Connect with us

Hi, what are you looking for?

သတင်း

မြစ်ကြီးနား- ဝိုင်းမော်လမ်းရှိ ကန်ဒေါင်ယန်စစ်တပ်စခန်းကို KIA စခန်းသိမ်းတိုက်ခိုက်

KIA အနေဖြင့် ယမန်နေ့ကလည်း ရှမ်းမြောက် နမ္မတူမြို့နယ် ရှိ စစ်ကောင်စီ၏ အထိုင်စခန်းတစ်ခုကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ စစ်ကောင်စီတပ် အထိနာခဲ့ပြီး လက်နက်ခဲယမ်းများစွာ ရရှိထားသည်ဟု ကချင်သတင်းရင်းမြစ် အချိုက အသိပေးထားသည်။

(​ရှေ့တန်းတစ်​နေရာမှ KIA တပ်ဖွဲ့ဝင်တစ်ဦး)
(​ရှေ့တန်းတစ်​နေရာမှ KIA တပ်ဖွဲ့ဝင်တစ်ဦး)

▪︎ကန်ဒေါင်ယန်စခန်းတိုက်ပွဲဖြစ့်ပွားမှု ၁၀၂၇ စစ်ဆင်ရေးထုတ်ပြန်၊လိုင်ဇာဌာနချုပ်အနီး လက်နက်ကြီးတိုက်ခိုက်ခံရဟုအသိ​ပေး

ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဝိုင်းမော်လမ်းရှိ ကန်ဒေါင်ယန် စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့မနက်တွင်စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေကြောင်း ၁၀၂၇ စစ်ဆင်​ရေးနှင့် စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

၁၀၂၇ စစ်ဆင်ရေးဆင်နွှဲနေသည့် မြောက်ပိုင်း ညီနောင်သုံးဖွဲ့က ကန်ဒေါင်ယန်စခန်းတိုက်ပွဲအခြေအနေကို ယနေ့မနက်တွင် သတင်းထုတ်ပြန်ခဲ့ရာ မြစ်ကြီးနား- ဗန်းမော်ကားလမ်းမပေါ်ရှိ၊ ရန့်သူစခန်းတစ်ခုဖြစ်သော ကန်တောင်ယန် (ဂန်တောင်ယန်) စခန်းအနီးတွင် တိုက်ပွဲများပြင်းထန်လျက်ရှိသည်ဟု ​ဖော်ပြထားသည်။

ယ​နေ့နံနက် ၆နာရီခန့်ကစ၍ တိုက်ပွဲဖြစ်ပွားပြီး နံနက် ၇ နာရီခွဲ ဝန်းကျင်တွင် ​ပေါက်ကွဲသံ အကျယ်ကြီးကြားရ​အောင် ​ဒေသခံအချို့က​ပြောသည်။

စခန်းသိမ်းတိုက်ပွဲ အသေးစိတ် အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

Public Service Announcement

Public Service Announcement

ကန်ဒေါင်ယန်စခန်းသည် မြစ်ကြီးနား- ဝိုင်းမော်လမ်း နမ့်ဆန်ယန်နှင့် မလိယန် ကြား၌ တည်ရှိသည့် စစ်ကောင်စီတပ်စခန်းဖြစ်သည်။

“မလိသိမ်းပြီးပြီ။နမ့်ဆန်ယန်သိမ်းပြီးပြီဆိုတော့ မြစ်ကြီးနား ဝိုင်းမော်လမ်းထဲကတော့ကန်ဒေါင်ယန်ကျန်နေတာပေါ့။” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

ထို့အပြင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဌာနချုပ် လိုင်ဇာ ပတ်ဝန်းကျင်သို့လည်း စစ်ကောင်စီ၏ ခါယာစခန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်ဟု၁၀၂၇ စစ်ဆင်​ရေးကထုတ်ပြန်သည်။ အောက်တိုဘာ ၉ရက်က လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် ရက္ခိုင့်တပ်တော် (Arakan Army) AA တပ်စခန်းများရှိရာပတ်ဝန်းကျင်နှင့် မုန်လိုင်ခတ် ပတ်ဝန်းကျင်နေရာများသို့ လက်နက်ကြီးများ ထပ်မံ ကျရောက်ပေါက်ကွဲနေသည်ဟုလည်း အသိပေးထားသည်။

KIA အနေဖြင့် ယမန်နေ့ကလည်း ရှမ်းမြောက် နမ္မတူမြို့နယ် ရှိ စစ်ကောင်စီ၏ အထိုင်စခန်းတစ်ခုကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ စစ်ကောင်စီတပ် အထိနာခဲ့ပြီး လက်နက်ခဲယမ်းများစွာ ရရှိထားသည်ဟု ကချင်သတင်းရင်းမြစ် အချိုက အသိပေးထားသည်။

KIA ဦး​ဆောင်​သော ​​မဟာမိတ်အဖွဲ့များက ​အောက်တိုဘာ ၂၀.တွင် စစ်​ကောင်စီတပ်၏ အဓိကစခန်းတစ်ခု​ဖြစ်​သော ​အောင်ဂျာ စခန်းကုန်းကို သိမ်းပိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်းမှာ အခု ဇွန်လအတွင်း စစ်တပ်စခန်းသိမ်းတိုက်ပွဲတွေမှာ ရရှိတဲ့ လက်နက်၊ခဲယမ်းတွေကို ပါ၀င်တိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထံ ခွဲဝေပေးနေပြီလို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းတာတွေ လုပ်ရင် ထိရောက်စွာ အရေးယူမယ်လို့ ကချင်ပြည်နယ် ရွှေကူခရိုင် အခြေစိုက်လှုပ်ရှားနေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၁၁) တပ်ရင်း(၁၂) က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၃)နယ်မြေက စစ်တပ်စခန်းတခုကို တိုက်ခိုက်ခဲ့ရာ လက်နက် ၃လက်ရရှိခဲ့တယ်လို့ KNUက ထုတ်ပြန်ပါတယ်။

သတင်း

တိုက်ပွဲအတွင်း သေဆုံးသူတွေနဲ့ ထွက်ပြေးနေသူတွေရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူ ပြော