Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တပ်အာဏာသိမ်း၍ တစ်နိုင်ငံလုံး ဒုက္ခကြုံရပြီး မုန်တိုင်းဒဏ်ခံ ရခိုင်ပြည်သူများ ပြန်လည်ထူထောင်ရေး ပိုအခက်အခဲဖြစ်ဟု လွှတ်တော်အမတ်ဟောင်းပြော

အင်အားကြီးမားသည့် ဆိုင်ကလုန်းမုန်တိုင်း မေလ ၁၄ရက်တွင် စစ်တွေအပါအဝင် ရခိုင်ပြည်နယ်မြို့နယ်များသို့ ဝင်ရောက်ခဲ့ရာ ကြိုတင်ပြင်ဆင်မှုရ၍ လူသေဆုံးမှု နည်းသော် လည်း အိုးအိမ်ပျက်စီးမှု အများအပြားကြုံရသည်ဟု ဆိုသည်။

Photo - Rakhine Radio FM
Photo - Rakhine Radio FM

“တောင်မင်း မြောက်မင်းမကယ်နိုင်ဖြစ်နေကြတဲ့ အနေအထားပေါ့” ဦးဖေသန်း

စစ်တပ်အာဏာသိမ်းမှုကြောင့် တစ်နိုင်ငံလုံးရှိ ပြည်သူများ ဒုက္ခကြုံနေရပြီး မိုခါမုန်တိုင်းဒဏ်ခံစားရသည့် ရခိုင်ပြည်သူလူထုများအနေဖြင့် ပြန်လည်ထူထောင်ရေးအပိုင်းတွင် အကူအညီရရှိရေး ယခင်ထက်ပိုအခက်ကြုံရမည်ဖြစ်သည်ဟု ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးဖေသန်းက ပြောသည်။

အင်အားကြီးမားသည့် ဆိုင်ကလုန်းမုန်တိုင်း မေလ ၁၄ရက်တွင် စစ်တွေအပါအဝင် ရခိုင်ပြည်နယ်မြို့နယ်များသို့ ဝင်ရောက်ခဲ့ရာ ကြိုတင်ပြင်ဆင်မှုရ၍ လူသေဆုံးမှု နည်းသော် လည်း အိုးအိမ်ပျက်စီးမှု အများအပြားကြုံရသည်ဟု ဆိုသည်။

“စစ်တပ်အာဏာသိမ်းပြီးနောက် မှာတော့ တစ်နိုင်ငံလုံး ဒုက္ခသည်အဖြစ်ကို ရောက်သွားကြတယ်။ နေရာတော်တော်များများ ရောက်သွားကြတယ်။ သူတို့လည်း ကိုယ့်ဒုက္ခနဲ့ကိုယ်ပေါ့။ တောင်မင်း မြောက်မင်းမကယ်နိုင်ဖြစ်နေကြတဲ့ အနေအထားပေါ့။ ဟိုဘက်လည်း အကူအညီလို ဒီဘက်လည်း အကူအညီလို အဲဒီလိုဖြစ်သွားတာပေါ့”ဟု ဦးဖေသန်းက ပြောသည်။

ယခင်က နေရာဒေသ တစ်ခုခု၌ ဘေးအန္တရာယ်ကြုံတွေ့ရပါက နိုင်ငံတဝန်းရှိ စေတနာရှင်များက ဝိုင်းဝန်းပံ့ပိုးကူညီခဲ့ကြသည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“အရင်တုန်းကတော့ တစ်ခုခုဖြစ်ပြီဆိုရင် ဘယ်နေရာမှာ ရေဘေးသင့်တယ် ဘယ်နေရာမှာ မီးဘေးသင့်တယ်ဆိုရင် အကုန်လုံး တစ်နိုင်ငံလုံးက စေတနာရှင်တွေက ဝို်ငးလှူကြတဲ့ သဘောရှိတယ်။ အခုအဲဒီလိုမျိုးတော့ မလှူနိုင်ကြတော့ဘူး။ပြီးတော့ CSO တွေ၊ NGOတွေ INGO တွေလည်း ဒီဘက်မှာ ULA/AA နဲ့ စစ်ပွဲဖြစ်တုန်းကတည်းက အလှူငွေကောက်ခံတာတွေ ပံ့ပိုးတာတွေ ဒုက္ခသည်တွေ ကူညီတာတွေမ လုပ်ရဆိုတဲ့ ကန့်သတ်ပိတ်ပင်ချက်တွေရှိတယ်။ ပြည်မမှာလည်း အဲဒီလို ရှိမှာပေါ့နော်”ဟု ဦးဖေသန်းက ပြောသည်။

