Connect with us

Hi, what are you looking for?

သတင်း

စစ်ဆင်ရေး ၂၄နာရီအတွင်း စစ်ကောင်စီစခန်း ၄၀ကျော် သိမ်းပိုက်ရယူနိုင်ဟု ညီနောင်သုံးဖွဲ့ ထုတ်ပြန်

စစ်ဆင်ရေးအတွင်း ကျရာနေရာနှင့် တာဝန်ပေးထားသောနေရာများမှ စစ်ဆင်ရေး တာဝန်များကို ကျေပွန်စွာဝင်ရောက်ထမ်းဆောင်ပေးခဲ့ကြသော သူများအားလုံးကိုလည်း အထူးလေးနက်စွာ ကျေးဇူးတင် ဂုဏ်ယူကြောင်း ထုတ်ပြန်ခဲ့သည်။

(ချင်းရွှေဟော်အတွင်းရှိ စစ်ကောင်စီ​၏ အရေးပါသော မာကျားတိပေါက်ပေါက် တောင်ကုန်းစခန်းအား သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - The Kokang)
(ချင်းရွှေဟော်အတွင်းရှိ စစ်ကောင်စီ​၏ အရေးပါသော မာကျားတိပေါက်ပေါက် တောင်ကုန်းစခန်းအား သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - The Kokang)

▪️စစ်ဆင်ရေး ဒုတိယနေ့တွင်လည်း သံချပ်ကာယာဉ်များထားရာ တပ်စခန်းအပါအဝင် စစ်ကောင်စီတပ်စခန်းများ ထပ်မံသိမ်းပိုက်

ကိုးကန့်တပ်မတော်(MNDAA)၊ တအာင်းတပ်မတော်(TNLA)၊ ရက္ခိုင်တပ်မတော်(AA) ညီနောင်သုံးဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’စတင်ပြီး ၂၄နာရီ အတွင်း ရန်သူစစ်ကောင်စီ၏ စခန်းကြီး၊ စခန်းငယ် ၄၀ကျော်ကို သိမ်းပိုက်ရယူနိုင်ခဲ့သည်ဟု ညီနောင်သုံးဖွဲ့က အသိပေးထုတ်ပြန်သည်။

စစ်ဆင်ရေး ဒုတိယနေ့တိုက်ပွဲ သတင်းများကို အောက်တိုဘာ ၂၈ရက်၊ ည ၁၀နာရီခွဲအချိန်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Operation 2017 (၁၀၂၇ စစ်ဆင်ရေး) ပထမနေ့တွင် မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့အပါအဝင် နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသော မိတ်ဖက်တော်လှန်ရေးအဖွဲ့များနှင့်အတူ ၁၀၂၇-စစ်ဆင်ရေးကို တစ်ပြိုင်နက်တည်း ဟန်ချက်ညီ တိုက်ပွဲဝင်နိုင်ခဲ့ကြသောကြောင် ရန့်သူ့စခန်းကြီး၊ စခန်းငယ် ၄၀ကျော်ကို တစ်ရက်တည်း ၂၄ နာရီအတွင်း သိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

(ချင်းရွှေဟော်အတွင်းရှိ စစ်ကောင်စီ​၏ အရေးပါသော မာကျားတိပေါက်ပေါက် တောင်ကုန်းစခန်းအား သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - The Kokang)
(ချင်းရွှေဟော်အတွင်းရှိ စစ်ကောင်စီ​၏ အရေးပါသော မာကျားတိပေါက်ပေါက် တောင်ကုန်းစခန်းအား သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – The Kokang)

ရန်သူ့စခန်း ၄၀ကျော်ကို တိုက်ခိုက်သိမ်းပိုက်ရယူရာတွင် သတ္တိရှိရှိ၊ ရဲရဲဝံ့ဝံ့၊ စွန့်စွန့်စားစား တိုက်ပွဲဝင်ခဲ့ကြသော မိမိတို့ ရဲဘော်များအားလုံးနှင့် အခြားသောအဖွဲ့အစည်းအသီးသီးမှ ရဲဘော်တစ်ယောက်ချင်းစီကို လေးနက်စွာ တန်ဖိုးထားဂုဏ်ပြုကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ကိုယ်လက်အင်္ဂါ၊ အသက်၊ သွေး၊ ချွေး၊ ဘဝတို့ပေးဆပ်စွန့်လွှတ်ခဲ့ကြသော ရဲဘော်တစ်ယောက်ချင်းစီ၏ ပေးဆပ်စွန့်လွှတ်အနစ်နာခံမှုတို့ကိုလည်း မှတ်တမ်းတင်ဂုဏ်ပြုကြောင်း ဖော်ပြသည်။

