Connect with us

Hi, what are you looking for?

သတင်း

နမ္မတူမြို့နယ်ရှိ ခမရ(၃၂၄)အထိုင်စခန်းကို KIA စခန်းသိမ်းတိုက်ပွဲဆင်နွှဲ

စခန်းသိမ်းတိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်ကလည်း တိုက်လေယာဉ် ၂စီးဖြင့်လာရောက် တိုက်ခိုက်နေကြောင်း သတင်းရင်းမြစ်က ပြောသည်။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Kachin Waves)
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Kachin Waves)

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်ရှိ စစ်ကောင်စီအထိုင်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အောက်တိုဘာ ၂၉ရက် နံနက် ၆နာရီတွင် စစ်ကောင်စီ၏ တပ်စခန်းကို တိုက်ခိုက်နေခြင်းဖြစ်ပြီး စခန်းသိမ်းနိုင်မည့် အလားအလာရှိဟု ပြောသည်။

“သိမ်းနိုင်မှာပါ”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စခန်းသိမ်းတိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်ကလည်း တိုက်လေယာဉ် ၂စီးဖြင့်လာရောက် တိုက်ခိုက်နေကြောင်း သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ယမန်နေ့က MNDAA သိမ်းပိုက်ခဲ့သည့် မုံးကိုး ဖောင်းဆိုင်ဘက်ကိုလည်း စစ်ကောင်စီတပ်က တိုက်လေယာဉ် သုံးစီးဖြင့် ယမန်နေ့ညပိုင်းတွင် ဗုံးကြဲတိုက်ခိုက်လာကြောင်း ပြောပြသည်။

မဟာမိတ်တပ်များသည် သိန္နီမြို့ကိုလည်းတိုက်ခိုက်လျက်ရှိပြီး စစ်ရေးအသာစီးရရှိနေသည်ဟု သတင်းရင်းမြစ်က ပြောသည်။

“သိန္နီကို ကျနော်တို့က ထိုးစစ်ဆင်တိုက်ခိုက်မှုတွေလုပ်တော့လုပ်နေတယ်။ အခြေအနေ အသေးစိတ်တော့ မသိရသေးပါဘူး။ သိန္နီကိုမဟာမိတ် တပ်ပေါင်းစုက သိမ်းပိုက်လိုက်ပြီဆိုတဲ့သတင်းကကြတော့ အတည်မပြုနိုင်သေးပါဘူး။ ကျနော်တို့က ထိုးစစ်ဆင်မှုတွေ တိုက်ခိုက်မှုတွေလုပ်နေတယ်။ လုံး၀ သိမ်းပိုက်ထားတာတော့ မဟုတ်သေးဘူးပေါ့”ဟု ကိုးကန့်တပ်မတော် (MNDAA) ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောသည်။

နောင်ချိုမြို့နယ်တွင်လည်း စစ်ကောင်စီတပ်များကို တအာင်းတပ်မတော်(TNLA)နှင့် မန္တလေး PDF တပ်များက တိုက်ခိုက်လျက်ရှိသည်။ နောင်ချို ကျောက်ကြမ်းကျေးရွာရှိ စစ်ကောင်တပ်စွဲရာနေရာကို TNLA၊ MDY PDF ပူးပေါင်းတပ်က ယနေ့နံနက်က တိုက်ခိုက်ရာ စစ်ကောင်စီအလောင်း ၆လောင်းနှင့် လက်နက် ၇လက် သိမ်းဆည်းရရှိခဲ့သည်ဟု TNLAက အသိပေးထားသည်။

နောင်ချိုမြို့ အခြေစိုက် ခလရ (၁၁၄)၊ (၁၁၅) တပ်စခန်းကို TNLAနှင့် မန္တလေး PDFက ဝင်ရောက်တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား ဒီကနေ့ အောက်တိုဘာ ၇ရက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အောက်တိုဘာ ၄၊ ၂၀၂၆။ ထားမြတ်/People’s Spring ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်လက်နက်ခဲယမ်းနဲ့ အင်အားဖြည့်တင်းဖို့လာတဲ့ စစ်တပ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နစ်မြုပ်သင်္ဘောအချို့မှာ ပါတဲ့ ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ကြီးတွေကို ဆယ်ယူနိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ရုပ်သံမှတ်တမ်းပြသ အသိပေးပါတယ်။ စစ်သင်္ဘောတွေဟာ စက်တင်ဘာလဆန်းမှာ ရွှေကူကနေ...

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ကချင်ပြည်နယ် ချီဖွေမြို့နယ်၊ပန်ဝါဒေသကတရုတ်ကုမ္ပဏီပိုင် ယမ်းဂိုဒေါင်ပေါက်ကွဲမှုဖြစ်ပြီး ၇ ဦးသေဆုံးကာ ၁၁ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ရှမ်းနဲ့ ကချင်ကြားအငြင်းပွားမှုပိုတိုးစေဖို့ စစ်တပ်ကပြဿနာတွေ ဖန်တီး​နေ

Facebook