Connect with us

Hi, what are you looking for?

သတင်း

KIAက စစ်ကောင်စီစခန်းသိမ်းပိုက်ပြီးနောက် အောင်ဂျာဒေသ စစ်မြေပြင်သို့ ဒုဗိုလ်ချုပ်ကြီး ဂွန်မော် သွားရောက်

အောင်ဂျာ စစ်ကောင်စီတပ်စခန်းကို KIAက မသိမ်းပိုက်မီ အောက်တိုဘာ ၁၉ရက်တွင် စစ်ကောင်စီက လေယာဉ်အသုံးပြု ပြီး လေထီး ၁၀ခုဖြင့် ရိက္ခာ၊ ခဲယမ်းထုပ်များ လာရောက်ချသွားခဲ့သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

(ဒုဗိုလ်ချုပ်ကြီးဂွန်မော် စစ်မြေပြင်သို့သွားရောက်ကြည့်ရှု့စဉ်နှင့် စစ်ကောင်စီတပ်က ချပေးထားသော ထမင်းထုပ်အား တွေ့ရစဉ်။ ဓာတ်ပုံ - Gunmaw Sumlut/FB)
(ဒုဗိုလ်ချုပ်ကြီးဂွန်မော် စစ်မြေပြင်သို့သွားရောက်ကြည့်ရှု့စဉ်နှင့် စစ်ကောင်စီတပ်က ချပေးထားသော ထမင်းထုပ်အား တွေ့ရစဉ်။ ဓာတ်ပုံ - Gunmaw Sumlut/FB)

▪️စခန်းအသိမ်းမခံရမီ စစ်ကောင်စီတပ် ၎င်း၏ စစ်သည်များအား လေကြောင်းမှချပေးသည့် ထမင်းကြော်ထုပ်ပါ ရက်စွဲမှာ ၂၀၂၁ ဖေဖော်ဝါရီ ၁၈ရက်ဟုတွေ့ရကြောင်း ဖော်ပြ

ကချင်ပြည်နယ် မိုးမောက်မြို့နယ် အောင်ဂျာဒေသရှိ စစ်ကောင်စီတပ်စခန်း အားလုံးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အဆိုပါစစ်မြေပြင်သို့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒုဗိုလ်ချုပ်ကြီးဂွန်မော် သွားရောက်ခဲ့သည်။

အောက်တိုဘာ ၂၀ရက်တွင် စစ်ကောင်စီတပ်စခန်းကို KIA နှင့် မဟာမိတ် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ၃ရက်အကြာ အောက်တိုဘာ ၂၃ရက်တွင် KIO၏ အုပ်ချုပ်ရေးအဖွဲ့အစည်းဖြစ်သည့် ကချင်လွတ်လပ်ရေးကောင်စီ(KIC) ဒုဥက္ကဋ္ဌ ဖြစ်သည့် ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က စစ်မြေပြင်ရှိရဲဘော်များအား သွားရောက်အားပေးခဲ့ခြင်းလည်းဖြစ်သည်။

ထိုသို့ သွားရောက်ခဲ့သည့် ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က “အတွေး”ဆိုသည့် ခေါင်းစဉ်ဖြင့် စာစုတစ်ခုကို မှတ်စုစာအုပ်၌ လက်ရေးမူ ဖြင့်ရေးသားထားခြင်းကို ၎င်း၏ လူမှုကွန်ရက်၌ အောက်တိုဘာ ၂၃ရက်ညပိုင်း၌ ဖော်ပြခဲ့သည်။

“ကိုယ့်ရဲဘော်တွေကို အားပေးဖို့ သွားတာ။ စကစ လေကြောင်းကနေ ချပေးတဲ့ ထမင်းကြော်ထုပ်ရဲ့ နေ့စွဲမှတ်တမ်းကို ကြည့်တော့ 18-2-2021 တဲ့။ ဒီ ထမင်းကြော်ထုပ်ရရှိခဲ့တဲ့ စကစ စစ်သည်(နောက်ဆုံးအချိန်မှာ) ဘယ်လိုများ ခံစားခဲ့ရ မလဲလို့ အပြန်ခရီးမှာ တွေးနေမိပါတော့တယ်”ဟု ဒုဗိုလ်ချုပ်ကြီး ဂွန်မော်ကရေးသားထားသည်။

