Connect with us

Hi, what are you looking for?

သတင်း

KIAက ကန်​တောင်ယန်စခန်းကို သိမ်းပိုက်

ကချင်​ဒေသတွင်းသတင်းဌာနဖြစ်​သောKachin News group က ကန်​တောင်ယန်ကိုသိမ်းပိုက်ပြီး​နောက် မလိယန်ရှိတစစ်တပ်စခန်းကိုပါ KIA အမှတ် ၁ အထူးတပ်များနှင့် မဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်နေ​ကြောင်း​ဖော်ပြသည်။

(KIA နှင့် မဟာမိတ်တပ်ဖွဲ့များက ​စစ်​ကောင်စီတပ်၏အောင်ဂျာစခန်းကိုတိုက်ခိုက်သိမ်းပိုက်ပြီး​နောက် ဒုဗိုလ်ချုပ်ကြီးဂွန်​မော်က ​အောင်ဂျာစခန်းကိုသွား​​ရောက်ကြည့်ရှု့စဥ်။ ဓါတ်ပုံ-KIA)
(KIA နှင့် မဟာမိတ်တပ်ဖွဲ့များက ​စစ်​ကောင်စီတပ်၏အောင်ဂျာစခန်းကိုတိုက်ခိုက်သိမ်းပိုက်ပြီး​နောက် ဒုဗိုလ်ချုပ်ကြီးဂွန်​မော်က ​အောင်ဂျာစခန်းကိုသွား​​ရောက်ကြည့်ရှု့စဥ်။ ဓါတ်ပုံ-KIA)

ကချင်ပြည်နယ်ရှိ စစ်​ကောင်စီတပ်၏ ကန်​တောင်ယန်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ယနေ့မနက်တွင်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်​ကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

ကန်​တောင်ယန်စခန်းသည်မြစ်ကြီးနား- ဗန်​မော်လမ်း​ပေါ်တွင်ရှိပြီး စစ်​ကောင်စီ၏ ​ထောက်ပို့လမ်း​ကြောင်းအတွက် အ​ရေးပါသည့်စစ်စခန်းကြီးဖြစ်​ကြောင်းသိရသည်။ယခင်က ဗျူဟာအဆင့် ထိုင်​သောစခန်းဖြစ်ပြီး ၊၂၀၁၂ ၊၂၀၁၃ ခါရာတိုက်ပွဲဖြစ်ပွားစဥ်က တပ်မမှူးများကိုယ်တိုင်အထိုင်ချခဲ့ဖူး​သောတပ်မဌာနချုပ်အဖြစ်အထိုင်ချခဲ့ဖူး​​သောစခန်းဖြစ်​ကြောင်း စစ်​ရေးသတင်းရင်းမြစ်တစ်ဦးကရှင်းပြသည်။

ယ​နေ့နံနက် ၅ နာရီ​ကျော်ကစ၍ တိုက်ပွဲဖြစ်ပွားပြီး တိုက်ပွဲချိန်သုံးနာရီခန့်အကြာတွင် KIA ကစခန်းသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။စခန်းသိမ်းတိုက်ပွဲမှ စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှုနှင့် လက်နက်ခဲယမ်းများသိမ်းပိုက်ရရှိမှုအ​ခြေအ​နေကိုမူ မသိရ​သေး​​ပေ။

ကချင်​ဒေသတွင်းသတင်းဌာနဖြစ်​သောKachin News group က ကန်​တောင်ယန်ကိုသိမ်းပိုက်ပြီး​နောက် မလိယန်ရှိတစစ်တပ်စခန်းကိုပါ KIA အမှတ် ၁ အထူးတပ်များနှင့် မဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်နေ​ကြောင်း​ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီတပ်က KIA ဌာနချုပ်အနီးရှိ မုန်လိုင်ခက်စစ်​ရှောင်စခန်းကို ​အောက်တိုဘာ ၉ ရက်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး​နောက် KIA က ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်​မြောက်ပိုင်းရှိ ​အောင်ဂျာစခန်းကုန်းအပါအဝင် စစ်တပ် စခန်း များကိုဆက်တိုက် သိမ်းပိုက်​​နေသည်။ ကန်​တောင်ယန်စခန်းမှာ နှစ်ပါတ်အတွင်း KIA သိမ်းပိုက်ခဲ့​သော ၆ ခု​မြောင်စစ်တပ်စခန်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်တွေမှာ အာဏာသိမ်းစစ်တပ်က စစ်ရေးလှုပ်ရှားမှုတွေ ပိုပြုလုပ်လာလို့ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား ဒီကနေ့ အောက်တိုဘာ ၇ရက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အောက်တိုဘာ ၄၊ ၂၀၂၆။ ထားမြတ်/People’s Spring ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်လက်နက်ခဲယမ်းနဲ့ အင်အားဖြည့်တင်းဖို့လာတဲ့ စစ်တပ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နစ်မြုပ်သင်္ဘောအချို့မှာ ပါတဲ့ ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ကြီးတွေကို ဆယ်ယူနိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ရုပ်သံမှတ်တမ်းပြသ အသိပေးပါတယ်။ စစ်သင်္ဘောတွေဟာ စက်တင်ဘာလဆန်းမှာ ရွှေကူကနေ...

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ကချင်ပြည်နယ် ချီဖွေမြို့နယ်၊ပန်ဝါဒေသကတရုတ်ကုမ္ပဏီပိုင် ယမ်းဂိုဒေါင်ပေါက်ကွဲမှုဖြစ်ပြီး ၇ ဦးသေဆုံးကာ ၁၁ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။