Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရှမ်းမြောက်အခြေအနေ တရုတ်နဲ့ဆွေးနွေးတယ်လို့ စစ်ကောင်စီသတင်းထုတ်

စစ်ကောင်စီ အားပေးထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်အချို့မှာ ညီနောင်သုံးဖွဲ့ရဲ့ ရှမ်းမြောက်က စစ်ဆင်ရေးဟာ တရုတ်ရဲ့ ထောက်ပံ့မှုပါတယ်လို့ စွပ်စွဲထားကြပါတယ်။

ရှမ်းမြောက်အခြေအနေ တရုတ်နဲ့ဆွေးနွေးတယ်လို့ စစ်ကောင်စီသတင်းထုတ်
ရှမ်းမြောက်အခြေအနေ တရုတ်နဲ့ဆွေးနွေးတယ်လို့ စစ်ကောင်စီသတင်းထုတ်

ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေချိန်မှာပဲ တရုတ်နိုင်ငံတော် ကောင်စီဝင် ဝမ်ရှောက်ဟုန် ဟာ နေပြည်တော်ကိုရောက်ရှိလာပြီး စစ်ကောင်စီခေါင်းဆောင်နဲ့တွေ့ဆုံဆွေးနွေးတယ်လို့သိရပါတယ်။

တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးလည်းဖြစ်သူ ဝမ်ရှောက်ဟုန်နဲ့တွေ့ဆုံချိန်မှာ ရှမ်းမြောက်က တိုက်ပွဲတွေအကြောင်း ထည့်သွင်းဆွေးနွေးတယ်လို့ စစ်ကောင်စီဘက်ကဒီနေ့ မှာသတင်းထုတ်ပါတယ်။

အဲဒီတွေ့ဆုံပွဲမှုမှာ မြန်မာဟာ တရုတ်အတွက် စိတ်ချရတဲ့ နိုင်ငံဖြစ်ပြီး တရုတ်ဟာလည်း မြန်မာအတွက် ယုံကြည်ရတဲ့ နိုင်ငံဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ဝမ်ရှောက်ဟုန်ကို ပြောပါတယ်။

ဒါအပြင် ရှမ်းမြောက်ဒေသမှာရှိတဲ့ တပ်စခန်းတွေကို ညီနောင်သုံးဖွဲ့က တိုက်ခိုက်နေတဲ့ အခြေအနေတွေကိုလည်း အာဏာသိမ်း စစ်ခေါင်းဆောင်က တရုတ်နိုင်ငံတော်ကောင်စီဝင်ကို အသိပေးခဲ့တာကို စစ်ကောင်စီသတင်းမှာ တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

တိုင်းရင်းသားနယ်မြေတွေထဲ လက်နက်ခဲယမ်း ထုတ်လုပ်နေမှု ၊ လက်နက်တွေ စီးဆင်းဝင်မှုဟာ နယ်စပ်တည်ငြိမ်ရေးကို ထိခိုက်စေတယ်လို့လည်း စစ်ခေါင်းဆောင်က တရုတ်ဘက်ကို အသိပေးပါသေးတယ်။

နယ်စပ်က အွန်လိုင်းလောင်းကစားငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းနိုင်ဖို့ တရုတ်နဲ့ ဆွေးနွေးခဲ့တယ်လို့ လည်း စစ်ကောင်စီသတင်းက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက တရုတ်သတင်းဌာန Phoenix News Media နဲ့ ပြုလုပ်တဲ့ အင်တာဗျုးမှာ အွန်လိုင်းငွေကြေး လိမ်လည်မှုကို အရေးယူဖို့ ဝ နဲ့ မိုင်းလားထဲကို ဝင်ရောက်နိုင်ဖို့လိုပြီး တရုတ်ရဲ့ဖိအားပေးမှုလိုအပ်တယ်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူက ပြောထားတာတွေ့ရပါတယ်။

ရန်ကုန်မြို့မှာရှိတဲ့ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ တရုတ် နိုင်ငံတော် ကောင်စီဝင်နဲ့ စစ်ခေါင်းဆောင်တို့ တွေ့ဆုံမှုမှာ ခေတ်သစ်ပိုးလမ်းမစီမံကိန်း (BRI ) စီမံကိန်းတွေ ကို အရှိန်မြှင့်ဖို့ ၊ အွန်လိုင်းလိမ်လည်မှုတွေကို အရေးယူဖို့ ၊အရေးကြီးတဲ့ စီမံကိန်းတွေရဲ့ လုံခြုံရေးကို ပူးပေါင်းဆောင်ရွက်ဖို့ တရုတ်ဘက်က ဆွေးနွေးတယ်လို့ ဖော်ပြထားပါတယ်။

တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ ရှမ်းမြောက်က တိုက်ပွဲတွေအကြောင်း ထည့်သွင်းဖော်ပြတာမတွေ့ရပါဘူး။

စစ်ကောင်စီ အားပေးထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်အချို့မှာ ညီနောင်သုံးဖွဲ့ရဲ့ ရှမ်းမြောက်က စစ်ဆင်ရေးဟာ တရုတ်ရဲ့ ထောက်ပံ့မှုပါတယ်လို့ စွပ်စွဲထားကြပါတယ်။

‘၁၀၂၇ စစ်ဆင်ရေး’ကို ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဆင်နွှဲနေတဲ့ ညီနောင်သုံးဖွဲ့အနေနဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဆက်တိုက်သိမ်းယူနေပြီး စစ်ကောင်စီတပ်ရဲ့ ခလရ (၁၄၃) တပ်ရင်းတစ်ခုလုံး ညီနောင်မဟာမိတ် သုံးဖွဲ့ထံလက်နက်ချအလင်းဝင်ခဲ့တယ်လို့ ဒီကနေ့ နိုဝင်ဘာ ၁ ရက်မနက်ပိုင်းမှာ MNDAA က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။