Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမြို့နယ်ရှိ ပျူစခန်းကို မောင်းသူမဲ့ယာဥ်ငယ်ဖြင့် ဗုံးချတိုက်ခိုက်

ယမန်နေ့ (သြဂုတ် ၁ရက်) ညနေ ၅နာရီခန့်က ရေစကြိုမြို့နယ်၊ ဇီးတောရွာရှိ ပျူစောထီးစခန်းအား 3Kg သယ်ဆောင်နိုင်သော ​​မောင်းသူမဲ့ လေယာဉ်ငယ် နှစ်စီးဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

(ရေစကြို(ပကဖ)အဖွဲ့နှင့် မဟာမိတ်များ ပျူစခန်းအား တိုက်ခိုက်ရန်ပြင်ဆင်နေစဥ်)
(ရေစကြို(ပကဖ)အဖွဲ့နှင့် မဟာမိတ်များ ပျူစခန်းအား တိုက်ခိုက်ရန်ပြင်ဆင်နေစဥ်)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေစကြို – မန္တလေးလမ်းပိုင်း ဇီးတောကျေးရွာရှိ ပျူစောထီးစခန်းအား မောင်းသူမဲ့လေယာဥ်ငယ် နှစ်စီးဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (သြဂုတ် ၁ရက်) ညနေ ၅နာရီခန့်က ရေစကြိုမြို့နယ်၊ ဇီးတောရွာရှိ ပျူစောထီးစခန်းအား 3Kg သယ်ဆောင်နိုင်သော ​​မောင်းသူမဲ့ လေယာဉ်ငယ် နှစ်စီးဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

“လေယာဥ်က နှစ်စီး၊ ဗုံးက လေးလုံး နှစ်ခေါက်ပျံတာ။ မှတ်ထားတဲ့နေရာတွေကို အော်တိုချတာ။ ဘန်ကာတွေရှိတဲ့နေရာတွေ ချတာ။”ဟု ရေစကြို(ပကဖ)အဖွဲ့ ပြန်ကြားရေးတာဝန်ခံကပြောသည်။

တိုက်ခိုက်မှုကြောင့် ဇီးတောမှပျူများ ထိခိုက်မှုရှိနိုင်ပြီး သီးခြားအတည်မပြုမနိုင်သေးကြောင်း ရေစကြို(ပကဖ)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါစစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရးတပ်ဖွဲ့-ရေစကြိုမြို့နယ်(ပ.က.ဖ)နှင့်အတူ Salingyi Special Task Force – SSTF {Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team(4)}၊Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team(3) PDAF အစရှိသည့်အဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

ရေစကြို(ပကဖ)အဖွဲ့နှင့် မဟာမိတ်များသည် ဇူလိုင်နောက်ဆုံးပတ်ကလည်း ရှင်မတောင်ပေါ်သို့ ရိက္ခာသွားပို့သည့် စစ်ကောင်စီစစ်ကြောင်းကို အသွားအပြန်နှစ်ကြိမ်တိုင် တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်၊သီလုံးရွာကပျူစောထီးစခန်း နှစ်ရက်ဆက်တိုက် ​ဗုံးကြဲတိုက်ခိုက်ခံရပြီးပျူခေါင်းဆောင်သေဆုံးသွားကြောင်းရွှေဘိုခရိုင်အမှတ်(၄) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ၊ ​မော်လိုက်မြို့နယ်က စစ်တပ် နဲ့ပျူ​စောထီး​တွေပူး​ပေါင်းတပ်ထိုင်ထားတဲ့ ​ထော်သာပျူစခန်း၊ ​တောင်းအင်ပျူစခန်း​တွေကို ​တော်လှန်​ရေးတပ်​တွေကသိမ်းပိုက်ပြီး​နောက် စက်တင်ဘာလ ဒုတိယပါတ်မှာ ပျူ​​စောထီးစခန်းသုံးခုကိုထပ်မံသိမ်းပိုက်ခဲ့တယ်လို့ တော်လှန်​ရေးတပ်ဖွဲ့ဝင်အချို့က​ပြောပါတယ် ။

သတင်း

မော်လိုက်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များပိတ်ဆို့ထားသည့်တောင်းအင်စခန်းမှစစ်ကောင်စီနှင့်ပျူစောထီးအင်အား ၂၀၀ နီးပါးသည် ဆုတ်ခွာထွက်ပြေးသွားကြောင်းသတင်းရရှိသည်။

သတင်း

တနသ်ာရီတိုင်း ပုလောမြို့နယ် ကျောက္ကာရွာရှိ ပျူစောထီးအထိုင်စခန်းကို ပူးပေါင်းအဖွဲ့များနှင့်အတူ ဝင်ရောက်စီနင်းတိုက်ခိုက်ခဲ့ရာ ပျူသုံးဦးသေဆုံး၍ သေနတ်ငါးလက်ရခဲ့ကြောင်း မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းမှ ပြန်ကြားရေးတာ ဝန်ခံ ကိုအာနိုးက ပြောသည်။