Public Service Announcement

Public Service Announcement

(ဒုဗိုလ်ချုပ်ကြီးဂွန်မော် စစ်မြေပြင်သို့သွားရောက်ကြည့်ရှု့စဉ်နှင့် စစ်ကောင်စီတပ်က ချပေးထားသော ထမင်းထုပ်အား တွေ့ရစဉ်။ ဓာတ်ပုံ - Gunmaw Sumlut/FB)
(ဒုဗိုလ်ချုပ်ကြီးဂွန်မော် စစ်မြေပြင်သို့သွားရောက်ကြည့်ရှု့စဉ်နှင့် စစ်ကောင်စီတပ်က ချပေးထားသော ထမင်းထုပ်အား တွေ့ရစဉ်။ ဓာတ်ပုံ – Gunmaw Sumlut/FB)

လူမှုကွန်ရက် အသုံးပြုသူ တစ်ဦးကလည်း “စကစစစ်သည် တွေကလူလိုမစားရလို့လူလိုတွေးရောတွေးတတ်ပါ့မလားလို့ အတွေးတမျိုး တောင်ထပ်ရသလိုပါပဲဗိုဟ်ချုပ် ရေ”ဟု ဒုဗိုလ်ချုပ်ကြီး ဂွန်မော် ၏ ရေးသားချက်အပေါ် မှတ်ချက်ပြုသည်။

အောင်ဂျာ စစ်ကောင်စီတပ်စခန်းကို KIAက မသိမ်းပိုက်မီ အောက်တိုဘာ ၁၉ရက်တွင် စစ်ကောင်စီက လေယာဉ်အသုံးပြု ပြီး လေထီး ၁၀ခုဖြင့် ရိက္ခာ၊ ခဲယမ်းထုပ်များ လာရောက်ချသွားခဲ့သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

(ဒုဗိုလ်ချုပ်ကြီးဂွန်မော် စစ်မြေပြင်သို့သွားရောက်ကြည့်ရှု့စဉ်နှင့် စစ်ကောင်စီတပ်က ချပေးထားသော ထမင်းထုပ်အား တွေ့ရစဉ်။ ဓာတ်ပုံ - Gunmaw Sumlut/FB)
(ဒုဗိုလ်ချုပ်ကြီးဂွန်မော် စစ်မြေပြင်သို့သွားရောက်ကြည့်ရှု့စဉ်နှင့် စစ်ကောင်စီတပ်က ချပေးထားသော ထမင်းထုပ်အား တွေ့ရစဉ်။ ဓာတ်ပုံ – Gunmaw Sumlut/FB)

အဆိုပါအောင်ဂျာ စစ်ကောင်စီတပ်စခန်းကို KIAက ပိတ်ဆို့ကာ စစ်ကောင်စီတပ်များ၏ ထောက်ပို့ လမ်းကြောင်းကို ဖြတ်တောက်ထားခြင်းဖြစ်သည်။ မြေပြင်မှ ကားများသုံး၍ ရိက္ခာများ ပို့ဆောင်ရာတွင်လည်း KIAက တိုက်ခိုက်ခဲ့၍ ယာဉ်တန်းများအထိနာပြီး ပြန်လည်ဆုတ်ခွာခဲ့ရသည်။ ထို့ကြောင့် စစ်ကောင်စီက အဆိုပါဒေသကို လေကြောင်းမှ ရိက္ခာခဲယမ်းများ ပို့ဆောင်နေရခြင်းဖြစ်သည်။

အောက်တိုဘာ ၁၄ရက်တွင်လည်း စစ်ကောင်စီက လေထီး ၁၁ခုဖြင့် အောင်ဂျာစစ်စခန်းကို ရိက္ခာ၊ ခဲယမ်း ဖြည့်တင်းခဲ့ရာ လေထီးအချို့ကို KIAက ရရှိခဲ့သည်။ ထို့နောက် အောက်တိုဘာ ၁၉ရက်တွင် လေထီးဖြင့် ထပ်မံ၍ ရိက္ခာ ခဲယမ်းများ ချထားပြီးနောက် နောက်နေ့မနက်အစောတွင် KIAက စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ခြင်းဖြစ်သည်။

