Connect with us

Hi, what are you looking for?

သတင်း

နတ်မောက်မြို့နယ်ရှိ စိုင်ကောင်းရဲစခန်း တိုက်ခိုက်ခံရ

ယနေ့(နိုဝင်ဘာ ၇)နေ့လယ် ၁ နာရီခွဲခန့်က နတ်မောက်မြို့နယ်ရှိ စိုင်ကောင်းရဲစခန်းအား OPRF – PLA ရဲဘော်များမှ ပြောက်ကျားစနစ်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ဖြစ်ပြီး ထိခိုက်သေဆုံးရှိနိုင်သည်ဟု ဆိုသည်။

(OPRF - PLA တပ်ဖွဲ့ဝင် တော်လှန်ရေးရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - OPRF - PLA)
(OPRF - PLA တပ်ဖွဲ့ဝင် တော်လှန်ရေးရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - OPRF - PLA)

မကွေးတိုင်း၊ နတ်မောက်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ စိုင်ကောင်းရဲစခန်းကို ပျောက်ကြားစနစ်ဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု OPRF – PLA မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယနေ့(နိုဝင်ဘာ ၇)နေ့လယ် ၁ နာရီခွဲခန့်က နတ်မောက်မြို့နယ်ရှိ စိုင်ကောင်းရဲစခန်းအား OPRF – PLA ရဲဘော်များမှ ပြောက်ကျားစနစ်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ဖြစ်ပြီး ထိခိုက်သေဆုံးရှိနိုင်သည်ဟု ဆိုသည်။

“ကျွန်တော်တို့က ပြောက်ကျားဝင်ပစ်တာဆိုတော့ အချိန်သိပ်မဆွဲတော့ အချိန်ကအလွန်မကြာပါဘူးဗျ။ စစပစ်ပစ်ချင်းပဲ ရန်သူက ပြန်ပစ်တာဆိုတော့ အပြန်အလှန်ပါပဲ။ ရန်သူက ကျွန်တော်တို့ ဆုတ်တဲ့အထိ ပစ်ခတ်နေတုန်းပဲ”ဟု အဖိနှိပ်ခံပြည်သူ့တော် လှန်ရေးအင်အားစု OPRF – PLA တာဝန်ခံ ရဲဘော်ကျော်ကြီးက People’s Spring သို့ ပြောသည်။

စိုင်ကောင်းရဲစခန်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု OPRF – PLA အနေဖြင့် ညီနောင်မဟာမိတ်သုံးဖွဲ့ အပါဝင် အရှေ့မြောက်စစ်ဒေသမှသည် နိုင်ငံတဝှမ်း တော်လှန်တပ်ဖွဲ့အသီးသီးမှ ညီညွတ် စုပေါင်းပြီး ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ကာ ရန်သူ့စခန်များအား ချေမှုန်းတိုက်ခိုက် သိမ်းပိုက်နေကြသည့် Operation 1027 အပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်းလည်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် “ပြည်သူ့အကျိုး ဆောင်ကြ” ၊ “ပြည်သူလူထုအတွက် တိုက်ပွဲဝင်ကြ”၊ “ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေး ဆုံးခန်းတိုင်အောင် ဆင်နွှဲကြ”ဟု OPRF – PLA က နှိုးဆော်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ အိမ်စီးကား ချောင်းဖြတ်ကူးစဉ် မျောပါလို့ ကားပေါ်လိုက်ပါလာတဲ့ ကိုယ်ပိုင်ကျောင်းတည်ထောင်သူ ကျောင်းဆရာတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့အရှေ့ခြမ်းက ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အယောင်ဆောင်ပြီး လူသတ် အဓမ္မကျင့်ခဲ့သူကို ဖမ်းဆီးရမိခဲ့ကြောင်း နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်က သမှုန်းကုန်းကြီးကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။