Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏တိုက်ခိုက်မှု မကြာခဏခံနေရသည့် ကျောက်ကြီးဒေသခံများအား လက်နက်ကြီး၊ လေကြောင်းရန် ကာကွယ်ရေးသင်တန်းပေး

အောက်တိုဘာ ၁၈ရက်မှစတင်ကာ ကျန်းမားရေးကူညီ စောင့်ရှောင်မှုများ နှင့် လိုအပ်နေသောစားနပ်ရိက္ခာများကို ထောက်ပံ့ပေးခဲ့ပြီး လက်နက်ကြီးဘေးနှင့် လေယာဉ်ပျံဘေးမှကြိုတင်ကာကွယ်နိုင်ရန်အတွက်လည်း သင်တန်းများ ပို့ချသင်ကြားပေးလျှက်ရှိကြောင်း KNUက ထုတ်ပြန်သည်။

(စစ်ရှောင်များအား စားနပ်ရိက္ခာများနှင့် ဆေးဝါးများ ထောက်ပံ့ပေးနေစဥ်။ ဓာတ်ပုံ - KNU)
(စစ်ရှောင်များအား စားနပ်ရိက္ခာများနှင့် ဆေးဝါးများ ထောက်ပံ့ပေးနေစဥ်။ ဓာတ်ပုံ - KNU)

▪︎Free Burma Rangerအဖွဲ့မှ စစ်ရှောင်များအား စားနပ်ရိက္ခာများနှင့် ဆေးဝါးများ ထောက်ပံ့

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃) ညောင်လေးပင်ခရိုင် ကျောက်ကြီး(လယ်ဒို)မြို့နယ် ရှိ ဒေသခံပြည်သူများကို လေကြောင်းရန်နှင့် လက်နက်ကြီးရန် ကာကွယ်ရေးဆိုင်ရာ သင်တန်းပို့ချခဲ့ကြောင်း KNUက သတင်းထုတ်ပြန်ထားသည်။

လယ်ဒို(ကျောက်ကြီး)မြို့နယ်၊ စစ်တောင်းမြစ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်နေရသော ကျေးရွားများအတွင်းရှိ ပြည်သူလူထုများကို KNU လယ်ဒိုမြို့နယ် ကျန်းမားရေးဌာန၊ Free Burma Ranger (FBR)နှင့် ကရင့်အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့တို့မှ ပူးပေါင်းပြီးကူညီရေး လုပ်ငန်းများ လုပ်ဆောင်ပေးစဉ် အထက်ပါအတိုင်း သင်တန်းပို့ချခဲ့သည်ဟု ဆိုသည်။

အောက်တိုဘာ ၁၈ရက်မှစတင်ကာ ကျန်းမားရေးကူညီ စောင့်ရှောင်မှုများ နှင့် လိုအပ်နေသောစားနပ်ရိက္ခာများကို ထောက်ပံ့ပေးခဲ့ပြီး လက်နက်ကြီးဘေးနှင့် လေယာဉ်ပျံဘေးမှကြိုတင်ကာကွယ်နိုင်ရန်အတွက်လည်း သင်တန်းများ ပို့ချသင်ကြားပေးလျှက်ရှိကြောင်း KNUက ထုတ်ပြန်သည်။

ထိုခရီးစဉ်အတွင်း လိုအပ်သည့်စားနပ်ရိက္ခာများနှင့် ဆေးဝါးများကို Free Burma Ranger (FBR) အဖွဲ့မှ အဓိကထောက်ပံ့ပေးခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

KNUနှင့် စစ်ကောင်စီအကြား တိုက်ပွဲများဖြစ်ပွားခဲ့သည့် ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က အရပ်သားများကို ပစ်မှတ်ထားသည့် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများကို မကြာခဏ လုပ်ဆောင်လျက်ရှိရာ ယခုလအတွင်း၌လည်း ဒေသတွင်းကျေးရွာများကို တိုက်ခိုက်ခဲ့၍ အရပ်သားထိခိုက်မှု နေအိမ်ပျက်စီးမှုနှင့် အိမ်မွေးတိရိစ္ဆာန် ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။