Connect with us

Hi, what are you looking for?

သတင်း

KIAက ကန်​တောင်ယန်စခန်းကို သိမ်းပိုက်

ကချင်​ဒေသတွင်းသတင်းဌာနဖြစ်​သောKachin News group က ကန်​တောင်ယန်ကိုသိမ်းပိုက်ပြီး​နောက် မလိယန်ရှိတစစ်တပ်စခန်းကိုပါ KIA အမှတ် ၁ အထူးတပ်များနှင့် မဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်နေ​ကြောင်း​ဖော်ပြသည်။

(KIA နှင့် မဟာမိတ်တပ်ဖွဲ့များက ​စစ်​ကောင်စီတပ်၏အောင်ဂျာစခန်းကိုတိုက်ခိုက်သိမ်းပိုက်ပြီး​နောက် ဒုဗိုလ်ချုပ်ကြီးဂွန်​မော်က ​အောင်ဂျာစခန်းကိုသွား​​ရောက်ကြည့်ရှု့စဥ်။ ဓါတ်ပုံ-KIA)
(KIA နှင့် မဟာမိတ်တပ်ဖွဲ့များက ​စစ်​ကောင်စီတပ်၏အောင်ဂျာစခန်းကိုတိုက်ခိုက်သိမ်းပိုက်ပြီး​နောက် ဒုဗိုလ်ချုပ်ကြီးဂွန်​မော်က ​အောင်ဂျာစခန်းကိုသွား​​ရောက်ကြည့်ရှု့စဥ်။ ဓါတ်ပုံ-KIA)

ကချင်ပြည်နယ်ရှိ စစ်​ကောင်စီတပ်၏ ကန်​တောင်ယန်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ယနေ့မနက်တွင်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်​ကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

ကန်​တောင်ယန်စခန်းသည်မြစ်ကြီးနား- ဗန်​မော်လမ်း​ပေါ်တွင်ရှိပြီး စစ်​ကောင်စီ၏ ​ထောက်ပို့လမ်း​ကြောင်းအတွက် အ​ရေးပါသည့်စစ်စခန်းကြီးဖြစ်​ကြောင်းသိရသည်။ယခင်က ဗျူဟာအဆင့် ထိုင်​သောစခန်းဖြစ်ပြီး ၊၂၀၁၂ ၊၂၀၁၃ ခါရာတိုက်ပွဲဖြစ်ပွားစဥ်က တပ်မမှူးများကိုယ်တိုင်အထိုင်ချခဲ့ဖူး​သောတပ်မဌာနချုပ်အဖြစ်အထိုင်ချခဲ့ဖူး​​သောစခန်းဖြစ်​ကြောင်း စစ်​ရေးသတင်းရင်းမြစ်တစ်ဦးကရှင်းပြသည်။

ယ​နေ့နံနက် ၅ နာရီ​ကျော်ကစ၍ တိုက်ပွဲဖြစ်ပွားပြီး တိုက်ပွဲချိန်သုံးနာရီခန့်အကြာတွင် KIA ကစခန်းသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။စခန်းသိမ်းတိုက်ပွဲမှ စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှုနှင့် လက်နက်ခဲယမ်းများသိမ်းပိုက်ရရှိမှုအ​ခြေအ​နေကိုမူ မသိရ​သေး​​ပေ။

ကချင်​ဒေသတွင်းသတင်းဌာနဖြစ်​သောKachin News group က ကန်​တောင်ယန်ကိုသိမ်းပိုက်ပြီး​နောက် မလိယန်ရှိတစစ်တပ်စခန်းကိုပါ KIA အမှတ် ၁ အထူးတပ်များနှင့် မဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်နေ​ကြောင်း​ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီတပ်က KIA ဌာနချုပ်အနီးရှိ မုန်လိုင်ခက်စစ်​ရှောင်စခန်းကို ​အောက်တိုဘာ ၉ ရက်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး​နောက် KIA က ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်​မြောက်ပိုင်းရှိ ​အောင်ဂျာစခန်းကုန်းအပါအဝင် စစ်တပ် စခန်း များကိုဆက်တိုက် သိမ်းပိုက်​​နေသည်။ ကန်​တောင်ယန်စခန်းမှာ နှစ်ပါတ်အတွင်း KIA သိမ်းပိုက်ခဲ့​သော ၆ ခု​မြောင်စစ်တပ်စခန်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား ဒီကနေ့ အောက်တိုဘာ ၇ရက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အောက်တိုဘာ ၄၊ ၂၀၂၆။ ထားမြတ်/People’s Spring ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်လက်နက်ခဲယမ်းနဲ့ အင်အားဖြည့်တင်းဖို့လာတဲ့ စစ်တပ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နစ်မြုပ်သင်္ဘောအချို့မှာ ပါတဲ့ ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ကြီးတွေကို ဆယ်ယူနိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ရုပ်သံမှတ်တမ်းပြသ အသိပေးပါတယ်။ စစ်သင်္ဘောတွေဟာ စက်တင်ဘာလဆန်းမှာ ရွှေကူကနေ...

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ကချင်ပြည်နယ် ချီဖွေမြို့နယ်၊ပန်ဝါဒေသကတရုတ်ကုမ္ပဏီပိုင် ယမ်းဂိုဒေါင်ပေါက်ကွဲမှုဖြစ်ပြီး ၇ ဦးသေဆုံးကာ ၁၁ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ရှမ်းနဲ့ ကချင်ကြားအငြင်းပွားမှုပိုတိုးစေဖို့ စစ်တပ်ကပြဿနာတွေ ဖန်တီး​နေ

Facebook