စစ်ကောင်စီသည် ယခင်ကတည်းက ရခိုင်ဒေသစစ်ဘေးရှောင်များ ကူညီနေသည့် အဖွဲ့အစည်းများကို တားမြစ်ကန့်သတ်မှုများ ပြုလုပ်ခဲ့၍ စစ်ရှောင်များ အကူအညီရရှိမှုမှာ အာဏာသိမ်းပြီးနောက် ပို၍ အခက်ကြုံခဲ့ရသည်ဟု ဆိုသည်။

“အရင်တုန်းကလို ပွင့်ပွင့်လင်းလင်း မြင်မြင်သာသာ လှူမယ့်တန်းမယ့် အဖွဲ့အစည်းတွေကလည်း မလုပ်ရဲတော့ဘူး။ အလှူရှင်တွေကလည်း နည်းလာပြီပေါ့။ အဲဒါကြောင့် အရင်တုန်းက အခြေအနေနဲ့ မတူတော့ဘူး အခုအချိန်မှာ”ဟု ဦးဖေသန်းက ပြောသည်။

ထို့ကြောင့် လက်ရှိ မုန်တိုင်းအန္တရာယ် ကြုံရသည့် ရခိုင်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတကာ အကူအညီ ရရှိရေး ဝိုင်းဝန်း ဆောင်ရွက်သင့်သည်ဟု ၎င်းက ပြောသည်။

မုန်တိုင်းကြောင့် စစ်တွေမြို့တစ်မြို့လုံး အပျက်အစီးများပြားခဲ့ပြီး မြို့ပျက်ကြီးကဲ့သို့ ဖြစ်သွားခဲ့ကြောင်း ဒေသတွင်း သတင်းဌာန များက ဖော်ပြသည့် ဓာတ်ပုံမှတ်တမ်းများ၌ တွေ့ရသည်။

လျှပ်စစ်မီးတိုင်များ ပြိုလဲမှုများ၍ လျှပ်စစ်ပြန်လည်ရရှိရေး ကြန့်ကြာနိုင်ကြောင်း BNA သတင်းဌာနက ဖော်ပြသည်။ မြောက်ဦးတွင်လည်း စစ်ဘေးရှောင်စခန်းများ ပျက်စီးခဲ့သည်။

မုန်တိုင်းကြောင့် စစ်တွေနှင့် မင်းပြားတွင် လူသေဆုံးမှုအချို့ရှိကြောင်း ဒေသတွင်း သတင်းဌာနများက ဖော်ပြထားသည်။

မုန်တိုင်းကြောင့် အပျက်အစီးများကို စစ်တွေမြို့ ဒေသခံ ပြည်သူများ၏ အားဖြင့် ရှင်းလင်းမှုများ လုပ်ဆောင်လျက်ရှိနေသည်ကိုလည်းတွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

လစ်သူရေးနီးယားသည် မြန်မာ့ဒီမိုကရေစီအရေးကိုတက်ကြွစွာ ကူညီအားပေးနေသည့် နိုင်ငံဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်၏ ပြီးခဲ့သည့် အမေရိကန်ခရီးစဥ်အတွင်းတွင် လစ်သူရေးနီးယားနိုင်ငံခြားရေးဝန်ကြီးနှင့် တရားဝင်တွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

နိုင်ငံတကာ

မုန်တိုင်း တိုက်ခတ်ပြီးတာ တစ်ပတ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပေမယ့် လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်နေရာ အစွန်အဖျား ဒေသတချို့ကို ကယ်ဆယ်ရေး အဖွဲ့တွေ သွားရောက်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်ရတဲ့ အခြေအနေတွေ ရှိနေဆဲလို့လည်း သိရပါတယ်။

သတင်း

အိန္ဒိယမိုးဇလ ခန့်မှန်းချက်အရ မုန်းတိုင်းဖြတ်သန်းမည့်လမ်း​ကြောင်းတွင် မြန်မာမပါဝင်​သော်လည်း မုန်းတိုင်းစက်ကွင်းအတွင်း စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်မှ ​ဒေသအချို့ပါဝင်​နေသည်။

သတင်း

AAက ဖွဲ့စည်းထားသည့် အရေးပေါ် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ကော်မတီကလည်း ဇူလိုင် ၁၄ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ မိုခါမုန်တိုင်းကြောင့် အမိုးအကာအောက် မရောက်သေးသူများအားလုံး အမြန်ဆုံးရောက်ရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေသည်ဟု အသိပေးသည်။