Connect with us

Hi, what are you looking for?

သတင်း

မှော်ဘီလေတပ်တိုက်ခိုက်မှု အထိအခိုက်များနိုင်ဟု U.S.Oပြော

မြို့ပြအထူးစစ်ဆင်ရေး U.S.O သည် ရန်ကုန်မြို့တွင် စစ်ဆင်ရေးများအရှိန်မြှင့်မည့်အကြောင်း စင်တင်ဘာ ၁၅ ရက်တွင်ကြေညာခဲ့ပြီး တစ်လအတွင်း စစ်ဆင်ရေးလေးကြိမ်လုပ်ဆောင်ခဲ့သည်။

(စစ်ကောင်စီ​၏ လေတပ်စခန်းအား မြင်တွေ့ရစဉ်။ဓာတ်ပုံ - CJ)
(စစ်ကောင်စီ​၏ လေတပ်စခန်းအား မြင်တွေ့ရစဉ်။ဓာတ်ပုံ - CJ)

တိုင်းရင်းသားဒေသများနှင့် ပြည်သူများကိုလေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင်‌နေသည့် စစ်ကောင်စီ၏ မှော်ဘီလေတပ်စခန်းကို (၁၀၇) မမ ရှော့တိုက်ဒုန်း ငါးလုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း Urban Special Operation (U.S.O) မှတာဝန်ရှိသူက ပြောသည်။

“အတွင်းသတင်းအရတော့ တော်တော်ထိခိုက်ပျက်စီးမှုရှိတယ်လို့ ကြားတယ်။ လေယာဉ်အနိမ့်ပျံသန်းပြီးပါရှာနေတယ် ။ဂိတ်စစ်ဆေး‌တွေကလည်း ဒူထောက်ပြီး ရှာဖွေပုံစံပါ လုပ်တယ်။ကျွန်တော်တို့ ရဲဘော်များ အန္တရာယ်ကင်းစွာ လုပ်ဆောင်နိုင်ပါတယ် ။”ဟု U.S.O မှတာဝန်ရှိသူက ပြောသည်။

အောက်တိုဘာ ၂၂ ရက် ည ၉ နာရီခန့်တွင် ရန်ကုန်မြို့ မှော်ဘီမြို့နယ်ရှိ စစ်ကောင်စီလေတပ်စခန်းကို အတွင်းဖရဲသီးများ၏ သတင်းပေးပို့မှုဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းနေရာ၌လေယာဉ်ဆီ ၊ လေယာဉ်ပြုပြင်ရန် ပစ္စည်းများနှင့် ပြောင်းရွှေ့ရပ်နားထားသော လေယာဉ်များရှိကြောင်း U.S.O ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ယင်းစစ်ဆင်ရေးအပြီးတွင် မှော်ဘီ ၊ ထောက်ကြန့် နှင့် လှည်းကူးမြို့နယ်အနီးတဝိုက်တွင် ရဟတ်ယာဉ်များ အနိမ့်ပျံ၍ ဆလိုက်မီးများထိုးကာ အသည်းအသန်ရှာဖွေခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါစစ်ဆင်ရေးသည် မြို့ပြအထူးစစ်ဆင်ရေး၏ ငါးကြိမ်မြောက် လုပ်ဆောင်မှုဖြစ်သည်။

ဆက်လက်၍ စစ်ကောင်စီ၏ စီးပွားရေးပိုင်ဆိုင်မှုများနှင့် ဆက်နွယ်နေသူများ ၊ ဆက်နွယ်နေမှူများကို စစ်ရေးပစ်မှတ်များအဖြစ် တိုက်ခိုက်သွားမည်ဟု U.S.O က သတိပေးလိုက်သည်။

မြို့ပြအထူးစစ်ဆင်ရေး U.S.O သည် ရန်ကုန်မြို့တွင် စစ်ဆင်ရေးများအရှိန်မြှင့်မည့်အကြောင်း စင်တင်ဘာ ၁၅ ရက်တွင်ကြေညာခဲ့ပြီး တစ်လအတွင်း စစ်ဆင်ရေးလေးကြိမ်လုပ်ဆောင်ခဲ့သည်။

ထို့ပြင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပူဆွေးနေရချိန်တွင် ပွဲများတတ်ကာ ပျော်ပါးနေသော ရေပေါ်ဆီများကိုလည်း စစ်ရေးပစ်မှတ်များကို ပယ်ဖျက်တော့မည်မဟုတ်ကြောင်း သတိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့က မရှီကထောင်ဆုတောင်းကုန်းအနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက Y8 လေယာဉ်နဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အား ထပ်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။