ့(အောင်တိုဘာ ၁၃ရက်)တွင် ပုလဲမြို့ပေါ်၌ ရှိနေပြီး မင်းတိုင်ပင်နှင့် နှောကုန်းကျေးရွာအပါအဝင် လမ်းတလျှောက်ရှိကျေးရွာများမှ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေရသည်။

အဆိုပါ ယာဉ်တန်း၌ အင်အား ၂၀၀ခန့်လိုက်ပါလာပြီး ဒေသကာကွယ်ရေးတပ်များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ ဆားလင်ကြီးနှင့်ယင်းမာပင်မြို့နယ်များသို့ ဝင်ရောက်နိုင်ခြေရှိ၍ ဒေသခံများအား ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေးထားသည်။

စစ်ကောင်စီစစ်ကြောင်းသည် လမ်းကြောင်းတလျောက်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ ပြည်သူပိုင်ပစ္စည်းများ ခိုးယူခြင်း၊ လုယက်ခြင်း၊ ပြည်သူများအား ဖမ်းဆီးနှိပ်စက်ခြင်းတို့ ပြုလုပ်နေပြီး ဒေသခံတစ်သောင်းကျော်မှာ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေ မကျရေး စစ်‌တပ်က လေကြောင်းက နေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်တပ်က စစ်​တွေရှိလက်နက်ကြီးအထိုင်စခန်းအနည်းဆုံး ၇နေရာ၊ သံချပ်ကာတင့်ကား၂စီးနဲ့စစ်သင်္ဘောအချို့ပေါ်ကပုဏ္ဏားကျွန်း-စစ်တွေ-ရသေ့တောင်မြို့နယ်တို့ရှိ ရပ်ရွာ​တွေကိုလက်နက်ကြီး​တွေနဲ့ပစ်ခတ်

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။