Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီ၏တိုက်ခိုက်မှု မကြာခဏခံနေရသည့် ကျောက်ကြီးဒေသခံများအား လက်နက်ကြီး၊ လေကြောင်းရန် ကာကွယ်ရေးသင်တန်းပေး

အောက်တိုဘာ ၁၈ရက်မှစတင်ကာ ကျန်းမားရေးကူညီ စောင့်ရှောင်မှုများ နှင့် လိုအပ်နေသောစားနပ်ရိက္ခာများကို ထောက်ပံ့ပေးခဲ့ပြီး လက်နက်ကြီးဘေးနှင့် လေယာဉ်ပျံဘေးမှကြိုတင်ကာကွယ်နိုင်ရန်အတွက်လည်း သင်တန်းများ ပို့ချသင်ကြားပေးလျှက်ရှိကြောင်း KNUက ထုတ်ပြန်သည်။

(စစ်ရှောင်များအား စားနပ်ရိက္ခာများနှင့် ဆေးဝါးများ ထောက်ပံ့ပေးနေစဥ်။ ဓာတ်ပုံ - KNU)
(စစ်ရှောင်များအား စားနပ်ရိက္ခာများနှင့် ဆေးဝါးများ ထောက်ပံ့ပေးနေစဥ်။ ဓာတ်ပုံ - KNU)

▪︎Free Burma Rangerအဖွဲ့မှ စစ်ရှောင်များအား စားနပ်ရိက္ခာများနှင့် ဆေးဝါးများ ထောက်ပံ့

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃) ညောင်လေးပင်ခရိုင် ကျောက်ကြီး(လယ်ဒို)မြို့နယ် ရှိ ဒေသခံပြည်သူများကို လေကြောင်းရန်နှင့် လက်နက်ကြီးရန် ကာကွယ်ရေးဆိုင်ရာ သင်တန်းပို့ချခဲ့ကြောင်း KNUက သတင်းထုတ်ပြန်ထားသည်။

လယ်ဒို(ကျောက်ကြီး)မြို့နယ်၊ စစ်တောင်းမြစ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်နေရသော ကျေးရွားများအတွင်းရှိ ပြည်သူလူထုများကို KNU လယ်ဒိုမြို့နယ် ကျန်းမားရေးဌာန၊ Free Burma Ranger (FBR)နှင့် ကရင့်အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့တို့မှ ပူးပေါင်းပြီးကူညီရေး လုပ်ငန်းများ လုပ်ဆောင်ပေးစဉ် အထက်ပါအတိုင်း သင်တန်းပို့ချခဲ့သည်ဟု ဆိုသည်။

အောက်တိုဘာ ၁၈ရက်မှစတင်ကာ ကျန်းမားရေးကူညီ စောင့်ရှောင်မှုများ နှင့် လိုအပ်နေသောစားနပ်ရိက္ခာများကို ထောက်ပံ့ပေးခဲ့ပြီး လက်နက်ကြီးဘေးနှင့် လေယာဉ်ပျံဘေးမှကြိုတင်ကာကွယ်နိုင်ရန်အတွက်လည်း သင်တန်းများ ပို့ချသင်ကြားပေးလျှက်ရှိကြောင်း KNUက ထုတ်ပြန်သည်။

ထိုခရီးစဉ်အတွင်း လိုအပ်သည့်စားနပ်ရိက္ခာများနှင့် ဆေးဝါးများကို Free Burma Ranger (FBR) အဖွဲ့မှ အဓိကထောက်ပံ့ပေးခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

KNUနှင့် စစ်ကောင်စီအကြား တိုက်ပွဲများဖြစ်ပွားခဲ့သည့် ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က အရပ်သားများကို ပစ်မှတ်ထားသည့် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများကို မကြာခဏ လုပ်ဆောင်လျက်ရှိရာ ယခုလအတွင်း၌လည်း ဒေသတွင်းကျေးရွာများကို တိုက်ခိုက်ခဲ့၍ အရပ်သားထိခိုက်မှု နေအိမ်ပျက်စီးမှုနှင့် အိမ်မွေးတိရိစ္ဆာန် ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။