Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီကျင်းပမယ့် လေတပ်အကြီးအကဲညီလာခံ အာဆီယံနိုင်ငံအချို့မတက်

စစ်ကောင်စီလေတပ်ဦးစီးချုပ် ဥက္ကဋ္ဌအဖြစ် ဦးဆောင် ကျင်းပမယ့် အဲဒီညီလာခံကို အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နဲ့ မလေးရှားနိုင်ငံတွေက လေတပ်အကြီးအကဲတွေ တက်ရောက်မှာမဟုတ်ဘူးလို့ AFP သတင်းကဆိုပါတယ်။

စစ်ကောင်စီကျင်းပမယ့် လေတပ်အကြီးအကဲညီလာခံ အာဆီယံနိုင်ငံအချို့မတက်

လာမယ့်ရက်သတ္တပတ်အတွင်းနေပြည်တော်မှာ စစ်ကောင်စီက ဦးစီးကျင်းပမယ့် အာဆီယံ လေတပ်အကြီးအကဲ ညီလာခံကို အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့တက်ရောက်မှာမဟုတ်ဘူးလို့ AFP သတင်းဌာနဖော်ပြလိုက်ပါတယ်။

စစ်ကောင်စီလေတပ်ဦးစီးချုပ် ဥက္ကဋ္ဌအဖြစ် ဦးဆောင် ကျင်းပမယ့် အဲဒီညီလာခံကို အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နဲ့ မလေးရှားနိုင်ငံတွေက လေတပ်အကြီးအကဲတွေ တက်ရောက်မှာမဟုတ်ဘူးလို့ AFP သတင်းကဆိုပါတယ်။

အင်ဒိုနီးရှားနဲ့ မလေးရှားတို့ရဲ့ လေတပ်ဦးစီးချုပ်တွေ ကိုယ်တိုင်တက်ရောက်မှာမဟုတ်သလို ကိုယ်စားလှယ်လည်းစေလွှတ်မှာမဟုတ်ဘူးလို့ သိရပါတယ်။

ဖိလစ်ပိုင်ကတော့ ဗီဒီယို မက်ဆေ့သာပေးပို့ဖို့ စီစဉ်ထားတာပါ။

Public Service Announcement

Public Service Announcement

စင်ကာပူ ၊ ဘရူနိုင်း ၊ ဗီယက်နမ် တို့က လေတပ်ဦးစီးချုပ်တွေ စစ်ကောင်စီ အစည်းအဝေး တက်၊မတက် မေးခွန်းကိုပြန်လည်အကြောင်းမပြန်သေးဘူးလို့သိရပါတယ်။

Public Service Announcement
Public Service Announcement

မြန်မာနဲ့အိမ်နီးချင်း ထိုင်းနိုင်ငံ ရဲ့ လေတပ်အကြီးအကဲကတော့ နေပြည်တော်ကိုလူကိုယ်တိုင် သွားတက်ဖို့ရှိနေပါတယ်။ကမ္ဘောဒီးယား လေတပ်ဦးစီးချုပ်ဟာ အစည်းအဝေး တက် ၊မတက် ဖြေဆိုဖို့ငြင်းဆန်ထားပါတယ်။

အခုနှစ်ရဲ့ အာဆီယံ လေတပ်အကြီးအကဲ ညီလာခံ ကို အလှည့်ကျဦးဆောင်သူအဖြစ် စစ်ကောင်စီက တာဝန်ယူထားတာပါ။

ဒါကြောင့် လာမယ့် စက်တင်ဘာလ ၁၂ ရက်ကနေ ၁၅ ရက်အထိ အာဆီယံ လေတပ်အကြီးအကဲ ညီလာခံကို နေပြည်တော်မှာ ကျင်းပဖို့ စီစဉ်နေတာလည်းဖြစ်ပါတယ်။

အဲဒီညီလာခံကို ဦးဆောင်ကျင်းပမယ့် စစ်ကောင်စီလေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးထွန်းအောင်ဟာ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတို့ရဲ့ ဒဏ်ခတ်အရေးယူခံရသူ စာရင်းထဲမှာပါဝင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။