Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပုလဲနယ်စစ်ကြောင်းထိုးခဲ့သည့် စစ်ကောင်စီစစ်ကြောင်း ဆားလင်းကြီးတွင် မိုင်းထိ

ယနေ့ညနေ ၅နာရီခန့်တွင် ရရှိသောသတင်းအရ အဆိုပါစစ်ကောင်စီစစ်ကြောင်းမှ နှစ်ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း ဗိုလ်စွမ်းက ဆိုသည်။

(ဆားလင်းကြီးမြို့တွင် စစ်ကောင်စီစစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် ကာကွယ်ရေးရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)
(ဆားလင်းကြီးမြို့တွင် စစ်ကောင်စီစစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် ကာကွယ်ရေးရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင် စစ်ကြောင်းထိုးခဲ့သည့် စစ်ကောင်စီ ခြေလျင်စစ်ကြောင်းသည် ယနေ့နံနက်က ဆားလင်းကြီးမြို့နယ်သို့ ဝင်ရောက်လာစဉ် ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း -၂၈ (ဓါးမဆိုင်းတပ်မတော်)မှ တာဝန်ခံက ပြောသည်။

အင်အား ၇၀ကျော်ပါ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းသည် ယနေ့(စက်တင်ဘာ ၃၀ရက်) နံနက် ၁၁နာရီခန့်က မြေစွန်းကျေးရွာလမ်းမပိုင်းတွင် သုံးလုံးတွဲပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဟု တိုက်ခိုက်ရာတွင်ပါဝင်သော ဓါးမဆိုင်းတပ်မတော်မှ မိုင်းတာဝန်ခံ၊ တပ်စိတ်မှူး ကိုမောင်က ပြောသည်။

“မျက်မြင်အနေအထားက‌တော့ ရှေ့က လေးယောက်လဲကျတယ်။‌နောက်က စစ်ကြောင်းကလည်း ဖုန်တွေနဲ့လုံးထွက်သွားတာပဲ”ဟု ကိုမောင်က ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ကြောင်းသည် ပုလဲမြို့နယ်အတွင်း စက်တင်ဘာလလယ်ခန့်မှစတင်ကာ စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။ စက်တင်ဘာ၂၈ရက်က ပုလဲမြို့နယ်၊ ညောင်ကုန်းရွာ တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးရဲဘော်သုံးဦးကို သတ်ဖြတ်ခဲ့သည့်စစ်ကြောင်းဖြစ်ကြောင်း ဓါးမဆိုင်းတပ်မတော်တာဝန်ခံ ဗိုလ်စွမ်းက ပြောသည်။

” ပုလဲနယ် ညောင်ကုန်းအကြွေးကို ဆားလင်းကြီး အဝင်မှာပြန်ယူလိုက်တဲ့ ဓားမဆိုင်းကွ”ဟု ဗိုလ်စွမ်းက ၎င်း၏လူမှုကွန်ရက်တွင် အသိပေးရေးသားထားသည်။

Public Service Announcement

Public Service Announcement

ယနေ့ညနေ ၅နာရီခန့်တွင် ရရှိသောသတင်းအရ အဆိုပါစစ်ကောင်စီစစ်ကြောင်းမှ နှစ်ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း ဗိုလ်စွမ်းက ဆိုသည်။

လတ်တလောတွင် စစ်ရေးအခြေအနေတင်းမာနေပြီး ဒေသခံပြည်သူများအနေဖြင့် စစ်ကောင်စီစစ်ကြောင်းရန်ကို သတိပြုကြရန် ‌ဗိုလ်စွမ်းက ပြောသည်။ အ‌ဆိုပါစစ်ကြောင်းသည် ယနေ့ညနေတွင် ဆားလင်းကြီးမြို့ရဲစခန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရွှေမုဌောဘုရားဝင်းအပါအဝင် နေရာငါးခု၌ ဝင်ရောက်တပ်စွဲနေကြောင်း သတင်းရရှိသည်။