Connect with us

Hi, what are you looking for?

သတင်း

ကော့ကရိတ်အခြေစိုက် စကခ (၁၂) ကိုဒရုန်းနဲ့ တိုက်ခိုက်

ပြီးခဲ့တဲ့ အင်္ဂါနေ့ကလည်း ကော့ကရိတ်မြို့ပေါ်က စစ်ကောင်စီတပ်စွဲရာ နေရာတွေကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာတွေရှိပါတယ်။

ကော့ကရိတ်အခြေစိုက် စကခ (၁၂) ကိုဒရုန်းနဲ့ တိုက်ခိုက်
ကော့ကရိတ်အခြေစိုက် စကခ (၁၂) ကိုဒရုန်းနဲ့ တိုက်ခိုက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာအခြေစိုက်တဲ့ စစ်ကောင်စီရဲ့ အမှတ်(၁၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ −၁၂ ) ကို ဒီနေ့မှာ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ ဒရုန်းတပ်ဖွဲ့တွေက စစ်ရေးသတင်းဖော်ပြပါတယ်။

စကခ (၁၂) ကို ဒီနေ့ မနက်၁၁ နာရီဝန်းကျင်မှာ ဒရုန်းနဲ့တိုက်ခိုက်တာလို့ ဆိုထားပါတယ်။

အဲဒီနောက် ကေ့ာကရိတ်မြို့နယ်ထဲက လှိုင်ဝ တံတားထိပ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကိုလည်း ဒရုန်းနဲ့တိုက်ခိုက်ခဲ့သေးတယ်လို့သိရပါတယ်။

အဲဒီတံတားဟာ ဘားအံ − ကော့ကရိတ် − မြဝတီလမ်းကြောင်းပေါ်မှာရှိတံတားဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီနေ့တိုက်ခိုက်မှုတွေကို ဒရုန်းတပ်ဖွဲ့ လေးဖွဲ့ ပူးပေါင်းလုပ်ဆောင်တာလို့ Kloud ဒရုန်းအဖွဲ့က ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့ကလည်း ကော့ကရိတ်မြို့ပေါ်က စစ်ကောင်စီတပ်စွဲရာ နေရာတွေကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာတွေရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ စစ်တပ်ထိန်းချုပ်မှု​အောက်ရှိ သာပေါင်းလေးရွာအလယ်တန်းကျောင်းကို စစ်တပ်ကဒရုန်းနဲ့ ဗုံးပြန်ကြဲလို့ ​ကျောင်းသားငယ်တွေအပါအဝင် ၈ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ မြန်နှုန်းအမြင့်ဆုံး ပျံသန်းနိုင်တဲ့ ဖောက်ခွဲရေး ဒရုန်းကို ယူကရိန်းရဲ့ မြေပြင်အခြေစိုက် အလိုအလျောက် စနစ်သုံး လေကြောင်းကာကွယ်ရေး စက်သေနတ်က ပထမဆုံးအကြိမ် ပစ်ချနိုင်ခဲ့ကြောင်း သိရပါတယ်။

သတင်း

က​လေး​တွေ​ဘောလုံးကန်​နေတဲ့ဆီပျံသွားတဲ့ဒရုန်းပျက်ကျပြီးတော်လှန်​ရေးတပ်သိမ်းယူ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

Facebook