စစ်ဆင်ရေးအတွင်း ကျရာနေရာနှင့် တာဝန်ပေးထားသောနေရာများမှ စစ်ဆင်ရေး တာဝန်များကို ကျေပွန်စွာဝင်ရောက်ထမ်းဆောင်ပေးခဲ့ကြသော သူများအားလုံးကိုလည်း အထူးလေးနက်စွာ ကျေးဇူးတင် ဂုဏ်ယူကြောင်း ထုတ်ပြန်ခဲ့သည်။

အောက်တိုဘာ ၂၈ရက်တွင်လည်း သတ်မှတ် ထားသော ရန်သူ့စခန်းများနှင့် ရန်သူ့ပစ်မှတ်များကို ဆက်လက် သိမ်းပိုက် ရယူနိုင်ရေးအတွက် စစ်ဆင်ရေးကို အတူတကွ ဆက်လက်ဆင်နွှဲခဲ့ကြရာ နောင်ချိုမြို့နယ် သံဘိုရွာ နတ်စင်ကုန်းစခန်း၊ မုံးကိုးဒေသ ဖောင်းဆိုင်ကျေးရွာအုပ်စု မန်ပင်စစ်ကောင်စီစခန်း၊ ကိုးကန့်၊ အထူးဒေသ (၁)၊ ရန်တော်ရှမ်းအိုင်လတွင်ရှိသော စစ်ကောင်စီတပ်စခန်း၊ ကိုးကန့်-အထူးဒေသ (၁) ၊တောင်ပိုင်းတိုက်နယ်အတွင်း (ချင်းရွှေဟော်အတွင်းရှိ) မာကျားတိပေါက်ပေါက် တောင်ကုန်းတွင် အခြေစိုက်ထားသော စစ်ကောင်စီ၏ စစ်ရေးအရ အရေးပါသော တပ်စခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း အသိပေးသည်။

မာကျားတိပေါက်ပေါက် တောင်ကုန်းရှိ စခန်းသည် ချင်းရွှေဟော်အတွင်းရှိ ရန်သူ့စခန်းများစွာအနက်မှ နောက်ဆုံးသိမ်းပိုက်ရယူနိုင်ခဲ့သော သံချပ်ကာကားများရှိရာ စခန်းဖြစ်သည်ဟု အသိပေးထားသည်။

စစ်ကောင်စီ လက်အောက်ခံ တပ်မ (၉၉) ၊ ခမရ (၄၁၉)နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ (၈၈)တို့ တပ်စွဲထားသော နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာနတ်စင်ကုန်းစခန်းကို တိုက်ခိုက်ရာတွင် TNLAနှင့်အတူ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်(MDY PDF) လည်း ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့သည်။

ယမန်နေ့နေ့လယ်က မူဆယ်မြို့နယ်၊ ကောင်းဝိန်ကျေးရွာအနီးရှိ မန်နိမ်မှ မန်ခမ်းတံတားအနီးတွင် စစ်ကောင်စီ၏ ဒကစ၊ ခမရ (၂၆၁)နှင့် မိမိတို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာ ရန်သူတပ်ဖွဲ့ဝင် အများအပြားကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း ညီနောင်သုံးဖွဲ့က ထုတ်ပြန်သည်။

စစ်ကောင်စီအနေဖြင့်လည်း လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ တိုက်ပွဲဖြစ်ပွားမှုမရှိသည့် နေရာများကိုလည်း လေကြောင်းက ဗုံးကြဲလာကြောင်း အသိပေးထားသည်။

ယမန်နေ့ နေ့လယ်တွင် နမ္မတူမြို့နယ် မန်ပန်ကျေးရွာ ပတ်ဝန်းကျင်အနီးသို့ တိုက်လေယာဉ်ဖြင့် သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် နမ္မတူမြို့နယ် ရွာသစ်ပါင်ဆာကျေးရွာ အတွင်းသို့လည်း တိုက်ပွဲမရှိဘဲ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား နှစ်ဦး၊ အမျိုးသမီး တစ်ဦး ဗုံးစထိမှန်ဒဏ်ရာရခဲ့ပြီး နေအိမ် ငါးလုံး ထိမှန် ပျက်စီးခဲ့သည်ဟု ထုတ်ပြန်သည်။

စစ်ကောင်စီသည် ၎င်းတို့၏ စခန်းများတစ်ခုပြီး တစ်ခု ကျဆုံးလျက်ရှိသောကြောင့် ၎င်းတို့၏ အကျင့်ဝသီဗီဇအတိုင်း ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုများကို မိုက်ရူးရဲစွာ ကျူးလွန်လျက်ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ညအချိန်တွေမှာ စစ်တပ်စခန်းတွေကို ဒရုန်းအသုံးပြုတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေကို စုန်းမအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

ဆောင်းပါး

အာဏာသိမ်း စစ်တပ် တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက် ပထမဆုံး ဖော်ဆောင်တဲ့ ကြည်း၊ရေ၊လေပူးပေါင်းစစ်ဆင်ရေးဟာရှုံးနိမ့်သွားပြီလို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။