(ဒုဗိုလ်ချုပ်ကြီးဂွန်မော် စစ်မြေပြင်သို့သွားရောက်ကြည့်ရှု့စဉ်နှင့် စစ်ကောင်စီတပ်က ချပေးထားသော ထမင်းထုပ်အား တွေ့ရစဉ်။ ဓာတ်ပုံ - Gunmaw Sumlut/FB)
(ဒုဗိုလ်ချုပ်ကြီးဂွန်မော် စစ်မြေပြင်သို့သွားရောက်ကြည့်ရှု့စဉ်နှင့် စစ်ကောင်စီတပ်က ချပေးထားသော ထမင်းထုပ်အား တွေ့ရစဉ်။ ဓာတ်ပုံ – Gunmaw Sumlut/FB)

တစ်နေကုန်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် အောက်တိုဘာ ၂၀ရက်တွင် စစ်ကောင်စီ၏ အောင်ဂျာအထိုင်စခန်းကို သိမ်းနိုင်ခဲ့ပြီး လက်နက်ကြီး လက်နက်ငယ်မျိုးစုံ အလက် ၁၀၀ကျော်၊ ကျည်ခဲယမ်းများစွာ သိမ်းဆည်းနိုင်ခဲ့ကြောင်း ၊ စစ်ကောင်စီတပ်မှ ၅၀ ဦးခန့် သေဆုံးကာ အရှင်သုံးဦးဖမ်းမိကြောင်း၊ ထွက်ပြေးသွားသူ များလည်းရှိကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

(ဒုဗိုလ်ချုပ်ကြီးဂွန်မော် စစ်မြေပြင်သို့သွားရောက်ကြည့်ရှု့စဉ်နှင့် စစ်ကောင်စီတပ်က ချပေးထားသော ထမင်းထုပ်အား တွေ့ရစဉ်။ ဓာတ်ပုံ - Gunmaw Sumlut/FB)
(ဒုဗိုလ်ချုပ်ကြီးဂွန်မော် စစ်မြေပြင်သို့သွားရောက်ကြည့်ရှု့စဉ်နှင့် စစ်ကောင်စီတပ်က ချပေးထားသော ထမင်းထုပ်အား တွေ့ရစဉ်။ ဓာတ်ပုံ – Gunmaw Sumlut/FB)

အောင်ဂျာစခန်းသိမ်း တိုက်ပွဲကို AA ၊ ABSDF၊ CNF၊ KPDF ၊ PDF တို့နှင့်အတူ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း KIA က သတင်း ဖော်ပြထားသည်။ စခန်းသိမ်းတိုက်ခိုက်ပြီးနောက် အောင်ဂျာဒေသ ကို စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှု အကြိမ်ကြိမ် လုပ်ဆောင်ခဲ့

သည်။ အဆိုပါ အခြေအနေတွင် ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က အောင်ဂိာ စစ်မြေပြင်သို့ သွားရောက်ခဲ့ ကြောင်း ဓာတ်ပုံ မှတ်တမ်းများနှင့်အတူ အသိပေးခဲ့ခြင်းဖြစ်သည်။ အောင်ဂျာ စစ်မြေပြင်သည် KIA ဌာနချုပ် လိုင်ဇာနှင့် ၁၂ မိုင်ခန့်သာ ကွာဝေးသည့် နေရာဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ် ငါးအိုးဗျူဟာမှာစုဖွဲ့ပြီး ရွှေကူမြို့ထိုးစစ်ဆင်လာတဲ့ စစ်တပ်ဟာ မြို့အတွင်းကို ဝင်ရောက်သွားပြီဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။

သတင်း

မြို့အဝင်လမ်းမကြီးနဲ့ ငါးအိုး-ရွှေကူလမ်းမကြီးကို ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်