Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီအကြမ်းဖက်ဖိနှိပ်လေ ပြန်လည်အုံကြွတော်လှန်မှုများရင်ဆိုင်ရမည်ကို လက်ရှိ စစ်ရေး အခြေအနေက ဥပမာ ဖြစ်ဟု ABSDF ဥက္ကဋ္ဌ ပြော

စစ်အာဏာရှင်များက လေသံပစ်နေသည့် ရွေးကောက်ပွဲ၊ စစ်အာဏာရှင်က ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးစကားပြောပွဲများကို အယုံအကြည်မရှိဟုလည်း ၎င်းကဆိုသည်။

စစ်ကောင်စီအကြမ်းဖက်ဖိနှိပ်လေ ပြန်လည်အုံကြွတော်လှန်မှုများရင်ဆိုင်ရမည်ကို လက်ရှိ စစ်ရေး အခြေအနေက ဥပမာ ဖြစ်ဟု ABSDF ဥက္ကဋ္ဌ ပြော
စစ်ကောင်စီအကြမ်းဖက်ဖိနှိပ်လေ ပြန်လည်အုံကြွတော်လှန်မှုများရင်ဆိုင်ရမည်ကို လက်ရှိ စစ်ရေး အခြေအနေက ဥပမာ ဖြစ်ဟု ABSDF ဥက္ကဋ္ဌ ပြော

လက်ရှိခေတ်ကာလတွင် လက်နက်ကိုင် အနိုင်ကျင့်ပြီး အာဏာကို မတရားရယူထားသည့် စစ်အာဏာရှင်များသည် ပြည်တွင်းသာမက နိုင်ငံတကာ မျက်နှာစာ၌ပါ ဘက်ပေါင်းစုံ ဆင့်ကျင်မှုများနှင့် ရင်ဆိုင်နေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)- ကျောင်းသားတပ်မတော် ဥက္ကဋ္ဌ ရဲဘော်သံခဲက ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ၃၅ နှစ်ပြည့် အခမ်းအနားသို့ ဥက္ကဋ္ဌ ရဲဘော်သံခန်းက သဝဏ်လွှာပေးပို့ခဲ့ရာ အထက်ပါအတိုင်းပြောကြားသည်။

“အချိန် ၃နှစ်နီးပါး ကြာလာခဲ့ပေမယ့် ပြည်သူလူထုရဲ့ ဆန့်ကျင်တော်လှန်မှုတွေဟာ တစ်ရက်မှ ရပ်တန့်ခဲ့တာ မရှိဘူး။ အကြမ်းမဖက်လှုပ်ရှားမှုမှသည် ရရာလက်နက်စွဲကိုင်တော်လှန်တဲ့အထိ ပုံစံမျိုးစုံနဲ့ ဆက်လက်တိုက်ပွဲဝင်နေကြဆဲပဲ။ စစ်ကောင်စီက အကြမ်းဖက် ဖြိုခွဲဖိနှပ်လေ တိုင်း

ရင်းသား ပြည်သူတစ်ရပ်လုံးက ငြိမ်မသွားဘဲ ပိုကြီးများတဲ့ ပြန်လည်အုံကြွတော်လှန်မှုတွေနှင့်သာ စစ်အုပ်စုဟာ ရင်ဆိုင်နေရတယ်။ဒီကနေ့ မြင်နေရတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ဦးဆောင်ပြီး ရန်သူကို ထိထိရောက်ရောက် ပြန်လည်ချေမှုန်းနေတာဟာ လက်တွေ့ ဥပမာတွေပဲဖြစ်တယ်”ဟု ရဲဘော်သံခဲက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင်များက လေသံပစ်နေသည့် ရွေးကောက်ပွဲ၊ စစ်အာဏာရှင်က ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးစကားပြောပွဲများကို အယုံအကြည်မရှိဟုလည်း ၎င်းကဆိုသည်။

“စစ်အာဏာရှင် ဖိတ်ခေါ်တဲ့ငြိမ်းချမ်းရေးစကား ပြောပွဲဆိုတာ လူထုလိုလားတဲ့ နိုင်ငံရေး အဖြေထုတ်ဖို့ မဟုတ်ဘူး။ အဓိပ္ပါယ်ပြည့်၀တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ မဟုတ်လို့ လူထုကလည်း အယုံအကြည်မရှိဘူး။ဒီနေ့ကာလမှာ စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် တိုက်ပွဲဝင်မယ့် အင်အားစု အသစ်တွေ ပေါ်လာတာနဲ့အတူ မဟာမိတ်အဖွဲ့တွေအဖြစ် ညီညီညွတ်ညွတ် လက်တွဲ တိုက်ပွဲဝင်ရေးဟာ သမိုင်းရဲ့ တောင်းဆိုချက် ဖြစ်တယ်” ဟု ရဲဘော်သံခဲက ပြောသည်။

ABSDFသည် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး ၊ ပြည်တွင်း ငြိမ်းချမ်းရေး ၊ ဖက်ဒရယ်စနစ် ပေါ်ထွန်းရေးစသည့် နိုင်ငံရေး ဦးတည်ချက် ၄ရပ် အောက်၌ စစ်ရေး ၊ နိုင်ငံရေး ၊သံတမန်ရေး နည်းလမ်းများဖြင့် တိုက်ပွဲဝင်နေသည့်အဖွဲ့ဖြစ်ကြောင်း ပြောသည်။

“ မကဒတ ရဲ့ သမုင်းကို ကိုယ်စီ ကျရာနေရာကနေ ထုဆစ်ခဲ့ကြတယ်။ ထုဆစ်နေဆဲ လည်းဖြစ်တယ်။ ဒီသမိုင်းတန်ဖိုးကို လက်ရှိ တာဝန်ထမ်းဆောင်နေသူများ ရော တချိန်က ထမ်းဆောင်ခဲ့ကြသူများအားလုံးထိန်းသိမ်းဖို့အားလုံးမှာ တာဝန်ရှိသလို ညီညီညွတ်ညွတ် ဆက်လက် လက်တွဲထားဖို့လိုတယ်” ဟုလည်း ရဲဘော်သံခဲက ပြောသည်။

ABSDFသည် ကချင်၊ စစ်ကိုင်း၊ ကရင်နှင့် မွန်ဒေသများ၌ တော်လှန်ရေးအင်အားစုများဖြင့် ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံဟာ စစ်ရေးပဋိပက္ခနဲ့ ကူးစက်ရောဂါဆိုး တပြိုင်နက် ထိုးနှက်တဲ့ဒဏ်ကို ကြုံတွေ့နေရပြီလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောကြားခဲ့ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)မှာ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းထားပြီး အဲဒီ ကော်မတီမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့က စစ်ရေးခေါင်းဆောင် ၂ဦးစီ စုစုပေါင်း ၁၀ဦး ပါဝင်တယ်လို့ SCEF အဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။