Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်ဆယ်ဇင်းတွင်စစ်ကောင်စီနှင့် SNAပူးပေါင်းတပ်စခန်း ၃ခုကို ယနေ့မနက်တွင် KIA/PDF သိမ်းပိုက်

နိုဝင်ဘာ ၉ရက် နံနက် ၂နာရီ ၄၀ခန့်မှစ၍ အဆိုပါ တပ်စခန်းများကိုတိုက်ခိုက်ခဲ့ရာ နံနက် ၇နာရီခွဲဝန်းကျင်တွင် စခန်းသုံးခုစလုံးသိမ်းပိုက်နိုင်ခဲ့သည်ဟုသိရသည်။

(KIA နှင့် KPDF တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-KIA)
(KIA နှင့် KPDF တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-KIA)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသရှိ စစ်ကောင်စီနှင့် ရှမ်းနီတပ်(SNA) ပူးပေါင်းတပ် စခန်း ၃ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်က ယနေ့မနက်တွင်တိုက်ခိုက်သိမ်းပိုက်လိုက်သည်ဟု ဆယ်ဇင်းဒေသခံအချို့နှင့် စစ်​ရေးသတင်းရင်းမြစ်များက ပြောသည်။

နိုဝင်ဘာ ၉ရက် နံနက် ၂နာရီ ၄၀ခန့်မှစ၍ အဆိုပါ တပ်စခန်းများကိုတိုက်ခိုက်ခဲ့ရာ နံနက် ၇နာရီခွဲဝန်းကျင်တွင် စခန်းသုံးခုစလုံးသိမ်းပိုက်နိုင်ခဲ့သည်ဟုသိရသည်။

“ဆယ်ဇင်း အောက်ဘက်က သံယောဇဉ်ကုန်းရယ် ၊အောက်ကုန်းရယ်၊ကြိုးတံတားရယ်ကို ဒီဘက် KIAနဲ့PDFက သိမ်း

ပိုက်လိုက်ပြီ။စခန်း ၃ခုပါ။ သူတို့ အတော်ကျမှာပါ။ စကစရယ် SNA ရယ်ပူးပေါင်းစခန်းတွေပါ။ အခုလိုသိမ်းလိုက်တော့ဝမ်းသာတယ်။ SNA ရော စစ်ကောင်စီရောက ပြည်သူကိုဒုက္ခပေးနေတာ” ဟု ဆယ်ဇင်းဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်ကလည်း “ ဒီမနက် ၂နာရီကနေ ၇နာရီခွဲအတွင်း ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသရှိ SNAနဲ့ စစ်ကောင်စီ ပူးပေါင်းတပ်စခန်းများဖြစ်တဲ့ ရွှေပြည်မြင့်/သံယောဇဉ်ကုန်း အပေါ်နဲ့အောက်၊ ပန်ရှီးကြိုးတံတားစခန်း အဲဒီ စခန်း ၃ခုကို KIA တပ်မဟာ(၉) လက်အောက် တပ်ရင်း (၂၆)နဲ့ ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။ SNAနဲ့ စကစ စစ်တပ် အကျအဆုံးများပြီးထွက်ပြေးသွားကြတယ်”ဟု ပြောသည်။

ယနေ့စခန်းသိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်များက ဟုမ္မလင်းဘက်ဆုတ်ခွာသွားသည်ဟု ကြားသိရကြောင်း ဒေသခံက ပြောသည်။

အဆိုပါဒေသတွင်စစ်ကောင်စီတပ်စခန်း အချို့ ကျန်နေသေးကြောင်းသိ့ရသည်။

ဆယ်ဇင်းဒေသ စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်မှု၊စစ်ကောင်စီတပ်သေဆုံးထိခိုက်နှင့် လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှု အခြေအနေအ​သေးစိပ်ကို People’s Spring ကဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဖားကန့်မှာ ဒီနေ့(ဧပြီလ၂၁ရက်)တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်စစ်ကြောင်းတပ်စွဲထားတဲ့နေရာကို KIAနဲ့ KPDF က ပစ်မှတ်တိကျ‌အောင် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ မင်းဇေသန့်ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်ရဲ့ ကာကင်း စခန်းအချို့သိမ်းရကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ မင်းဇေသန့် ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်စခန်း ၂ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဒီကနေ့ ဧပြီ ၁၈ရက်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က အတည်ပြုပါတယ်။

သတင်း

မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသားအချို့ကို ပြန်လည်လွှတ်ပေးခဲ့ရာမှာ အမှန်တကယ် လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဦးရေမှာ နည်းပါးနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

Facebook