Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကိုထိုးစစ်ဆင် တိုက်ခိုက်သည့် ၁၀၂၇ စစ်ဆင်ရေး (Operation 1027)ကို ပူးပေါင်းဆင်နွှဲလိုက်ကြောင်း ညီနောင်သုံးဖွဲ့ ကြေညာ

ယ‌နေ့ အောက်တိုဘာ၂၇ရက်မနက်အစောပိုင်းတွင် ရှမ်းမြောက်ရှိစစ်ကောင်စီတပ်စခန်းနေရာနှင်မြို့ပေါ်နေရာများကိုတစ်ပြိုင်တည်းထိုးစစ်ဆင်နေသည့်ညီနောင်သုံးဖွဲ့က ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

(​မြောက်ပိုင်းမဟာမိတ် ညီ​နောင် သုံးဖွဲ့ မှ တပ်ဖွဲ့ဝင် သုံးဦး။ ဓါတ်ပုံ-The Kokang)
(​မြောက်ပိုင်းမဟာမိတ် ညီ​နောင် သုံးဖွဲ့ မှ တပ်ဖွဲ့ဝင် သုံးဦး။ ဓါတ်ပုံ-The Kokang)

▪︎စစ်အာဏာရှင်အမြစ်ဖြတ်ရေး အပါအဝင်ရည်ရွယ်ချက် ၇ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ဟုအသိပေး

စစ်ကောင်စီတပ်ကိုယ​နေ့မနက်မှစ၍ တိုက်ခိုက်​သော Operation 1027 (၁၀၂၇ စစ်ဆင်ရေး) စစ်ဆင်ရေးကို ပူးပေါင်းဆင်နွှဲလိုက်ကြောင်း တအာင်းတပ်မတော်(TNLA)၊ ကိုးကန့်တပ်မတော်(MNDAA)၊ ရက္ခိုင့်တပ်တော်(AA) ညီနောင်သုံးဖွဲ့က ပူးတွဲထုတ်ပြန်လိုက်သည်။

ယ‌နေ့ အောက်တိုဘာ၂၇ရက်မနက်အစောပိုင်းတွင် ရှမ်းမြောက်ရှိစစ်ကောင်စီတပ်စခန်းနေရာနှင်မြို့ပေါ်နေရာများကိုတစ်ပြိုင်တည်းထိုးစစ်ဆင်နေသည့်ညီနောင်သုံးဖွဲ့က ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

(​မြောက်ပိုင်းမဟာမိတ် ညီ​နောင် သုံးဖွဲ့ မှ တပ်ဖွဲ့ဝင် သုံးဦး။ ဓါတ်ပုံ-The Kokang)
(​မြောက်ပိုင်းမဟာမိတ် ညီ​နောင် သုံးဖွဲ့ မှ တပ်ဖွဲ့ဝင် သုံးဦး။ ဓါတ်ပုံ-The Kokang)

ညီနောင်မဟာမိတ်သုံးဖွဲ့သည် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်နိုင်ရေး ၊ မိမိကိုယ်ကိုယ် ခုခံကာကွယ်နိုင်ရေး၊ မိမိတို့ ဒေသကို မိမိတို့ ယခုထက် ပိုမိုထိန်းချုပ်နိုင်ရေး၊ မိမိတို့ အဖွဲ့အစည်းများအပေါ် စစ်ကောင်စီမှ လေကြောင်း လက်နက်ကြီးများဖြင့် နေ့၊ ည အချိန်မရွေး ပစ်ခတ်တိုက်ခိုက်နေမှုများအပေါ် ဟန့်တားမှု ရရှိရေး၊ မြန်မာပြည်သူ တစ်ရပ်လုံး၏ လိုလားချက်ဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး၊ လက်ရှိ တရုတ်- မြန်မာ နယ်စပ် အပါအဝင် မြန်မာနိုင်ငံအတွင်း ကျယ်ပြန့်လာသည့် အွန်လိုင်းလောင်းကစား လိမ်လည်မှု ပပျောက်ရေး၊ Online Game(ကျဖျင်)ကုမ္ပဏီများနှင့် အဆိုပါလုပ်ငန်းများကို လုပ်ဆောင်နေကြသော စစ်ကောင်စီနှင့် ပြည်သူ့စစ် အဖွဲ့များကို နှိမ်နင်းနိုင်ရေး ရည်ရွယ်ချက်များဖြင့် Operation 1027 (၁၀၂၇ စစ်ဆင်ရေး)ကို အတူတကွ ဟန်ချက်ညီ ပူးပေါင်း ဆင်နွှဲလိုက်ကြောင်း ဖော်ပြထားသည်။

ယနေ့မနက်တိုက်ပွဲတွင် စစ်ကောင်စီတပ်စခန်းနေရာအချို့ကိုသိမ်းပိုက်ထားနိုင်ပြီးစစ်ကောင်စီတပ်အများအပြားသေဆုံးထိခိုက်ကာ လက်နက်ခဲယမ်းများသိမ်းဆည်းရရှိထားကြောင်းကချင်သတင်းရင်းမြစ်ကပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့စစ်ဆင်ရေးတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပါမြောက်ပိုင်းညီနောင်များနှင်အတူပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်အချို့ကပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

နိုင်ငံတကာ

လတ်တလော အီရန်အပေါ် တိုက်ခိုက်မှုတွေဟာ ကျဆုံး အမေရိကန် စစ်သည်တွေကို ဂုဏ်ပြုခြင်းလည်း ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နေပြည်တော်တိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးဖော်ဆောင်မှုတွေကြောင့် ဇွန်လအတွင်းမှာ စစ်တပ်က အရာရှိ ၄ဦး အပါအဝင် ၄၀ဦးကျော် သေဆုံးကာ ရဲစခန်းမှူး အပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း နေပြည်တော် PDFက သတင်းထုတ်ပြန်ပါတယ်။